Match Report Premier League

အာဆင်နယ် 0-0 မန်ချက်စတာယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

အရင်လို ဝမ်းတူးတော့ မဟုတ်ဘူးပေါ့
အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ တွေ့ဆုံခဲ့ကြတဲ့ ပြိုင်ဆိုင်မှုဟာ ပြင်းထန်ခဲ့ပြီး ဒီနှစ်ပိုင်းတွေမှာလည်း အရှိန်အဟုန်မြင့်ဆဲပေမယ့် အခြေအနေအရပ်ရပ်တွေမှာတော့ အပြောင်းအလဲရှိခဲ့ပါတယ်။ အရင်က ထိပ်ဆုံးနှစ်သင်းရဲ့ ယှဉ်ပြိုင်မှုဟာ သူတို့တွေရဲ့ မတည်ငြိမ်မှုတွေကြောင့် အမှတ်ပေးဇယားရဲ့ အလယ်က ဥရောပဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေလည်း ဖြစ်လာတတ်ပြီး ဒီရာသီ တွေ့ဆုံမှုကတော့ ယူနိုက်တက်ဘက်က ရပ်တည်မှုက အမြင့်ဆုံး (အဆင့် ၂)မှာလည်း ဖြစ်ခဲ့ပါတယ်။

ဆာကာ မပါလို့ အင်အားနည်းခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ညာတောင်ပံတိုက်စစ်က ထက်မြက်မှု မရှိဘဲ အရင်ထက် နီကိုလာ ပေပေက ခြေတက်လာခဲ့ပေမယ့် လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာလိုတော့ ထိရောက်မှု နည်းပါးခဲ့တာပါ။ စောင့်ကြည့်သူတွေကတော့ အာတီတာရဲ့ အာဆင်နယ်ဆိုတာဟာ ဆာကာနဲ့ တီယာနီပဲ ဖြစ်နေတယ်လို့ ဆိုနေကြချိန်မှာ ဒီနှစ်ယောက်စလုံး မပါဝင်နိုင်ခဲ့တဲ့ ပွဲကတော့ ဆားမပါတဲ့ ဟင်းလိုပဲ ဖြစ်ခဲ့ပါတယ်။

ချာချာလည်အောင် နတ်ဆိုး ပြုစားတာခံထားရတဲ့ အိုလီ
မန်ချက်စတာယူနိုက်တက်နည်းပြ ဖြစ်လာခဲ့ကတည်းက အိုလီ ဂန်နာ ဆိုးလ်ရှားတစ်ယောက် အာဆင်နယ်နဲ့တွေ့ရင် ရလဒ်ကောင်းဖို့ ရုန်းကန်ရလေ့ရှိပြီး အိမ်ကွင်းမှာတောင် နိုင်ပွဲမရဘဲ ခြေချော်လက်ချော်ဖြစ်တတ်တာက အစဉ်အလာဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း လူမစုံတဲ့ အာဆင်နယ်ကို အလဲထိုးပြီး အမှတ်ပေးဇယားထိပ်ကို ဆက်လက်ထိန်းသိမ်းရမယ့်အစား အဖြေမရှာနိုင်ဘဲ ချာချာလည်နေခဲ့အောင် သရဲနီရဲ့ ပြိုင်ဘက် အသင်းက ပြုစားခဲ့တယ်ဆိုရင် အမြောက်စောင့်နတ်ဆိုးတွေရဲ့ လက်ချက်လို့ပဲ နာမည်တပ်ရတော့မှာပါ။

အဆုံးသတ်ပိုင်းကလွဲလို့ ပိုကောင်းလာတဲ့ ပေပေ
အာဆင်နယ်တောင်ပံတိုက်စစ်မှူး နီကိုလာ ပေပေတစ်ယောက်ကတော့ သူ့ရဲ့ မာနကို ထိခိုက်ခံရလို့ တုံ့ပြန်နေပြီလားလို့ စဉ်းစားစရာဖြစ်ပြီး ဆောက်သမ်တန်နဲ့ ပွဲမှာ ချေပဂိုးသွင်းခဲ့သလို ဒီနေ့ပွဲမှာလည်း ဂိုးမရပေမယ့် ညာခြမ်းတစ်လျှောက်မှာ တိုက်စစ်ရော ခံစစ်ပါ မခိုမကတ်ဘဲ ကစားခဲ့တာပါ။ ဆာကာ မပါဝင်တဲ့ ပွဲမှာ သူ့မှာလည်း အရည်အချင်းရှိတယ်ဆိုတာ သက်သေပြဖို့ ကြိုးစားခဲ့ပြီး အဝေးတိုင်ကို ဝေဝိုက်ကန်တဲ့ အဆုံးသတ်မှုတွေကလွဲရင် အမှတ်ပေးဖို့တော့ သင့်တော်ခဲ့ပါတယ်။

ချန်ပီယံစိန်ခေါ်ဖို့လုပ်ရင်း ခြေချော်ပြီလား
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ရမှတ် ၁၂ မှတ်ထဲက ၅ မှတ်သာ စုဆောင်းနိုင်ခဲ့ချိန်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကတော့ ၈ ပွဲဆက်တိုက် နိုင်ပွဲရယူပြီး ဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ အသင်းလတ်၊ အသင်းငယ်တွေနဲ့ပဲ တွေ့ဆုံမှာဖြစ်တဲ့ ယူနိုက်တက်တို့ တစ်ဖက်အသင်းကို လျှော့တွက်ရင်တော့ ရှက်ဖီးလ်ဒ်နဲ့ပွဲကလို ခံစားသွားရဦးမှာ ဖြစ်ပြီး ခြေချော်ဖို့ အစပြုချင်နေတဲ့ အနေအထားကို အမြန်ဆုံး တည့်မတ်နိုင်ဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

ခိုင်မာတဲ့ အာဆင်နယ်ခံစစ်
ဒီနေ့ပွဲမှာလည်း အာဆင်နယ်တို့ အိမ်ကွင်းမှာ ကစားပြီး Clean Sheet ရယူသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်ကို နှစ်ဂိုးသာ ပေးထားရပြီး ပုံစံကောင်းနဲ့ ကျစ်လျစ်မှုကို ရရှိနေသလို ဒီနေ့ပွဲမှာလည်း ကာဗာနီနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ထိန်းချုပ် ကာကွယ်သွားနိုင်ခဲ့ကြပြီး ဗဟိုခံစစ်မှူးနှစ်ဦးနဲ့ ဂိုးသမား လီနိုတို့ရဲ့ တည်ငြိမ်မှုတွေက အဓိကကျခဲ့သလို ဒေးဗစ် လူးဝစ်ဇ်က အကောင်းဆုံးကစားသမား ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့တာပါ။

အသင်းရဲ့ စံချိန်တင်မှတ်တမ်းကို ရယူခဲ့တဲ့ ယူနိုက်တက်
ပြီးခဲ့တဲ့ ပွဲက အိမ်ကွင်းမှာ ရှုံးပေမယ့်လည်း … ဒီနေ့ပွဲမှာ သရေကျပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့အတွက် ကလပ်အသင်းစံချိန်တင် မှတ်တမ်းကိုတော့ အသစ်တင်ရှိ ရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး ၁၈ ပွဲမှာ လုံးဝ ရှုံးပွဲမရှိခဲ့ဘဲ ၁၃ ပွဲနိုင်၊ ၅ ပွဲသရေနဲ့ ဒီမှတ်တမ်းကို ရယူနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ တစ်ရာသီလုံး အဝေးကွင်း ရှုံးပွဲမရှိတဲ့ ၂၀၀၁-၀၂ နဲ့ ၂၀၀၃-၀၄ ရာသီတွေက မှတ်တမ်းနဲ့ ၂၇ ပွဲဆက်တိုက် မှတ်တမ်းတွေကိုတော့ လိုက်မီနိုင်မလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အရင္လို ဝမ္းတူးေတာ့ မဟုတ္ဘူးေပါ့
အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ေတြ႕ဆုံခဲ့ၾကတဲ့ ၿပိဳင္ဆိုင္မႈဟာ ျပင္းထန္ခဲ့ၿပီး ဒီႏွစ္ပိုင္းေတြမွာလည္း အရွိန္အဟုန္ျမင့္ဆဲေပမယ့္ အေျခအေနအရပ္ရပ္ေတြမွာေတာ့ အေျပာင္းအလဲရွိခဲ့ပါတယ္။ အရင္က ထိပ္ဆုံးႏွစ္သင္းရဲ႕ ယွဥ္ၿပိဳင္မႈဟာ သူတို႔ေတြရဲ႕ မတည္ၿငိမ္မႈေတြေၾကာင့္ အမွတ္ေပးဇယားရဲ႕ အလယ္က ဥေရာပဝင္ခြင့္အတြက္ ၿပိဳင္ဆိုင္မႈေတြလည္း ျဖစ္လာတတ္ၿပီး ဒီရာသီ ေတြ႕ဆုံမႈကေတာ့ ယူႏိုက္တက္ဘက္က ရပ္တည္မႈက အျမင့္ဆုံး (အဆင့္ ၂)မွာလည္း ျဖစ္ခဲ့ပါတယ္။

ဆာကာ မပါလို႔ အင္အားနည္းခဲ့တဲ့ အာဆင္နယ္
အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ညာေတာင္ပံတိုက္စစ္က ထက္ျမက္မႈ မရွိဘဲ အရင္ထက္ နီကိုလာ ေပေပက ေျခတက္လာခဲ့ေပမယ့္ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာလိုေတာ့ ထိေရာက္မႈ နည္းပါးခဲ့တာပါ။ ေစာင့္ၾကည့္သူေတြကေတာ့ အာတီတာရဲ႕ အာဆင္နယ္ဆိုတာဟာ ဆာကာနဲ႔ တီယာနီပဲ ျဖစ္ေနတယ္လို႔ ဆိုေနၾကခ်ိန္မွာ ဒီႏွစ္ေယာက္စလုံး မပါဝင္ႏိုင္ခဲ့တဲ့ ပြဲကေတာ့ ဆားမပါတဲ့ ဟင္းလိုပဲ ျဖစ္ခဲ့ပါတယ္။

ခ်ာခ်ာလည္ေအာင္ နတ္ဆိုး ျပဳစားတာခံထားရတဲ့ အိုလီ
မန္ခ်က္စတာယူႏိုက္တက္နည္းျပ ျဖစ္လာခဲ့ကတည္းက အိုလီ ဂန္နာ ဆိုးလ္ရွားတစ္ေယာက္ အာဆင္နယ္နဲ႔ေတြ႕ရင္ ရလဒ္ေကာင္းဖို႔ ႐ုန္းကန္ရေလ့ရွိၿပီး အိမ္ကြင္းမွာေတာင္ ႏိုင္ပြဲမရဘဲ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္တတ္တာက အစဥ္အလာျဖစ္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာလည္း လူမစုံတဲ့ အာဆင္နယ္ကို အလဲထိုးၿပီး အမွတ္ေပးဇယားထိပ္ကို ဆက္လက္ထိန္းသိမ္းရမယ့္အစား အေျဖမရွာႏိုင္ဘဲ ခ်ာခ်ာလည္ေနခဲ့ေအာင္ သရဲနီရဲ႕ ၿပိဳင္ဘက္ အသင္းက ျပဳစားခဲ့တယ္ဆိုရင္ အေျမာက္ေစာင့္နတ္ဆိုးေတြရဲ႕ လက္ခ်က္လို႔ပဲ နာမည္တပ္ရေတာ့မွာပါ။

အဆုံးသတ္ပိုင္းကလြဲလို႔ ပိုေကာင္းလာတဲ့ ေပေပ
အာဆင္နယ္ေတာင္ပံတိုက္စစ္မႉး နီကိုလာ ေပေပတစ္ေယာက္ကေတာ့ သူ႔ရဲ႕ မာနကို ထိခိုက္ခံရလို႔ တုံ႔ျပန္ေနၿပီလားလို႔ စဥ္းစားစရာျဖစ္ၿပီး ေဆာက္သမ္တန္နဲ႔ ပြဲမွာ ေခ်ပဂိုးသြင္းခဲ့သလို ဒီေန႔ပြဲမွာလည္း ဂိုးမရေပမယ့္ ညာျခမ္းတစ္ေလွ်ာက္မွာ တိုက္စစ္ေရာ ခံစစ္ပါ မခိုမကတ္ဘဲ ကစားခဲ့တာပါ။ ဆာကာ မပါဝင္တဲ့ ပြဲမွာ သူ႔မွာလည္း အရည္အခ်င္းရွိတယ္ဆိုတာ သက္ေသျပဖို႔ ႀကိဳးစားခဲ့ၿပီး အေဝးတိုင္ကို ေဝဝိုက္ကန္တဲ့ အဆုံးသတ္မႈေတြကလြဲရင္ အမွတ္ေပးဖို႔ေတာ့ သင့္ေတာ္ခဲ့ပါတယ္။

ခ်န္ပီယံစိန္ေခၚဖို႔လုပ္ရင္း ေျခေခ်ာ္ၿပီလား
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေနာက္ဆုံး ၄ ပြဲမွာ ႏိုင္ပြဲ ၁ ပြဲသာ ရခဲ့ၿပီး ရမွတ္ ၁၂ မွတ္ထဲက ၅ မွတ္သာ စုေဆာင္းႏိုင္ခဲ့ခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းကေတာ့ ၈ ပြဲဆက္တိုက္ ႏိုင္ပြဲရယူၿပီး ဇယားထိပ္ကို တက္လွမ္းလာႏိုင္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလထဲမွာေတာ့ အသင္းလတ္၊ အသင္းငယ္ေတြနဲ႔ပဲ ေတြ႕ဆုံမွာျဖစ္တဲ့ ယူႏိုက္တက္တို႔ တစ္ဖက္အသင္းကို ေလွ်ာ့တြက္ရင္ေတာ့ ရွက္ဖီးလ္ဒ္နဲ႔ပြဲကလို ခံစားသြားရဦးမွာ ျဖစ္ၿပီး ေျခေခ်ာ္ဖို႔ အစျပဳခ်င္ေနတဲ့ အေနအထားကို အျမန္ဆုံး တည့္မတ္ႏိုင္ဖို႔ လုပ္ေဆာင္ရေတာ့မွာျဖစ္ပါတယ္။

ခိုင္မာတဲ့ အာဆင္နယ္ခံစစ္
ဒီေန႔ပြဲမွာလည္း အာဆင္နယ္တို႔ အိမ္ကြင္းမွာ ကစားၿပီး Clean Sheet ရယူသြားႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၇ ပြဲမွာ ခ်ဲလ္ဆီးနဲ႔ ေဆာက္သမ္တန္ကို ႏွစ္ဂိုးသာ ေပးထားရၿပီး ပုံစံေကာင္းနဲ႔ က်စ္လ်စ္မႈကို ရရွိေနသလို ဒီေန႔ပြဲမွာလည္း ကာဗာနီနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ထိန္းခ်ဳပ္ ကာကြယ္သြားႏိုင္ခဲ့ၾကၿပီး ဗဟိုခံစစ္မႉးႏွစ္ဦးနဲ႔ ဂိုးသမား လီႏိုတို႔ရဲ႕ တည္ၿငိမ္မႈေတြက အဓိကက်ခဲ့သလို ေဒးဗစ္ လူးဝစ္ဇ္က အေကာင္းဆုံးကစားသမား ဆုကိုပါ သိမ္းပိုက္ႏိုင္ခဲ့တာပါ။

အသင္းရဲ႕ စံခ်ိန္တင္မွတ္တမ္းကို ရယူခဲ့တဲ့ ယူႏိုက္တက္
ၿပီးခဲ့တဲ့ ပြဲက အိမ္ကြင္းမွာ ရႈံးေပမယ့္လည္း … ဒီေန႔ပြဲမွာ သေရက်ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔အတြက္ ကလပ္အသင္းစံခ်ိန္တင္ မွတ္တမ္းကိုေတာ့ အသစ္တင္ရွိ ရယူႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္အေဝးကြင္းေနာက္ဆုံး ၁၈ ပြဲမွာ လုံးဝ ရႈံးပြဲမရွိခဲ့ဘဲ ၁၃ ပြဲႏိုင္၊ ၅ ပြဲသေရနဲ႔ ဒီမွတ္တမ္းကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ တစ္ရာသီလုံး အေဝးကြင္း ရႈံးပြဲမရွိတဲ့ ၂၀၀၁-၀၂ နဲ႔ ၂၀၀၃-၀၄ ရာသီေတြက မွတ္တမ္းနဲ႔ ၂၇ ပြဲဆက္တိုက္ မွတ္တမ္းေတြကိုေတာ့ လိုက္မီႏိုင္မလား ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.