Match Report Premier League

နိုင်ပွဲကို မထိန်းသိမ်းနိုင်ဘဲ ဗီလာကွင်းမှာ သရေပြန်ပေးခဲ့ရတဲ့ ရန်းနစ်ခ်နဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ပေါင်ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ရော်နယ်လ်ဒိုကို ဗီလာပါ့ခ်ဆီ ခေါ်ဆောင်လာခြင်းမရှိချိန်မှာ ကပ္ပတိန် မက်ဂွိုင်းယားလည်း မပါခဲ့ဘဲ ခံစစ်မှာ ဗာရွန်းနဲ့ လင်ဒီလော့ဖ်တို့ကို ဒါလော့၊ အဲလက်စ် တဲလက်စ်တို့နဲ့ တွဲပေးခဲ့သလို ကွင်းလယ်မှာတော့ မာတစ်ချ်နဲ့ ဖရက်ဒ်တို့ကို ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲသုံးခဲ့ပြီး တိုက်စစ်မှာတော့ ဂရင်းဝုဒ်၊ အီလန်ဂါနဲ့ ကာဗာနီတို့ ၄-၂-၃-၁ ပုံစံနဲ့ ကစားခဲ့ကြပါတယ်။

ဗီလာကတော့ ၄-၃-၁-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ ကတ်ရှ်၊ မင်းစ်၊ ကွန်ဆာတို့နဲ့အတူ ကစားသမားသစ် ဒီညီကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဆန်ဆွန်၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ရမ်ဆေးတို့ တွဲကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဒန်နီ အင်းစ်နဲ့ ဝပ်ကင်းစ်တို့ကို တင်ပြီး နောက်က ဘွင်ဒီယာက လိုက်ပါပံ့ပိုးပေးခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာ ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို အဲလက်စ် တဲလက်စ်က တို့ပေးခဲ့တာကို ဘရူနို ဖာနန်ဒက်စ်က နေရာလွတ်ရသလောက် ဆွဲပြေးပြီးမှ ကန်သွင်းခဲ့ရာမှာ ဂိုးသမား မာတီနက်ဇ် လက်ကြားထဲက လွတ်ကျပြီး ပေါင်ကြားထဲကနေ ဂိုးထဲ ဝင်သွားခဲ့လို့ အိမ်ရှင်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒီဂိုးအတွက် ကာဗာနီက လူကျွံအနေအထားနဲ့ သူ့ကို မြင်ကွင်းပိတ်ထားတယ်လို့ ဗီလာဂိုးသမား မာတီနက်ဇ်က စောဒကတက်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဥရုဂွေးတိုက်စစ်မှူးက လူမကျွံဘဲ သူ့နောက်မှာ နောက်ခံလူ တိုင်ရုန်းမင်းစ်တစ်ယောက်လုံး ကျန်နေသေးတာကြောင့် ဂိုးအဖြစ် အတည်ပြုသွားခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ဖရက်ဒ် တင်ပေးတဲ့ ဘောလုံးကို အီလန်ဂါ အနီးကပ်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာတော့ ဒီညီနဲ့ ကာဗာနီတို့ လုံးထွေးပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂရင်းဝုဒ် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား မာတီနက်ဇ် အထွက်စောခဲ့လို့ ပိတ်ဆို့ခံခဲ့ရပြီး ဧည့်သည်တွေ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၂၈ မိနစ်မှာ အဲလက်စ် တဲလက်စ်ရဲ့ ဖရီးကစ်ကို မာတီနက်ဇ် ပုတ်ထုတ်ခဲ့ရသလို ဒီက ထွက်လာတဲ့ ဘောလုံးကို ဂရင်းဝုဒ် ကန်သွင်းတာကလည်း တိုင်ဘေးက ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ နောက်ထပ် ဂိုးရခွင့်နဲ့ ဝေးနေခဲ့ရသလို အိမ်ရှင်ဗီလာတို့အပေါ်မှာတော့ ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာမှ တန်ပြန်တိုက်စစ်ကနေ ဝပ်ကင်းစ်က ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ ဂရင်းဝုဒ်ရဲ့ ထောင့်ကျဉ်းကန်ချက်ကို မာတီနက်ဇ် ပုတ်ထုတ်နိုင်ခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာတော့ ဒီညီရဲ့ ထောင့်ကန်ဘောကနေ ဘွင်ဒီယာ အနီးကပ်ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဒဟေးယားက အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် ၄၃ မိနစ်မှာလည်း ဒီညီရဲ့ ပိတ်သွင်းမှုကို ထောင့်ပိတ်ပြီး ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာ ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဒဏ်ရာရသွားတဲ့ ကွန်ဆာအစား ဟော့စ် ဝင်ကစားခဲ့သလို ဗီလာတို့ ချေပဂိုးရဖို့အတွက် ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိကစားဖို့ ကြိုးပမ်းလာခဲ့ကြပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကာဗာနီ ချပေးတာကို အီလန်ဂါ ကန်သွင်းခဲ့ပေမယ့် ဂိုးသမား မာတီနက်ဇ် ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၄၉ မိနစ်မှာတော့ ဗီလာတို့ ဘယ်ခြမ်းတွဲလုံးကနေ ရမ်ဆေး ချိုးဝင်ပြီး ကန်သွင်းခဲ့ပေမယ့် ဒဟေးယား ဒိုက်ပစ်ကာကွယ်ခဲ့ရသလို ပွဲချိန် ၅၅ မိနစ်မှာလည်း ဘယ်ခြမ်းကနေ ဒီညီ ချိုးပေးတာကို ဘွင်ဒီယာ အလွတ်ကန်ခွင့်ရခဲ့ပေမယ့် အားနည်းတဲ့ ဘယ်ခြေနဲ့ဖြစ်နေခဲ့တာကြောင့် ဒဟေးယားပဲ သက်တောင့်သက်သာ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂရင်းဝုဒ်နဲ့ အီလန်ဂါတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့နောက်မှာ ဒီနေ့ပွဲရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ပွဲချိန် ၆၇ မိနစ်မှာ ဒုတိယအနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီး လူပေးမှားတဲ့ ဗီလာကွင်းလယ်လူ ဆန်ဆွန်ကြောင့် ဖရက်ဒ် ပြန်ရသွားပြီး ချပေးတာကို ပေါ်တူဂီသားက အပြင်းကန်သွင်းပြီး ဘားထိဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ အသင်းရဲ့ အခြေမလှတဲ့ အရေးကို ဖာထေးကို နည်းပြ ဂျရတ်က ကော်တင်ညိုကို ကွင်းလယ်မှာ မက်ဂင်းနေရာ ဝင်ကစားပြီး စဆရကလုပ်နေတဲ့ ဆန်ဆွန်အစား လူစားထည့်ခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ဒန်နီအင်းစ်အစား ချူကွယ်မီကာကို ပြောင်းလဲခဲ့သလို ဗီလာတို့ တိုက်စစ်က ပိုပြီး ဖိအားပေးလာနိုင်ခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဗီလာတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ကော်တင်ညိုက ချူကွယ်မီကာနဲ့ ဝမ်းတူးရိုက်ပြီး ချပေးခဲ့တာကို ဘေးမှာ အဆင်သင့်ရှိနေတဲ့ ရမ်ဆေးက ဂိုးသမား ဒဟေးယားနဲ့အတွေ့မှာ အနီးကပ် ကန်သွင်းနိုင်ခဲ့လို အိမ်ရှင်တွေ ဗီလာပါ့ခ်မှာ စိတ်ဓာတ် တက်ကြွလာခဲ့ကြပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဒုတိယချေပဂိုးကို ဗီလာတို့ ထပ်မံရယူနိုင်ခဲ့ပြီး ဒီဂိုးတစ်ကိုတော့ ဘယ်ခြမ်းကနေ ဘွင်ဒီယာ ခင်းပေးခဲ့တာကို ရမ်ဆေးက ဘယ်ခြေနဲ့ အနိမ့်ဘော ဖြတ်ချိုးပေးခဲ့တာကို လူစားဝင်လာခဲ့တဲ့ ကော်တင်ညိုက ဂိုးသမား ဒဟေးယားနဲ့အတွေ့မှာ အနီးကပ် ပိတ်သွင်းပြီး နှစ်ဂိုးစီသရေကျနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့အစား ဗန်ဒဘိခ်နဲ့ လင်ဂတ်တို့ ဝင်ကစားခဲ့ကြပေမယ့် နောက်ထပ်ဂိုးတွေကို ရှာဖွေနိုင်ခြင်း မရှိတော့တာကြောင့် ပွဲက နှစ်ဂိုးစီသရေနဲ့ပဲ ပြီးဆုံးခဲ့ရသလို မန်ချက်စတာယူနိုက်တက်တို့ အဆင့် ၇ မှာ ဆက်လက်ရပ်တည်ခဲ့ချိန်မှာ ဗီလာတို့ကတော့ အဆင့် ၁၃ မှာ ရှိနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ေပါင္ဒဏ္ရာရေနတဲ့ တိုက္စစ္မႉး ေရာ္နယ္လ္ဒိုကို ဗီလာပါ့ခ္ဆီ ေခၚေဆာင္လာျခင္းမရွိခ်ိန္မွာ ကပၸတိန္ မက္ဂြိဳင္းယားလည္း မပါခဲ့ဘဲ ခံစစ္မွာ ဗာ႐ြန္းနဲ႔ လင္ဒီေလာ့ဖ္တို႔ကို ဒါေလာ့၊ အဲလက္စ္ တဲလက္စ္တို႔နဲ႔ တြဲေပးခဲ့သလို ကြင္းလယ္မွာေတာ့ မာတစ္ခ်္နဲ႔ ဖရက္ဒ္တို႔ကို ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ တြဲသုံးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂရင္းဝုဒ္၊ အီလန္ဂါနဲ႔ ကာဗာနီတို႔ ၄-၂-၃-၁ ပုံစံနဲ႔ ကစားခဲ့ၾကပါတယ္။

ဗီလာကေတာ့ ၄-၃-၁-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ခံစစ္မွာ ကတ္ရွ္၊ မင္းစ္၊ ကြန္ဆာတို႔နဲ႔အတူ ကစားသမားသစ္ ဒီညီကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဆန္ဆြန္၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ရမ္ေဆးတို႔ တြဲကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဒန္နီ အင္းစ္နဲ႔ ဝပ္ကင္းစ္တို႔ကို တင္ၿပီး ေနာက္က ဘြင္ဒီယာက လိုက္ပါပံ့ပိုးေပးခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာ ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္တို႔ အဖြင့္ဂိုးရရွိခဲ့ၿပီး ဘယ္ျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို အဲလက္စ္ တဲလက္စ္က တို႔ေပးခဲ့တာကို ဘ႐ူႏို ဖာနန္ဒက္စ္က ေနရာလြတ္ရသေလာက္ ဆြဲေျပးၿပီးမွ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မာတီနက္ဇ္ လက္ၾကားထဲက လြတ္က်ၿပီး ေပါင္ၾကားထဲကေန ဂိုးထဲ ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ဒီဂိုးအတြက္ ကာဗာနီက လူကြၽံအေနအထားနဲ႔ သူ႔ကို ျမင္ကြင္းပိတ္ထားတယ္လို႔ ဗီလာဂိုးသမား မာတီနက္ဇ္က ေစာဒကတက္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဥ႐ုေဂြးတိုက္စစ္မႉးက လူမကြၽံဘဲ သူ႔ေနာက္မွာ ေနာက္ခံလူ တိုင္႐ုန္းမင္းစ္တစ္ေယာက္လုံး က်န္ေနေသးတာေၾကာင့္ ဂိုးအျဖစ္ အတည္ျပဳသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ဖရက္ဒ္ တင္ေပးတဲ့ ေဘာလုံးကို အီလန္ဂါ အနီးကပ္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ဒီညီနဲ႔ ကာဗာနီတို႔ လုံးေထြးၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဂရင္းဝုဒ္ ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား မာတီနက္ဇ္ အထြက္ေစာခဲ့လို႔ ပိတ္ဆို႔ခံခဲ့ရၿပီး ဧည့္သည္ေတြ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာ အဲလက္စ္ တဲလက္စ္ရဲ႕ ဖရီးကစ္ကို မာတီနက္ဇ္ ပုတ္ထုတ္ခဲ့ရသလို ဒီက ထြက္လာတဲ့ ေဘာလုံးကို ဂရင္းဝုဒ္ ကန္သြင္းတာကလည္း တိုင္ေဘးက ထြက္သြားခဲ့လို႔ ယူႏိုက္တက္တို႔ ေနာက္ထပ္ ဂိုးရခြင့္နဲ႔ ေဝးေနခဲ့ရသလို အိမ္ရွင္ဗီလာတို႔အေပၚမွာေတာ့ ဖိကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၂ မိနစ္မွာမွ တန္ျပန္တိုက္စစ္ကေန ဝပ္ကင္းစ္က ၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ဂရင္းဝုဒ္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို မာတီနက္ဇ္ ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ဒီညီရဲ႕ ေထာင့္ကန္ေဘာကေန ဘြင္ဒီယာ အနီးကပ္ေခါင္းတိုက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ဒေဟးယားက အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၄၃ မိနစ္မွာလည္း ဒီညီရဲ႕ ပိတ္သြင္းမႈကို ေထာင့္ပိတ္ၿပီး ကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ယူႏိုက္တက္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဒဏ္ရာရသြားတဲ့ ကြန္ဆာအစား ေဟာ့စ္ ဝင္ကစားခဲ့သလို ဗီလာတို႔ ေခ်ပဂိုးရဖို႔အတြက္ ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ဖိကစားဖို႔ ႀကိဳးပမ္းလာခဲ့ၾကၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ကာဗာနီ ခ်ေပးတာကို အီလန္ဂါ ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား မာတီနက္ဇ္ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဗီလာတို႔ ဘယ္ျခမ္းတြဲလုံးကေန ရမ္ေဆး ခ်ိဳးဝင္ၿပီး ကန္သြင္းခဲ့ေပမယ့္ ဒေဟးယား ဒိုက္ပစ္ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၅၅ မိနစ္မွာလည္း ဘယ္ျခမ္းကေန ဒီညီ ခ်ိဳးေပးတာကို ဘြင္ဒီယာ အလြတ္ကန္ခြင့္ရခဲ့ေပမယ့္ အားနည္းတဲ့ ဘယ္ေျခနဲ႔ျဖစ္ေနခဲ့တာေၾကာင့္ ဒေဟးယားပဲ သက္ေတာင့္သက္သာ ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဂရင္းဝုဒ္နဲ႔ အီလန္ဂါတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ေနာက္မွာ ဒီေန႔ပြဲရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ပြဲခ်ိန္ ၆၇ မိနစ္မွာ ဒုတိယအႏိုင္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး လူေပးမွားတဲ့ ဗီလာကြင္းလယ္လူ ဆန္ဆြန္ေၾကာင့္ ဖရက္ဒ္ ျပန္ရသြားၿပီး ခ်ေပးတာကို ေပၚတူဂီသားက အျပင္းကန္သြင္းၿပီး ဘားထိဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ အသင္းရဲ႕ အေျခမလွတဲ့ အေရးကို ဖာေထးကို နည္းျပ ဂ်ရတ္က ေကာ္တင္ညိဳကို ကြင္းလယ္မွာ မက္ဂင္းေနရာ ဝင္ကစားၿပီး စဆရကလုပ္ေနတဲ့ ဆန္ဆြန္အစား လူစားထည့္ခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဒန္နီအင္းစ္အစား ခ်ဴကြယ္မီကာကို ေျပာင္းလဲခဲ့သလို ဗီလာတို႔ တိုက္စစ္က ပိုၿပီး ဖိအားေပးလာႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဗီလာတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေကာ္တင္ညိဳက ခ်ဴကြယ္မီကာနဲ႔ ဝမ္းတူး႐ိုက္ၿပီး ခ်ေပးခဲ့တာကို ေဘးမွာ အဆင္သင့္ရွိေနတဲ့ ရမ္ေဆးက ဂိုးသမား ဒေဟးယားနဲ႔အေတြ႕မွာ အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို အိမ္ရွင္ေတြ ဗီလာပါ့ခ္မွာ စိတ္ဓာတ္ တက္ႂကြလာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဒုတိယေခ်ပဂိုးကို ဗီလာတို႔ ထပ္မံရယူႏိုင္ခဲ့ၿပီး ဒီဂိုးတစ္ကိုေတာ့ ဘယ္ျခမ္းကေန ဘြင္ဒီယာ ခင္းေပးခဲ့တာကို ရမ္ေဆးက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့တာကို လူစားဝင္လာခဲ့တဲ့ ေကာ္တင္ညိဳက ဂိုးသမား ဒေဟးယားနဲ႔အေတြ႕မွာ အနီးကပ္ ပိတ္သြင္းၿပီး ႏွစ္ဂိုးစီသေရက်ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဖာနန္ဒက္စ္နဲ႔ ဂရင္းဝုဒ္တို႔အစား ဗန္ဒဘိခ္နဲ႔ လင္ဂတ္တို႔ ဝင္ကစားခဲ့ၾကေပမယ့္ ေနာက္ထပ္ဂိုးေတြကို ရွာေဖြႏိုင္ျခင္း မရွိေတာ့တာေၾကာင့္ ပြဲက ႏွစ္ဂိုးစီသေရနဲ႔ပဲ ၿပီးဆုံးခဲ့ရသလို မန္ခ်က္စတာယူႏိုက္တက္တို႔ အဆင့္ ၇ မွာ ဆက္လက္ရပ္တည္ခဲ့ခ်ိန္မွာ ဗီလာတို႔ကေတာ့ အဆင့္ ၁၃ မွာ ရွိေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.