Match Report Premier League

အမ်းမရိတ်မှာ အဝေးကွင်းစံချိန် တိုးမြှင့်ခဲ့တဲ့ ယူနိုက်တက်ကို အနိုင်မယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်း မပါဝင်နိုင်ချိန်မှာ ဆာကာနဲ့ တီယာနီတို့နှစ်ဦးကိုလည်း ပွဲထွက်စာရင်းမှာ ထည့်သွင်းဖို့ မလုပ်ဆောင်နိုင်ခဲ့တာကြောင့် အင်အားလျော့ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်ဘက်ကတော့ သူတို့ရဲ့ ကွင်းလယ်ကို အားပြုတဲ့ အကောင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်လာခဲ့ပါတယ်။

လာကာဇက်နဲ့ ဖရက်ဒ်တို့ ဒဟေးယားနဲ့ လီနိုတို့ကို အသီးသီး သွေးတိုးစမ်းခဲ့ကြပြီး ယူနိုက်တက်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ချိန်မှာ အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ခံစစ်ဇုန်ရှေ့မှာ ဘောလုံးအပျက်များနေခဲ့ပြီး အခွင့်အရေးတွေ မကြာခဏ ခွင့်ပြုနေရသလို ကောင်တာတွေကိုသာ အားပြုခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ရက်ရှ်ဖို့ဒ်ရဲ့ အနီးကပ်ရရှိခဲ့တဲ့ အခွင့်အရေးကို အာဆင်နယ်ခံစစ်က စုပြုံပိတ်ဆို့နိုင်ခဲ့လို့ သက်သာခဲ့ရပြီး ဒီကနေ ရရှိခဲ့တဲ့ ဖရီးကစ်ကိုတော့ ဘရူနို ဖာနန်ဒက်စ် ကန်ရာမှာ ဒေးဗစ် လူးဝစ်ဇ်နဲ့ထိပြီး ဘားကျော်သွားခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တို့ အလုပ်မဖြစ်ခဲ့တဲ့ ပုံစံနဲ့ သရေပွဲပဲ ဖြစ်လို့နေပါတယ်။

ခြေစွမ်းမပြနိုင်တဲ့ မာတီနယ်လီအစား ဝင်လာခဲ့တဲ့ ဝီလီယန်ရဲ့ အခွင့်အရေးတွေကို အသုံးချရာမှာ အားနည်းခဲ့တာကြောင့် ဒုတိယပိုင်းမှာလည်း အာဆင်နယ်တိုက်စစ်က သိပ်တော့ တက်မလာခဲ့ဘဲ ကာဗာနီနဲ့ မာစီယယ်လ်တို့ရဲ့ တွဲလုံးတွေကိုတော့ ဒေးဗစ် လူးဝစ်ဇ်က အကောင်းဆုံး ဖျက်ထုတ်နေခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်က လာကာဇက်ရဲ့ ဘားထိခဲ့တဲ့ ဖရီးကစ်ကတော့ အိမ်ရှင် အာဆင်နယ်တို့အတွက် အနစ်နာရဆုံး အခွင့်အရေးလို့ ပြောရမှာ ဖြစ်ပြီး ဒဟေးယားကတော့ ဒီကနေ ဆက်တိုက် တိုက်စစ်ဆင်ခဲ့တဲ့ စမစ်ရိုးရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး ပေပေရဲ့ ကန်ချက်တွေကတော့ တိုင်ဘေးမှာပဲ ရှိနေခဲ့ပါတယ်။

အာဆင်နယ်ဘက်က ကစားသမားသစ် အော်ဒီဂွါဒ်ကတော့ ပွဲရဲ့ နောက်ဆုံး ၁၀ မိနစ်ကို စမစ်ရိုးအစား ပါဝင်ကစားခဲ့ပြီး ယူနိုက်တက်ကတော့ ဒီနောက်ပိုင်းမှာ အခွင့်အရေးအချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေပွဲနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။

ဒီနေ့ပွဲ ရလဒ်ကြောင့် ယူနိုက်တက်တို့ကတော့ သူတို့ရဲ့ အဝေးကွင်း ရှုံးပွဲမရှိမှတ်တမ်းကို ၁၈ ပွဲအထိ တိုးမြှင့်နိုင်ခဲ့ပြီး ကလပ်စံချိန်တစ်ရပ်ကို တင်ရှိနိုင်ခဲ့သလို အသင်းကြီးတွေချင်း တွေ့ဆုံခဲ့တဲ့ပွဲမှာ ရလဒ် မဆိုးအောင်လည်း ထိန်းသိမ်းပြီး အဆင့် ၂ မှာ ဆက်လက်ရပ်တည်နေချိန်မှာ အိမ်ရှင် အာဆင်နယ်တို့ကတော့ ချဲလ်ဆီးနဲ့ ဗီလာတို့ မကစားခင် အဆင့် ၈ မှာ ဆက်လက်ရပ်တည်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္တိုက္စစ္မႉး အူဘာမီယန္း မပါဝင္ႏိုင္ခ်ိန္မွာ ဆာကာနဲ႔ တီယာနီတို႔ႏွစ္ဦးကိုလည္း ပြဲထြက္စာရင္းမွာ ထည့္သြင္းဖို႔ မလုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ အင္အားေလ်ာ့ခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ဘက္ကေတာ့ သူတို႔ရဲ႕ ကြင္းလယ္ကို အားျပဳတဲ့ အေကာင္းဆုံး လူစာရင္းနဲ႔ ရင္ဆိုင္လာခဲ့ပါတယ္။

လာကာဇက္နဲ႔ ဖရက္ဒ္တို႔ ဒေဟးယားနဲ႔ လီႏိုတို႔ကို အသီးသီး ေသြးတိုးစမ္းခဲ့ၾကၿပီး ယူႏိုက္တက္တို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားႏိုင္ခဲ့ခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ခံစစ္ဇုန္ေရွ႕မွာ ေဘာလုံးအပ်က္မ်ားေနခဲ့ၿပီး အခြင့္အေရးေတြ မၾကာခဏ ခြင့္ျပဳေနရသလို ေကာင္တာေတြကိုသာ အားျပဳခဲ့ရပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ ရက္ရွ္ဖို႔ဒ္ရဲ႕ အနီးကပ္ရရွိခဲ့တဲ့ အခြင့္အေရးကို အာဆင္နယ္ခံစစ္က စုၿပဳံပိတ္ဆို႔ႏိုင္ခဲ့လို႔ သက္သာခဲ့ရၿပီး ဒီကေန ရရွိခဲ့တဲ့ ဖရီးကစ္ကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ကန္ရာမွာ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ထိၿပီး ဘားေက်ာ္သြားခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္တို႔ အလုပ္မျဖစ္ခဲ့တဲ့ ပုံစံနဲ႔ သေရပြဲပဲ ျဖစ္လို႔ေနပါတယ္။

ေျခစြမ္းမျပႏိုင္တဲ့ မာတီနယ္လီအစား ဝင္လာခဲ့တဲ့ ဝီလီယန္ရဲ႕ အခြင့္အေရးေတြကို အသုံးခ်ရာမွာ အားနည္းခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာလည္း အာဆင္နယ္တိုက္စစ္က သိပ္ေတာ့ တက္မလာခဲ့ဘဲ ကာဗာနီနဲ႔ မာစီယယ္လ္တို႔ရဲ႕ တြဲလုံးေတြကိုေတာ့ ေဒးဗစ္ လူးဝစ္ဇ္က အေကာင္းဆုံး ဖ်က္ထုတ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္က လာကာဇက္ရဲ႕ ဘားထိခဲ့တဲ့ ဖရီးကစ္ကေတာ့ အိမ္ရွင္ အာဆင္နယ္တို႔အတြက္ အနစ္နာရဆုံး အခြင့္အေရးလို႔ ေျပာရမွာ ျဖစ္ၿပီး ဒေဟးယားကေတာ့ ဒီကေန ဆက္တိုက္ တိုက္စစ္ဆင္ခဲ့တဲ့ စမစ္႐ိုးရဲ႕ ကန္ခ်က္ကို ကာကြယ္ႏိုင္ခဲ့ၿပီး ေပေပရဲ႕ ကန္ခ်က္ေတြကေတာ့ တိုင္ေဘးမွာပဲ ရွိေနခဲ့ပါတယ္။

အာဆင္နယ္ဘက္က ကစားသမားသစ္ ေအာ္ဒီဂြါဒ္ကေတာ့ ပြဲရဲ႕ ေနာက္ဆုံး ၁၀ မိနစ္ကို စမစ္႐ိုးအစား ပါဝင္ကစားခဲ့ၿပီး ယူႏိုက္တက္ကေတာ့ ဒီေနာက္ပိုင္းမွာ အခြင့္အေရးအခ်ိဳ႕ ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္ခဲ့ဘဲ သေရပြဲနဲ႔သာ ၿပီးဆုံးခဲ့ရပါတယ္။

ဒီေန႔ပြဲ ရလဒ္ေၾကာင့္ ယူႏိုက္တက္တို႔ကေတာ့ သူတို႔ရဲ႕ အေဝးကြင္း ရႈံးပြဲမရွိမွတ္တမ္းကို ၁၈ ပြဲအထိ တိုးျမႇင့္ႏိုင္ခဲ့ၿပီး ကလပ္စံခ်ိန္တစ္ရပ္ကို တင္ရွိႏိုင္ခဲ့သလို အသင္းႀကီးေတြခ်င္း ေတြ႕ဆုံခဲ့တဲ့ပြဲမွာ ရလဒ္ မဆိုးေအာင္လည္း ထိန္းသိမ္းၿပီး အဆင့္ ၂ မွာ ဆက္လက္ရပ္တည္ေနခ်ိန္မွာ အိမ္ရွင္ အာဆင္နယ္တို႔ကေတာ့ ခ်ဲလ္ဆီးနဲ႔ ဗီလာတို႔ မကစားခင္ အဆင့္ ၈ မွာ ဆက္လက္ရပ္တည္ေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.