Match Report Premier League

မြို့ခံပြိုင်ဘက် ရှုံးထားတဲ့ အသင်းကို အနိုင်ယူပြီး ဇယားထိပ်မှာ သုံးမှတ်စဖြတ်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ စတာလင်၊ မာရက်ဇ်၊ ရိုဒရီ၊ စတုန်းစ်တို့ကို အနားပေးခဲ့ပြီး ကန်ဆယ်လို နေရာမှာလည်း ဝေါ်လ်ကာကို ထည့်သွင်းခဲ့တဲ့အပြင် နောက်ခံလူနေရာမှာတော့ နေရာပျောက်ဆုံးနေခဲ့တဲ့ လာပေါ့တ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

တောရက်စ်နဲ့ ဖိုဒန်တို့ကို ထည့်သွင်းလာခဲ့တဲ့ တောင်ပံတိုက်စစ်တွေကို ရှက်ဖီးလ်ဒ်တို့ ခံစစ်ပိတ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာမှာ အဝေးကွင်းနှစ်ပွဲဆက်ချိန်မှာတော့ ပထမပွဲမှာလို ဒုတိယပွဲမှာ မရုန်းနိုင်ခဲ့ဘဲ ဂွါဒီယိုလာရဲ့ အသင်းက စနစ်တကျ တိုက်စစ်ဆင်ရင်း ထိန်းချုပ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာတော့ တောရက်စ်ရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ နောက်ခံလူနှစ်ဦးကို ဖြတ်ကျော်ပြီး ပြန်ချပေးတာကို ဂျေဆူးစ်က ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ တစ်ဦးချင်းအတွေ့မှာ ပိတ်သွင်းနိုင်ခဲ့ပြီး စီးတီးတို့ကို ဦးဆောင်စေခဲ့ပါတယ်။ ဒီဂိုးမှာ ဂျေဆူးစ်ရဲ့ ဘောလုံးထိန်းရာမှာ ချော်သွားခဲ့တာက တစ်ဖက်ဂိုးသမားကို ပိုပြီး အငိုက်မိစေသလို ဂိုးရဖို့လည်း ပိုမိုလွယ်ကူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာနာဒို ဆေးလ်ဗားရဲ့ အခွင့်အရေး ဂိုးမဖြစ်ခဲ့တာကြောင့် စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု အများစုကို ယူထားနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း အပြောင်းအလဲမရှိတဲ့ ပုံစံနဲ့ပဲ ဆက်လက်ကစားခဲ့ပါတယ်။

ဖယ်ရန် တောရက်စ်အနေနဲ့ ဖန်တီးမှုတွေ ပြုလုပ်နေခဲ့ပြီး အမြန်နှုန်းနဲ့ တစ်ဖက်နောက်တန်းတွေကို ဖြတ်ကျော်ထိုးဖောက်နိုင်ခဲ့ပေမယ့် Final Pass တွေမှာ တိကျမှုနဲ့ အကွက်မြင်မှု အားနည်းနေခဲ့တာကြောင့် စီးတီးတို့ အပိုင်အခွင့်အရေးတွေနဲ့ လွဲချော်ခဲ့ရပြီး ဇင်ချန်ကိုနဲ့ လာပေါ့တ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ရမ်းစ်ဒေးလ် ကာကွယ်သွားခဲ့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဂွါဒီယိုလာအနေနဲ့ အရန်ခုံက ကစားသမားတွေဖြစ်တဲ့ မာရက်ဇ်နဲ့ စတာလင်တို့ကို လုံးဝ ထည့်သွင်းခြင်းမရှိဘဲ အနားပေးခဲ့ပြီး ရိုဒရီကိုသာ ပွဲထိန်းဖို့ ထည့်ခဲ့တာဖြစ်သလို ရှေ့လာမယ့် ဘန်လေ၊ လီဗာပူးလ်၊ ဆွမ်းဆီးတို့နဲ့ ဆက်တိုက်ကစားရမယ့် အဝေးကွင်းသုံးပွဲဆက်အတွက် အင်အားချွေတာခဲ့ပုံလည်း ပေါ်ပါတယ်။

လူစုံမထုတ်ဘဲ အနိုင်ရရှိခဲ့တဲ့ ဒီပွဲကြောင့် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်ခဲ့သလို တစ်ပွဲလျှော့ကစားထားနိုင်ခဲ့တာလည်းဖြစ်ပြီး လက်ကျန်တစ်ပွဲဖြစ်တဲ့ အဲဗာတန်နဲ့ ပွဲကျန်ကို အနိုင်ရမယ်ဆိုရင် နောက်ထပ် ၃ မှတ်ကို ပိုင်ဆိုင်နိုင်ခွင့်လည်း ရှိသေးတာကြောင့် မန်စီးတီးတို့ ဒီနှစ် ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စိတ်ဓာတ်ရေးရာအရ ပိုမို အားကောင်းလာနိုင်ခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အဓိက ကစားသမားေတြျဖစ္ၾကတဲ့ စတာလင္၊ မာရက္ဇ္၊ ႐ိုဒရီ၊ စတုန္းစ္တို႔ကို အနားေပးခဲ့ၿပီး ကန္ဆယ္လို ေနရာမွာလည္း ေဝၚလ္ကာကို ထည့္သြင္းခဲ့တဲ့အျပင္ ေနာက္ခံလူေနရာမွာေတာ့ ေနရာေပ်ာက္ဆုံးေနခဲ့တဲ့ လာေပါ့တ္ ျပန္လည္ပါဝင္လာခဲ့ပါတယ္။

ေတာရက္စ္နဲ႔ ဖိုဒန္တို႔ကို ထည့္သြင္းလာခဲ့တဲ့ ေတာင္ပံတိုက္စစ္ေတြကို ရွက္ဖီးလ္ဒ္တို႔ ခံစစ္ပိတ္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ မန္ခ်က္စတာမွာ အေဝးကြင္းႏွစ္ပြဲဆက္ခ်ိန္မွာေတာ့ ပထမပြဲမွာလို ဒုတိယပြဲမွာ မ႐ုန္းႏိုင္ခဲ့ဘဲ ဂြါဒီယိုလာရဲ႕ အသင္းက စနစ္တက် တိုက္စစ္ဆင္ရင္း ထိန္းခ်ဳပ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ ေတာရက္စ္ရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေနာက္ခံလူႏွစ္ဦးကို ျဖတ္ေက်ာ္ၿပီး ျပန္ခ်ေပးတာကို ေဂ်ဆူးစ္က ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ပိတ္သြင္းႏိုင္ခဲ့ၿပီး စီးတီးတို႔ကို ဦးေဆာင္ေစခဲ့ပါတယ္။ ဒီဂိုးမွာ ေဂ်ဆူးစ္ရဲ႕ ေဘာလုံးထိန္းရာမွာ ေခ်ာ္သြားခဲ့တာက တစ္ဖက္ဂိုးသမားကို ပိုၿပီး အငိုက္မိေစသလို ဂိုးရဖို႔လည္း ပိုမိုလြယ္ကူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘာနာဒို ေဆးလ္ဗားရဲ႕ အခြင့္အေရး ဂိုးမျဖစ္ခဲ့တာေၾကာင့္ စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ယူထားႏိုင္ခဲ့ေပမယ့္လည္း ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း အေျပာင္းအလဲမရွိတဲ့ ပုံစံနဲ႔ပဲ ဆက္လက္ကစားခဲ့ပါတယ္။

ဖယ္ရန္ ေတာရက္စ္အေနနဲ႔ ဖန္တီးမႈေတြ ျပဳလုပ္ေနခဲ့ၿပီး အျမန္ႏႈန္းနဲ႔ တစ္ဖက္ေနာက္တန္းေတြကို ျဖတ္ေက်ာ္ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ Final Pass ေတြမွာ တိက်မႈနဲ႔ အကြက္ျမင္မႈ အားနည္းေနခဲ့တာေၾကာင့္ စီးတီးတို႔ အပိုင္အခြင့္အေရးေတြနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး ဇင္ခ်န္ကိုနဲ႔ လာေပါ့တ္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကိုလည္း ရမ္းစ္ေဒးလ္ ကာကြယ္သြားခဲ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဂြါဒီယိုလာအေနနဲ႔ အရန္ခုံက ကစားသမားေတြျဖစ္တဲ့ မာရက္ဇ္နဲ႔ စတာလင္တို႔ကို လုံးဝ ထည့္သြင္းျခင္းမရွိဘဲ အနားေပးခဲ့ၿပီး ႐ိုဒရီကိုသာ ပြဲထိန္းဖို႔ ထည့္ခဲ့တာျဖစ္သလို ေရွ႕လာမယ့္ ဘန္ေလ၊ လီဗာပူးလ္၊ ဆြမ္းဆီးတို႔နဲ႔ ဆက္တိုက္ကစားရမယ့္ အေဝးကြင္းသုံးပြဲဆက္အတြက္ အင္အားေခြၽတာခဲ့ပုံလည္း ေပၚပါတယ္။

လူစုံမထုတ္ဘဲ အႏိုင္ရရွိခဲ့တဲ့ ဒီပြဲေၾကာင့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ကို ၃ မွတ္ျဖတ္ၿပီး အမွတ္ေပးဇယားကို ျပတ္ျပတ္သားသား ဦးေဆာင္ခဲ့သလို တစ္ပြဲေလွ်ာ့ကစားထားႏိုင္ခဲ့တာလည္းျဖစ္ၿပီး လက္က်န္တစ္ပြဲျဖစ္တဲ့ အဲဗာတန္နဲ႔ ပြဲက်န္ကို အႏိုင္ရမယ္ဆိုရင္ ေနာက္ထပ္ ၃ မွတ္ကို ပိုင္ဆိုင္ႏိုင္ခြင့္လည္း ရွိေသးတာေၾကာင့္ မန္စီးတီးတို႔ ဒီႏွစ္ ခ်န္ပီယံဆုကို ျပန္လည္သိမ္းပိုက္ႏိုင္ဖို႔ စိတ္ဓာတ္ေရးရာအရ ပိုမို အားေကာင္းလာႏိုင္ခဲ့ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.