Match Report Premier League

အာဆင်နယ်နောက်ခံလူကို နှိမ့်ချပြောဆိုပြီး ရက်ရှ်ဖို့ဒ်ကို ညွှန်ကြားချက်ပေးခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အာဆင်နယ်နောက်ခံကစားသမား ဆက်ဒရစ် ဆိုအာရက်စ်က မကာကွယ်နိုင်ဘူးလို့ ပြောကြားပြီး ရက်ရှ်ဖို့ဒ်ကို ကျော်ဖြတ်ဖို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဟာ ၎င်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာညွှန်ကြားတဲ့ ဧရိယာအစွန်းအထိ ထွက်လာပြီး ပထမပိုင်းပွဲကစားချိန်အတွင်း စိတ်ဝင်စားဖွယ် ညွှန်ကြားမှုတွေကို ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ “မားကပ်စ် သူ မကာကွယ်နိုင်ဘူး။ သူ မကာကွယ်နိုင်ဘူး။ မင်း သူ့ကို ကျော်ချင်ရင် ကျော်လို့ရတယ်”လို့ အော်ဟစ်နေခဲ့တာကို ကြားခဲ့ရပြီး တွစ်တာလူမှုကွန်ရက်မှာ ပရိသတ်တွေအတွက် ဆိုးလ်ရှားရဲ့ ညွှန်ကြားချက်က ပြောစရာဖြစ်ခဲ့ပါတယ်။

“ကျွန်တော် ပုံမှန်ထက် ကွင်းနဲ့ပိုနီးနီးမှာထိုင်ခဲ့ပြီး ဆိုးလ်ရှားက ရက်ရှိဖို့ဒ်ကို မင်း သူ့ကို ကျော်ချင်တယ်ဆိုရင် ကျော်လို့ရတယ်။ သူ မကာကွယ်နိုင်ဘူးလို့ ဆက်ဒရစ်အကြောင်း ပြောနေတဲ့ အသံကို သေချာကြားခဲ့ရတယ်”လို့ ဂျိမ်းစ် အော်လီဆိုတဲ့ ESPN ရဲ့ အကြီးတန်းဘောလုံးကလောင်ရှင်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ တွစ်တာအသုံးပြုသူတွေက ဆိုးလ်ရှားရဲ့ ညွှန်ကြားချက်ကို တုံ့ပြန်ခဲ့ကြပြီး “ငါတို့လည်း မကာကွယ်နိုင်ပါဘူး”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

“ရက်ရှ်ဖို့ဒ် တိုက်စစ်မဆင်နိုင်တာ ဆက်ဒရစ်အတွက် ကောင်းသွားတယ်”လို့ နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ဟာ ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပြီး အာဆင်နယ်အသင်းက အဆင့် ၈ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဒုတိယနေရာမှာ အမှတ်ပေးဇယားထိပ်ဆုံးက တစ်ပွဲလျော့နေတဲ့ မန်စီးတီးနဲ့ ၃ မှတ်အကွာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ အာဆင္နယ္ေနာက္ခံကစားသမား ဆက္ဒရစ္ ဆိုအာရက္စ္က မကာကြယ္နိုင္ဘူးလို႔ ေျပာၾကားၿပီး ရက္ရွ္ဖို႔ဒ္ကို ေက်ာ္ျဖတ္ဖို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နည္းျပဟာ ၎ရဲ့ နည္းစနစ္ပိုင္းဆိုင္ရာညႊန္ၾကားတဲ့ ဧရိယာအစြန္းအထိ ထြက္လာၿပီး ပထမပိုင္းပြဲကစားခ်ိန္အတြင္း စိတ္ဝင္စားဖြယ္ ညႊန္ၾကားမႈေတြကို ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။ “မားကပ္စ္ သူ မကာကြယ္နိုင္ဘူး။ သူ မကာကြယ္နိုင္ဘူး။ မင္း သူ႔ကို ေက်ာ္ခ်င္ရင္ ေက်ာ္လို႔ရတယ္”လို႔ ေအာ္ဟစ္ေနခဲ့တာကို ၾကားခဲ့ရၿပီး တြစ္တာလူမႈကြန္ရက္မွာ ပရိသတ္ေတြအတြက္ ဆိုးလ္ရွားရဲ့ ညႊန္ၾကားခ်က္က ေျပာစရာျဖစ္ခဲ့ပါတယ္။

“ကၽြန္ေတာ္ ပုံမွန္ထက္ ကြင္းနဲ႔ပိုနီးနီးမွာထိုင္ခဲ့ၿပီး ဆိုးလ္ရွားက ရက္ရွိဖို႔ဒ္ကို မင္း သူ႔ကို ေက်ာ္ခ်င္တယ္ဆိုရင္ ေက်ာ္လို႔ရတယ္။ သူ မကာကြယ္နိုင္ဘူးလို႔ ဆက္ဒရစ္အေၾကာင္း ေျပာေနတဲ့ အသံကို ေသခ်ာၾကားခဲ့ရတယ္”လို႔ ဂ်ိမ္းစ္ ေအာ္လီဆိုတဲ့ ESPN ရဲ့ အႀကီးတန္းေဘာလုံးကေလာင္ရွင္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ တြစ္တာအသုံးျပဳသူေတြက ဆိုးလ္ရွားရဲ့ ညႊန္ၾကားခ်က္ကို တုံ႔ျပန္ခဲ့ၾကၿပီး “ငါတို႔လည္း မကာကြယ္နိုင္ပါဘူး”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။

“ရက္ရွ္ဖို႔ဒ္ တိုက္စစ္မဆင္နိုင္တာ ဆက္ဒရစ္အတြက္ ေကာင္းသြားတယ္”လို႔ ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ရဲ့ပြဲစဥ္ဟာ ဂိုးမရွိသေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ၿပီး အာဆင္နယ္အသင္းက အဆင့္ ၈ ေနရာမွာ ဆက္လက္ရပ္တည္နိုင္ခဲ့သလို မန္ခ်က္စတာယူနိုက္တက္အသင္းကလည္း ဒုတိယေနရာမွာ အမွတ္ေပးဇယားထိပ္ဆုံးက တစ္ပြဲေလ်ာ့ေနတဲ့ မန္စီးတီးနဲ႔ ၃ မွတ္အကြာ ဆက္လက္ရပ္တည္နိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.