Premier League

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မည့် အဓိကဇာတ်ဆောင် ၅ ဦး

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ညနေမှာ အာဆင်နယ်အသင်းကို ရင်ဆိုင်ဖို့ အမ်းမရိတ်စ်ကို လာရောက်ရမှာဖြစ်ပြီး ၂ သင်းစလုံးအတွက် ကြီးမားတဲ့ပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အနိုင်ရရှခဲ့မယ်ဆိုရင် အမှတ်ပေးဇယားအပေါ်ပိုင်းကို နောက်ထပ်ပိုမို တက်ရောက်နိုင်မှာဖြစ်သလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရှက်ဖီးယူနိုက်တက်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ်ကွာဟမှု နည်းပါးသွားတာကို အနိုင်ရလဒ်နဲ့ ပြန်လည်ဖာထေးနိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ၎င်းတို့ရဲ့ ပုံစံကောင်းကို ဆက်လက်ပြသနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ၎င်းတို့ ၂ သင်းနောက်ဆုံးပရီးမီးယားလိဂ် ၅ ကြိမ်တွေ့ဆုံမှုမှာ အာဆင်နယ်က ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရော အာဆင်နယ်အသင်းမှာ ပါရမီရှိပြီး ခြေစွမ်းကောင်းရရှိနေတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် ယနေ့ညနေပွဲစဉ်မှာ စောင့်ကြည့်ရမယ့် ကစားသမား ၅ ဦးအထိ ရှိနေပါတယ်။

၁။ ဆာကာ

ဆာကာဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် အာဆင်နယ်အသင်းလူစာရင်းမှာ ၎င်းထက် အများကြီး အတွေ့အကြုံပိုရှိတဲ့ ကစားသမားတွေထက်တောင် တောက်ပနေခဲ့ပြီး အာတီတာအနေနဲ့ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဆာကာရဲ့ ကောင်းမွန်တဲ့ခြေစွမ်းကို ဆက်လက်မြင်တွေ့ရဖို့ မျှော်လင့်နေမှာဖြ်စပါတယ်။

ဆာကာဟာ နောက်ဆုံးပွဲစဉ် ၃ ပွဲမှာ ၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၅ ဂိုးအထိ သွင်းယူထားသူဖြစ်ပါတယ်။ ဆာကာရဲ့ တန်ပြန်တိုက်စစ် အားသန်မှုနဲ့ နောက်ခံကစားသမားတွေကို ကျော်ဖြတ်နိုင်မှုက ယူနိုက်တက်နဲ့ပွဲမှာ အားထားရမယ့်စွမ်းရည်တွေဖြစ်လာမှာဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ ပထမပိုင်းအပြီးမှာ ယူနိုက်တက်ကို ဦးဆောင်ဂိုးနဲ့ သက်တောင့်သက်သာရှိနေဖွယ်ရှိပါတယ်။

၂။ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်ဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ၎င်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းမရှိပေမယ့် ပွဲကြီးပွဲကောင်းတွေအတွက် အဓိကကစားသမားဖြစ်တာကြောင့် ယနေ့ညနေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားမယ်လို့ မျှော်မှန်းရပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ လွန်ခဲ့တဲ့အပတ်က အက်ဖ်အေဖလားပွဲစဉ်မှာ လီဗာပူးလ်အသင်းကို အရန်ခုံကနေ ထလာပြီး အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ဂိုးကန်သွင်းယူပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဖာနန်ဒက်စ်ရဲ့ ဖန်တီးနိုင်စွမ်းကို လိုအပ်မှာဖြစ်ပြီး အာဆင်နယ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၂ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်တာကြောင့် အနိုင်ယူဖို့ ခက်မှာ သေချာပါတယ်။ ဖာနန်ဒက်စ်ရဲ့ ကျန်ယူနိုက်တက်တိုက်စစ်ကစားသမားတွေနဲ့ စုဖွဲ့ကစားနိုင်မှုနဲ့ ပင်နယ်တီဧရိယာထဲကို အဓိကကျတဲ့နေရာအထိ ပေးပို့နိုင်စွမ်းက အာဆင်နယ်ခံစစ်ကို ပြဿနာတက်စေမှာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယခုရာသီမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အာဆင်နယ်ကို အနိုင်ရရှိချင်တယ်ဆိုရင်တော့ ၎င်းရဲ့ ဂိုးပမာဏကို မြှင့်တင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

၃။ ကာဗာနီ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အန်သိုနီ မာစီယယ်လ်ဟာ နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာ ခြေစွမ်းပြသခဲ့ပြီး အာဆင်နယ်နဲ့့ပွဲစဉ်မှာ နည်းပြ ဆိုးလ်ရှားက မာစီယယ်လ်အစား ကာဗာနီကို ပွဲထွက်ခွင့်ပေးလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ ကာဗာနီဟာ နည်းပြဆိုးလ်ရှားရဲ့ ပွဲထွက်ခွင့်ပေးခြင်းခံခဲ့ရတဲ့အချိန်တိုင်း ကောင်းကောင်းလုပ်ပြနိုင်ခဲ့သူဖြစ်ပြီး အာဆင်နယ်နဲ့ပွဲစဉ်အတွက် တိုက်စစ်မှာ ပွဲထွက်ပါဝင်ခွင့် ပေးခြင်းခံရဖွယ်ရှိနေပါတယ်။

ဥရုဂွေးဝါရင့်တိုက်စစ်မှူးဟာ လိုအပ်လာမယ်ဆိုရင် ဘောလုံး မကိုင်ဘဲ ပြိုင်ဘက် ခံစစ်ကစားသမားတွေကို ရှုပ်ထွေးအောင် ပြုလုပ်နိုင်သူဖြစ်ပြီး နေရာယူတတ်မှုနဲ့ အခွင့်အရေးကို အပိုင်အသုံးချနိုင်စွမ်းတွေကို အရင်ပွဲစဉ်တွေမှာ ပြသခဲ့ဖူးတာကြောင့် အာဆင်နယ်အတွက် တော်တော်လေး သတိထားရမယ့်ကစားသမားဖြစ်ပါတယ်။

ကာဗာနီဟာ ပရီးမီးယားလိဂ်မှာ ပျမ်းမျှ ဂိုးကန်သွင်းမှု တစ်ပွဲကို ၁.၅ ကြိမ် ပြုလုပ်ထားပြီး ၁၃ ပွဲမှာ ၄ ဂိုးသွင်းယူထားတာကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့နှုန်းက အကောင်းဆုံးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့်လည်း ကာဗာနီဟာ ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားပြီး တဖြည်းဖြည်းချင်း သူ့ရဲ့အကောင်းဆုံးကြံ့ခိုင်မှုကို ပြန်လည်ရရှိလာနေတာကြောင့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။

၄။ သောမတ်စ် ပါတေး

အာဆင်နယ်အသင်းဟာ သောမတ်စ်ပါတေးရှိနေတာကြောင့် ၎င်းတို့ရဲ့ ခံစစ်က အများကြီးပိုလို့တောင် စိတ်ချလုံခြုံရတဲ့ပုံ ပေါ်ပါတယ်။ အာဆင်နယ်ကစားသမားဘဝကို တောက်ပစွာ စတင်နိုင်ခဲ့ပြီးနောက် ဒဏ်ရာကြောင့် အချိန်အတော်ကြာအနားယူနေခဲ့ရတာကြောင့် အာဆင်နယ်ဟာ ကွင်းလယ်မှာ မှန်ကန်တဲ့ဟန်ချက်တစ်ခုကို ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ သောမတ်စ် ပါတေး ပြန်လည်ကစားပေးခဲ့ချိန်ကတည်းက စမစ် ရိုး၊ ချာကာတို့ဟာ မကြာခဏ ရှေ့ကို ပိုမိုတက်ကစားနိုင်လာပြီး တိုက်စစ်ကို သိသာတဲ့အကျိုးသက်ရောက်မှုတွေ ပေးနိုင်ခဲ့ပါတယ်။

ပါတေးဟာ တစ်ပွဲမှာ ပျမ်းမျှ ၂ ကြိမ်အထိ ဖျက်ထုတ်မှု ပြုလုပ်နိုင်ပြီး ယုံကြည်အားထားရတဲ့ ဘောလုံးပေးပို့မှုက အာဆင်နယ်ကို ဘောလုံးပြန်လည်ရရှိအောင်နဲ့ ထိုးဖောက်ဖို့ အသင့်စောင့်နေတဲ့ တိုက်စစ်မှူးတွေကို ပိုပြီး ထိရောက်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ကြီးမားတဲ့တိုက်စစ် ခြိမ်းခြောက်မှုကို သယ်ဆောင်ထားပြီး အာဆင်နယ်ကသာ ယူနိုက်တက်ရဲ့ ကောင်းမွန်တဲ့အဝေးကွင်းစွမ်းဆောင်ရည်ကို အဆုံးသတ်ချင်တယ်ဆိုရင် ပါတေးအနေနဲ့ ၎င်းရဲ့အကောင်းဆုံးခြေစွမ်းမှာ ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။

၅။ နီကိုးလတ်စ် ပေပေ

အာဆင်နယ်တောင်ပံကစားသမားဟာ အသင်းဖော်တွေနဲ့ ဟန်ချက်ညီညီ ကစားနိုင်ဖို့ ရုန်းကန်နေရပြီး ယုံကြည်မှုနဲ့ကစားတဲ့အချိန်မှာတော့ ၎င်းဟာ စောင့်ကြည့်ရမယ့် ကစားသမားဖြစ်လာပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ပေပေဟာ ၎င်းရဲ့ ပုံစံကောင်းကို ရရှိနေပြီး မကြာခဏ ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်ပြီး ၎င်းရဲ့ အလိမ်အခေါက်စွမ်းရည်ကို ပြသခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ယူနိုက်တက်နဲ့ပွဲစဉ်မှာ အဲဒီလို စွမ်းရည်အချို့ကို လိုအပ်မှာဖြစ်ပြီး ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ဆိုးရွားခဲ့တဲ့ ယူနိုက်တက်ခံစစ်အတွက်ဆိုရင်တောင် အနည်းဆုံးတော့ လိုကောင်းလိုမှာပါ။ ပေပေဟာ ပြီးခဲ့တဲ့နှစ်က အမ်းမရိတ်စ်မှာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ယနေ့ညနေမှာ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ အာဆင်နယ်က ကျိန်းသေမျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယေန႔ညေနမွာ အာဆင္နယ္အသင္းကို ရင္ဆိုင္ဖို႔ အမ္းမရိတ္စ္ကို လာေရာက္ရမွာျဖစ္ၿပီး ၂ သင္းစလုံးအတြက္ ႀကီးမားတဲ့ပြဲစဥ္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အနိုင္ရရွခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားအေပၚပိုင္းကို ေနာက္ထပ္ပိုမို တက္ေရာက္နိုင္မွာျဖစ္သလို မန္ခ်က္စတာယူနိုက္တက္အသင္းကလည္း ရွက္ဖီးယူနိုက္တက္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ရမွတ္ကြာဟမႈ နည္းပါးသြားတာကို အနိုင္ရလဒ္နဲ႔ ျပန္လည္ဖာေထးနိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ၎တို႔ရဲ့ ပုံစံေကာင္းကို ဆက္လက္ျပသနိုင္ဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ၿပီး ၎တို႔ ၂ သင္းေနာက္ဆုံးပရီးမီးယားလိဂ္ ၅ ႀကိမ္ေတြ႕ဆုံမႈမွာ အာဆင္နယ္က ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ေရာ အာဆင္နယ္အသင္းမွာ ပါရမီရွိၿပီး ေျခစြမ္းေကာင္းရရွိေနတဲ့ ကစားသမားေတြ ပိုင္ဆိုင္ထားတာေၾကာင့္ ယေန႔ညေနပြဲစဥ္မွာ ေစာင့္ၾကည့္ရမယ့္ ကစားသမား ၅ ဦးအထိ ရွိေနပါတယ္။

၁။ ဆာကာ

ဆာကာဟာ အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးေပမယ့္ အာဆင္နယ္အသင္းလူစာရင္းမွာ ၎ထက္ အမ်ားႀကီး အေတြ႕အၾကဳံပိုရွိတဲ့ ကစားသမားေတြထက္ေတာင္ ေတာက္ပေနခဲ့ၿပီး အာတီတာအေနနဲ႔ ယူနိုက္တက္နဲ႔ပြဲစဥ္မွာ ဆာကာရဲ့ ေကာင္းမြန္တဲ့ေျခစြမ္းကို ဆက္လက္ျမင္ေတြ႕ရဖို႔ ေမၽွာ္လင့္ေနမွာျဖ္စပါတယ္။

ဆာကာဟာ ေနာက္ဆုံးပြဲစဥ္ ၃ ပြဲမွာ ၂ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ စုစုေပါင္း ၅ ဂိုးအထိ သြင္းယူထားသူျဖစ္ပါတယ္။ ဆာကာရဲ့ တန္ျပန္တိုက္စစ္ အားသန္မႈနဲ႔ ေနာက္ခံကစားသမားေတြကို ေက်ာ္ျဖတ္နိုင္မႈက ယူနိုက္တက္နဲ႔ပြဲမွာ အားထားရမယ့္စြမ္းရည္ေတြျဖစ္လာမွာျဖစ္တာေၾကာင့္ အာဆင္နယ္အေနနဲ႔ ပထမပိုင္းအၿပီးမွာ ယူနိုက္တက္ကို ဦးေဆာင္ဂိုးနဲ႔ သက္ေတာင့္သက္သာရွိေနဖြယ္ရွိပါတယ္။

၂။ ဘ႐ူနို ဖာနန္ဒက္စ္

ဘ႐ူနို ဖာနန္ဒက္စ္ဟာ ရွက္ဖီးယူနိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ၎ရဲ့ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့ျခင္းမရွိေပမယ့္ ပြဲႀကီးပြဲေကာင္းေတြအတြက္ အဓိကကစားသမားျဖစ္တာေၾကာင့္ ယေန႔ညေနမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးသြားမယ္လို႔ ေမၽွာ္မွန္းရပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ လြန္ခဲ့တဲ့အပတ္က အက္ဖ္ေအဖလားပြဲစဥ္မွာ လီဗာပူးလ္အသင္းကို အရန္ခုံကေန ထလာၿပီး အလြတ္တည္ကန္ေဘာကေန တိုက္ရိုက္ဂိုးကန္သြင္းယူၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာေစခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ အာဆင္နယ္နဲ႔ပြဲစဥ္မွာ ဖာနန္ဒက္စ္ရဲ့ ဖန္တီးနိုင္စြမ္းကို လိုအပ္မွာျဖစ္ၿပီး အာဆင္နယ္ဟာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၆ ပြဲမွာ ၂ ဂိုးသာ ခြင့္ျပဳခဲ့ရတာျဖစ္တာေၾကာင့္ အနိုင္ယူဖို႔ ခက္မွာ ေသခ်ာပါတယ္။ ဖာနန္ဒက္စ္ရဲ့ က်န္ယူနိုက္တက္တိုက္စစ္ကစားသမားေတြနဲ႔ စုဖြဲ႕ကစားနိုင္မႈနဲ႔ ပင္နယ္တီဧရိယာထဲကို အဓိကက်တဲ့ေနရာအထိ ေပးပို႔နိုင္စြမ္းက အာဆင္နယ္ခံစစ္ကို ျပႆနာတက္ေစမွာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ယခုရာသီမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္အထိ ျပဳလုပ္ထားၿပီးျဖစ္ၿပီး ယူနိုက္တက္အေနနဲ႔ အာဆင္နယ္ကို အနိုင္ရရွိခ်င္တယ္ဆိုရင္ေတာ့ ၎ရဲ့ ဂိုးပမာဏကို ျမႇင့္တင္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

၃။ ကာဗာနီ

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာ အန္သိုနီ မာစီယယ္လ္ဟာ ေနာက္ထပ္တစ္ႀကိမ္ စိတ္ပ်က္စရာ ေျခစြမ္းျပသခဲ့ၿပီး အာဆင္နယ္နဲ႔့ပြဲစဥ္မွာ နည္းၿပ ဆိုးလ္ရွားက မာစီယယ္လ္အစား ကာဗာနီကို ပြဲထြက္ခြင့္ေပးလိမ့္မယ္လို႔ ေမၽွာ္မွန္းရပါတယ္။ ကာဗာနီဟာ နည္းျပဆိုးလ္ရွားရဲ့ ပြဲထြက္ခြင့္ေပးျခင္းခံခဲ့ရတဲ့အခ်ိန္တိုင္း ေကာင္းေကာင္းလုပ္ျပနိုင္ခဲ့သူျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲစဥ္အတြက္ တိုက္စစ္မွာ ပြဲထြက္ပါဝင္ခြင့္ ေပးျခင္းခံရဖြယ္ရွိေနပါတယ္။

ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးဟာ လိုအပ္လာမယ္ဆိုရင္ ေဘာလုံး မကိုင္ဘဲ ၿပိဳင္ဘက္ ခံစစ္ကစားသမားေတြကို ရႈပ္ေထြးေအာင္ ျပဳလုပ္နိုင္သူျဖစ္ၿပီး ေနရာယူတတ္မႈနဲ႔ အခြင့္အေရးကို အပိုင္အသုံးခ်နိုင္စြမ္းေတြကို အရင္ပြဲစဥ္ေတြမွာ ျပသခဲ့ဖူးတာေၾကာင့္ အာဆင္နယ္အတြက္ ေတာ္ေတာ္ေလး သတိထားရမယ့္ကစားသမားျဖစ္ပါတယ္။

ကာဗာနီဟာ ပရီးမီးယားလိဂ္မွာ ပ်မ္းမၽွ ဂိုးကန္သြင္းမႈ တစ္ပြဲကို ၁.၅ ႀကိမ္ ျပဳလုပ္ထားၿပီး ၁၃ ပြဲမွာ ၄ ဂိုးသြင္းယူထားတာေၾကာင့္ ဂိုးအျဖစ္ေျပာင္းလဲနိုင္တဲ့ႏႈန္းက အေကာင္းဆုံးလို႔ေတာ့ ေျပာလို႔မရပါဘူး။ ဒါေပမယ့္လည္း ကာဗာနီဟာ ၄ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ရရွိထားၿပီး တျဖည္းျဖည္းခ်င္း သူ႔ရဲ့အေကာင္းဆုံးႀကံ့ခိုင္မႈကို ျပန္လည္ရရွိလာေနတာေၾကာင့္ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာမွာျဖစ္ပါတယ္။

၄။ ေသာမတ္စ္ ပါေတး

အာဆင္နယ္အသင္းဟာ ေသာမတ္စ္ပါေတးရွိေနတာေၾကာင့္ ၎တို႔ရဲ့ ခံစစ္က အမ်ားႀကီးပိုလို႔ေတာင္ စိတ္ခ်လုံျခဳံရတဲ့ပုံ ေပၚပါတယ္။ အာဆင္နယ္ကစားသမားဘဝကို ေတာက္ပစြာ စတင္နိုင္ခဲ့ၿပီးေနာက္ ဒဏ္ရာေၾကာင့္ အခ်ိန္အေတာ္ၾကာအနားယူေနခဲ့ရတာေၾကာင့္ အာဆင္နယ္ဟာ ကြင္းလယ္မွာ မွန္ကန္တဲ့ဟန္ခ်က္တစ္ခုကို ရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ေသာမတ္စ္ ပါေတး ျပန္လည္ကစားေပးခဲ့ခ်ိန္ကတည္းက စမစ္ ရိုး၊ ခ်ာကာတို႔ဟာ မၾကာခဏ ေရွ႕ကို ပိုမိုတက္ကစားနိုင္လာၿပီး တိုက္စစ္ကို သိသာတဲ့အက်ိဳးသက္ေရာက္မႈေတြ ေပးနိုင္ခဲ့ပါတယ္။

ပါေတးဟာ တစ္ပြဲမွာ ပ်မ္းမၽွ ၂ ႀကိမ္အထိ ဖ်က္ထုတ္မႈ ျပဳလုပ္နိုင္ၿပီး ယုံၾကည္အားထားရတဲ့ ေဘာလုံးေပးပို႔မႈက အာဆင္နယ္ကို ေဘာလုံးျပန္လည္ရရွိေအာင္နဲ႔ ထိုးေဖာက္ဖို႔ အသင့္ေစာင့္ေနတဲ့ တိုက္စစ္မႉးေတြကို ပိုၿပီး ထိေရာက္ေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ ႀကီးမားတဲ့တိုက္စစ္ ၿခိမ္းေျခာက္မႈကို သယ္ေဆာင္ထားၿပီး အာဆင္နယ္ကသာ ယူနိုက္တက္ရဲ့ ေကာင္းမြန္တဲ့အေဝးကြင္းစြမ္းေဆာင္ရည္ကို အဆုံးသတ္ခ်င္တယ္ဆိုရင္ ပါေတးအေနနဲ႔ ၎ရဲ့အေကာင္းဆုံးေျခစြမ္းမွာ ရွိေနဖို႔ လိုအပ္ပါလိမ့္မယ္။

၅။ နီကိုးလတ္စ္ ေပေပ

အာဆင္နယ္ေတာင္ပံကစားသမားဟာ အသင္းေဖာ္ေတြနဲ႔ ဟန္ခ်က္ညီညီ ကစားနိုင္ဖို႔ ႐ုန္းကန္ေနရၿပီး ယုံၾကည္မႈနဲ႔ကစားတဲ့အခ်ိန္မွာေတာ့ ၎ဟာ ေစာင့္ၾကည့္ရမယ့္ ကစားသမားျဖစ္လာပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲမွာ ေပေပဟာ ၎ရဲ့ ပုံစံေကာင္းကို ရရွိေနၿပီး မၾကာခဏ ၿပိဳင္ဘက္ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး ၎ရဲ့ အလိမ္အေခါက္စြမ္းရည္ကို ျပသခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ယူနိုက္တက္နဲ႔ပြဲစဥ္မွာ အဲဒီလို စြမ္းရည္အခ်ိဳ႕ကို လိုအပ္မွာျဖစ္ၿပီး ရွက္ဖီးယူနိုက္တက္နဲ႔ပြဲမွာ ဆိုးရြားခဲ့တဲ့ ယူနိုက္တက္ခံစစ္အတြက္ဆိုရင္ေတာင္ အနည္းဆုံးေတာ့ လိုေကာင္းလိုမွာပါ။ ေပေပဟာ ၿပီးခဲ့တဲ့ႏွစ္က အမ္းမရိတ္စ္မွာ ယူနိုက္တက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာေၾကာင့္ ယေန႔ညေနမွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းယူနိုင္လိမ့္မယ္လို႔ အာဆင္နယ္က က်ိန္းေသေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.