Premier League Transfer News

30 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းနည်းပြသစ် သောမတ်စ် တူဟယ်ဟာ ဂျာမန်တိုက်စစ်မှူး တီမို ဗာနာကို ချဲလ်ဆီးအသင်းမှာ နောက်ထပ်တစ်ကြိမ် ဂိုး လွတ်လွတ်လပ်လပ်သွင်းယူနိုင်အောင် ကွဲကြေနေတဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ပြီး ကူညီပေးနိုင်တယ်လို့ လုံးဝယုံကြည်နေပြီး အဲဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိနေတာကြောင့် ဗာနာရဲ့ အကောင်းဆုံးပုံစံ ပြန်ရအောင် လမ်းညွှန်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းဟာ လူမှုကွန်ရက်ပေါ်မှာ ၎င်းတို့ရဲ့ ညာနောက်ခံကစားသမား ရီးစ် ဂျိမ်းစ် လူမျိုးရေးခွဲခြားမှု ခံခဲ့ရပြီးနောက် ရွံရှာစက်ဆုပ်မိတယ်လို့ ပြောကြားခဲ့ပြီး ဂျိမ်းစ်ဟာ သောကြာနေ့က အင်စတာဂရမ်မှာ ရရှိခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့မက်ဆေ့ဂျ်တွေကို တစ်စုံတရာကတော့ ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတဲ့စာသားနဲ့အတူ တင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းက ခွဲခြားဆက်ဆံတဲ့ ဘယ်လိုအပြုအမူမျိုးကိုမဆို လုံးဝလက်မခံဘဲ ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့။

-ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားက အသက် ၃၆ နှစ်အရွယ်မှာ အင်္ဂလန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဘောလုံးလောကမှာ အသားကျနေခဲ့သူဖြစ်ပြီး ဘရာဇီးလ်နောက်ခံကစားသမားက ပရီးမီးယားလိဂ်ဟာ မတူညီတဲ့လိဂ်တွေအားလုံးကို ရောသမမွှေထားသလိုပဲလို့ နားလည်ထားပြီး ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားမှုက ပရီးမီးယားလိဂ်မှာ ရေရှည်ကစားနိုင်စေလိမ့်မယ်ဆိုတာကို ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ မက်ဆီတို့လို အမြဲတိုးတက်နေအောင် ကြိုးစားနေတဲ့ကစားသမားတွေကို နမူနာထားပြီး ပြောကြားခဲ့။

-ဆဲလ်တစ်လူငယ်နောက်ခံကစားသမား ဂျော့ရှ် ဒွိုက် လူမှုကွန်ရက်ပေါ်မှာ ၎င်းရဲ့ နာမည်ဟာ ချဲလ်ဆီး၊ အာဆင်နယ်တို့လို အသင်းမျိုးတွေနဲ့အတူ ဖော်ပြခံခဲ့ရတာကို မြင်တွေ့ခဲ့ရတာ မယုံကြည်နိုင်ဖြစ်ခဲ့မိတယ်လို့ ပြောကြားခဲ့ပြီး အသက် ၁၈ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ စီနီယာကစားသမားဘဝပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးကတည်းက ယခုရာသီမှာ ပထမအသင်းအတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိအောင် လုပ်ဆောင်ထားနိုင်ခဲ့သူဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ ယခုလာမယ့်နွေရာသီမှာ ကစားသမားသစ် ၃ ဦးအထိ ခေါ်ယူချင်တဲ့ဆန္ဒရှိနေတာကြောင့် ပစ်မှတ်စာရင်းထဲမှာ ကစားသမား ၃ ဦးကို ထည့်သွင်းထားပြီး လိုက်ပ်ဇစ်က အူပါမီကာနို၊ ဘိုင်ယန်မြူးနစ်က အလာဘာနဲ့ နောက်ဆုံးတစ်ယောက်ကတော့ စာချုပ်လျော်ကြေး ပေါင် ၆၈ သန်းတန်ကြေးရှိတဲ့ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းတို့ဖြစ်တယ်လို့ သိရ။ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကလည်း ပြီးခဲ့တဲ့နွေရာသီ နည်းပြဟောင်းလမ်းပတ်ကို ထောက်ခံခဲ့တဲ့အတိုင်း တူဟယ်ကို ထောက်ခံသွားလိုတဲ့ဆန္ဒရှိတယ်နေလို့ သိရ။

-ချဲလ်ဆီးအသင်းဟာ ဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားကို နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးခြင်းမပြုလုပ်ရသေးဘဲ ဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား အလာဘာကို ပစ်မှတ်ထားနေချိန်မှာ သြစတြီးယားလက်ရွေးစင်နောက်ခံကစားသမားက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားပုံကြောင့် ဗဟိုခံစစ်နေရာမှာ ကစားတာက ပိုမိုသင့်တော်တာကြောင့် ကစားနေပေမယ့်လည်း အမြဲတမ်း ဗဟိုခံစစ်နေရာမှာပဲ ကစားလိုခြင်းမရှိဘဲ ၎င်းရဲ့အဓိကနေရာဖြစ်တဲ့ ဘယ်နောက်ခံနေရာမှာ ကစားချင်တယ်လို့ The Kicker ကို ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့တဲ့စကားအရ ချဲလ်ဆီးရဲ့ဗဟိုနောက်ခံနေရာက အလာဘာအတွက် ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းတွေ မြင့်တက်လာနေတယ်လို့ football.london က ဖော်ပြခဲ့။

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ကန်တေဟာ တံကောက်ကြောဒဏ်ရာကနေ နောက်ထပ်တစ်ကြိမ် ကြံ့ခိုင်မှု ပြန်လည်ရရှိလာပြီဖြစ်ပြီး ပွဲထွက်လူစာရင်းထဲမှာ ဂျော်ဂျင်ညိုနဲ့အတူ ပြန်လည်ပါဝင်ကစားပေးနိုင်တော့မှာဖြစ်တာကြောင့် မက်တီယို ကိုဗာချစ်အနေနဲ့ အရန်ခုံထိုင်ရတော့မယ်လို့ နားလည်ရပြီး ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ဝုဗ်အသင်းနဲ့ပွဲစဉ်က အထင်ကြီးဖွယ်ခြေစွမ်းကြောင့် ခိုင် ဟားဗတ်ဇ်အစား ပွဲထွက်နေရာမှာ မေဆင်မောင့် ပါဝင်လာလိမ့်မယ်လို့ football.london က ဖော်ပြခဲ့။

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟောင်း ရှောင် ရိုက်-ဖိလစ်က ချဲလ်ဆီးအသင်းနည်းပြသစ် သောမတ်စ်တူယယ်ကို မေဆင်မောင့်ဆီက အကောင်းဆုံးပုံစံရရှိလာအောင် တိုက်စစ်ပိုင်းမှာ ပိုမိုအသုံးပြုဖို့အတွက် အကြံပြုပြောကြားခဲ့ပြီး မေဆင်မောင့်ရဲ့ လုပ်အားနှုန်း၊ အင်အားနဲ့ အရည်အသွေးကြောင့် ပြိုင်ဘက်ဧရိယာဝန်းကျင်မှာ ကစားဖို့ ပြီးပြည့်စုံတဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား အက်ဇ်ပလီကွေတာက ချဲလ်ဆီးအသင်းလေ့ကျင့်ရေးမှာ အန်တိုနီယို ရူဒီဂါနဲ့ အချင်းများခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့တယ်လို့ The Mirror က ဖော်ပြခဲ့ပြီး သတင်းတွေအရ ၎င်းတို့ ၂ ဦးဟာ မကြာခဏ အချင်းများတတ်ပြီး အသင်းလူစာရင်းကို မငြိမ်မသက်ဖြစ်လာအောင် ဖန်တီးနေတယ်လို့ သိရပေမယ့် အက်ဇ်ပလီကွေတာက ဂျာမန်နောက်ခံကစားသမားနဲ့ အလုပ်အတူတူလုပ်လာတာ နှစ်အနည်းငယ်ရှိခဲ့ပြီဖြစ်တဲ့အတွက် ဘာပြဿနာမှမရှိဘဲ အားလုံးအဆင်ပြေနေတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းနည္းျပသစ္ ေသာမတ္စ္ တူဟယ္ဟာ ဂ်ာမန္တိုက္စစ္မႉး တီမို ဗာနာကို ခ်ဲလ္ဆီးအသင္းမွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုး လြတ္လြတ္လပ္လပ္သြင္းယူနိုင္ေအာင္ ကြဲေၾကေနတဲ့ ယုံၾကည္မႈေတြကို ျပန္လည္တည္ေဆာက္ၿပီး ကူညီေပးနိုင္တယ္လို႔ လုံးဝယုံၾကည္ေနၿပီး အဲဒီလိုျဖစ္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို သိရွိေနတာေၾကာင့္ ဗာနာရဲ့ အေကာင္းဆုံးပုံစံ ျပန္ရေအာင္ လမ္းညႊန္ေပးဖို႔ ဆုံးျဖတ္ထားတယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းဟာ လူမႈကြန္ရက္ေပၚမွာ ၎တို႔ရဲ့ ညာေနာက္ခံကစားသမား ရီးစ္ ဂ်ိမ္းစ္ လူမ်ိဳးေရးခြဲျခားမႈ ခံခဲ့ရၿပီးေနာက္ ရြံရွာစက္ဆုပ္မိတယ္လို႔ ေျပာၾကားခဲ့ၿပီး ဂ်ိမ္းစ္ဟာ ေသာၾကာေန႔က အင္စတာဂရမ္မွာ ရရွိခဲ့တဲ့ လူမ်ိဳးေရးခြဲျခားတဲ့မက္ေဆ့ဂ်္ေတြကို တစ္စုံတရာကေတာ့ ေျပာင္းလဲဖို႔ လိုအပ္ေနၿပီဆိုတဲ့စာသားနဲ႔အတူ တင္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းက ခြဲျခားဆက္ဆံတဲ့ ဘယ္လိုအျပဳအမူမ်ိဳးကိုမဆို လုံးဝလက္မခံဘဲ ျပစ္တင္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့။

-ခ်ဲလ္ဆီးဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားက အသက္ ၃၆ ႏွစ္အရြယ္မွာ အဂၤလန္ကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ေဘာလုံးေလာကမွာ အသားက်ေနခဲ့သူျဖစ္ၿပီး ဘရာဇီးလ္ေနာက္ခံကစားသမားက ပရီးမီးယားလိဂ္ဟာ မတူညီတဲ့လိဂ္ေတြအားလုံးကို ေရာသမေမႊထားသလိုပဲလို႔ နားလည္ထားၿပီး ျပင္းျပင္းထန္ထန္အလုပ္ႀကိဳးစားမႈက ပရီးမီးယားလိဂ္မွာ ေရရွည္ကစားနိုင္ေစလိမ့္မယ္ဆိုတာကို ခရစ္စတီယာနိုေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔လို အျမဲတိုးတက္ေနေအာင္ ႀကိဳးစားေနတဲ့ကစားသမားေတြကို နမူနာထားၿပီး ေျပာၾကားခဲ့။

-ဆဲလ္တစ္လူငယ္ေနာက္ခံကစားသမား ေဂ်ာ့ရွ္ ဒြိဳက္ လူမႈကြန္ရက္ေပၚမွာ ၎ရဲ့ နာမည္ဟာ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔လို အသင္းမ်ိဳးေတြနဲ႔အတူ ေဖာ္ျပခံခဲ့ရတာကို ျမင္ေတြ႕ခဲ့ရတာ မယုံၾကည္နိုင္ျဖစ္ခဲ့မိတယ္လို႔ ေျပာၾကားခဲ့ၿပီး အသက္ ၁၈ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ စီနီယာကစားသမားဘဝပြဲဦးထြက္ပါဝင္ကစားေပးခဲ့ၿပီးကတည္းက ယခုရာသီမွာ ပထမအသင္းအတြက္ ပုံမွန္ပြဲထြက္ကစားခြင့္ရရွိေအာင္ လုပ္ေဆာင္ထားနိုင္ခဲ့သူျဖစ္တယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ ယခုလာမယ့္ေႏြရာသီမွာ ကစားသမားသစ္ ၃ ဦးအထိ ေခၚယူခ်င္တဲ့ဆႏၵရွိေနတာေၾကာင့္ ပစ္မွတ္စာရင္းထဲမွာ ကစားသမား ၃ ဦးကို ထည့္သြင္းထားၿပီး လိုက္ပ္ဇစ္က အူပါမီကာနို၊ ဘိုင္ယန္ျမဴးနစ္က အလာဘာနဲ႔ ေနာက္ဆုံးတစ္ေယာက္ကေတာ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၈ သန္းတန္ေၾကးရွိတဲ့ ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး ဟာလန္းတုိ႔ျဖစ္တယ္လုိ႔ သိရ။ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ကလည္း ၿပီးခဲ့တဲ့ေႏြရာသီ နည္းျပေဟာင္းလမ္းပတ္ကို ေထာက္ခံခဲ့တဲ့အတိုင္း တူဟယ္ကို ေထာက္ခံသြားလိုတဲ့ဆႏၵရွိတယ္ေနလို႔ သိရ။

-ခ်ဲလ္ဆီးအသင္းဟာ ဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားကို ေနာက္ထပ္တစ္ႏွစ္ စာခ်ဳပ္သက္တမ္းတိုးျခင္းမျပဳလုပ္ရေသးဘဲ ဗဟိုခံစစ္ကစားသမားေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား အလာဘာကို ပစ္မွတ္ထားေနခ်ိန္မွာ ၾသစႀတီးယားလက္ေရြးစင္ေနာက္ခံကစားသမားက ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ကစားပုံေၾကာင့္ ဗဟိုခံစစ္ေနရာမွာ ကစားတာက ပိုမိုသင့္ေတာ္တာေၾကာင့္ ကစားေနေပမယ့္လည္း အျမဲတမ္း ဗဟိုခံစစ္ေနရာမွာပဲ ကစားလိုျခင္းမရွိဘဲ ၎ရဲ့အဓိကေနရာျဖစ္တဲ့ ဘယ္ေနာက္ခံေနရာမွာ ကစားခ်င္တယ္လို႔ The Kicker ကို ၿပီးခဲ့တဲ့ႏွစ္က ေျပာၾကားခဲ့တဲ့စကားအရ ခ်ဲလ္ဆီးရဲ့ဗဟိုေနာက္ခံေနရာက အလာဘာအတြက္ ျဖစ္နိုင္ပါ့မလားလို႔ ေမးခြန္းေတြ ျမင့္တက္လာေနတယ္လို႔ football.london က ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ကန္ေတဟာ တံေကာက္ေၾကာဒဏ္ရာကေန ေနာက္ထပ္တစ္ႀကိမ္ ႀကံ့ခိုင္မႈ ျပန္လည္ရရွိလာၿပီျဖစ္ၿပီး ပြဲထြက္လူစာရင္းထဲမွာ ေဂ်ာ္ဂ်င္ညိဳနဲ႔အတူ ျပန္လည္ပါဝင္ကစားေပးနိုင္ေတာ့မွာျဖစ္တာေၾကာင့္ မက္တီယို ကိုဗာခ်စ္အေနနဲ႔ အရန္ခုံထိုင္ရေတာ့မယ္လို႔ နားလည္ရၿပီး ဘန္ေလအသင္းနဲ႔ပြဲစဥ္မွာ ဝုဗ္အသင္းနဲ႔ပြဲစဥ္က အထင္ႀကီးဖြယ္ေျခစြမ္းေၾကာင့္ ခိုင္ ဟားဗတ္ဇ္အစား ပြဲထြက္ေနရာမွာ ေမဆင္ေမာင့္ ပါဝင္လာလိမ့္မယ္လို႔ football.london က ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ေဟာင္း ေရွာင္ ရိုက္-ဖိလစ္က ခ်ဲလ္ဆီးအသင္းနည္းျပသစ္ ေသာမတ္စ္တူယယ္ကို ေမဆင္ေမာင့္ဆီက အေကာင္းဆံုးပံုစံရရွိလာေအာင္ တုိက္စစ္ပိုင္းမွာ ပိုမိုအသံုးျပဳဖို႔အတြက္ အႀကံျပဳေျပာၾကားခဲ့ၿပီး ေမဆင္ေမာင့္ရဲ႕ လုပ္အားႏႈန္း၊ အင္အားနဲ႔ အရည္အေသြးေၾကာင့္ ၿပိဳင္ဘက္ဧရိယာဝန္းက်င္မွာ ကစားဖို႔ ၿပီးျပည့္စံုတဲ့သူျဖစ္တယ္လုိ႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးဝါရင့္ေနာက္ခံကစားသမား အက္ဇ္ပလီေကြတာက ခ်ဲလ္ဆီးအသင္းေလ့က်င့္ေရးမွာ အန္တိုနီယို ရူဒီဂါနဲ႔ အခ်င္းမ်ားခဲ့တယ္ဆုိတဲ့သတင္းေတြကို ျငင္းပယ္သြားခဲ့တယ္လုိ႔ The Mirror က ေဖာ္ျပခဲ့ၿပီး သတင္းေတြအရ ၎တုိ႔ ၂ ဦးဟာ မၾကာခဏ အခ်င္းမ်ားတတ္ၿပီး အသင္းလူစာရင္းကို မၿငိမ္မသက္ျဖစ္လာေအာင္ ဖန္တီးေနတယ္လုိ႔ သိရေပမယ့္ အက္ဇ္ပလီေကြတာက ဂ်ာမန္ေနာက္ခံကစားသမားနဲ႔ အလုပ္အတူတူလုပ္လာတာ ႏွစ္အနည္းငယ္ရွိခဲ့ၿပီျဖစ္တဲ့အတြက္ ဘာျပႆနာမွမရွိဘဲ အားလံုးအဆင္ေျပေနတယ္လုိ႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.