Premier League Transfer News

30 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်း မပါဝင်ဘဲ ရင်ဆိုင်ကစားသွားရမှာဖြစ်ပြီး အမေ နေမကောင်းလို့ လေယာဉ်စီး ခရီးသွားခဲ့တဲ့ ဂါဘွန်သားအနေနဲ့ ကွာရန်တင်း စည်းမျဉ်းကို လိုက်နာရမှာဖြစ်ကြောင်း သိရ။

– ပရီးမီးယားလိဂ်အသင်းတွေက အလိုရှိနေခဲ့တဲ့ ဟိုက်ဘာနီးယန်းနောက်ခံလူ ဂျော့ရှ် ဒွိုက်အတွက် သူတို့နှစ်သင်းကြား ဂိုးသမား မတ်မေစီရဲ့ အပြောင်းအရွှေ့ကို ပြုလုပ်ထားတာကြောင့် အာဆင်နယ်တို့ အလေးသာနေသလို ကစားသမားအနေနဲ့လည်း တီယာနီနဲ့ ရောဘတ်ဆန်တို့လို စကော့တလန်ဘယ်နောက်ခံလူတွေရဲ့ ခြေရာနင်းချင်တယ်လို့ ဝန်ခံထား။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်အတွက် အသင်းရဲ့ အဓိက ကစားသမားနှစ်ဦး ပြန်လည် ပါဝင်နိုင်မှာဖြစ်ပြီး နောက်ခံလူ ကီရန် တီယာနီနဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးတို့ အင်ပြည့်အားပြည့် လေ့ကျင့်နေသလို ကစားသမားသစ် အော်ဒီဂွါဒ်ကိုလည်း ဒဏ်ရာပြဿနာရှိနေတဲ့ စမစ်ရိုးအစား အသုံးပြုနိုင်ဖွယ်ရှိနေ။

– အသင်းရဲ့ ကစားခွင့်မရတဲ့ အင်္ဂလန် ယူ-၂၁ လူငယ်လက်ရွေးစင်တွေဖြစ်ကြတဲ့ တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်နဲ့ ကွင်းလယ်လူ ဂျိုး ဝီလော့ခ်တို့ကို အပြောင်းအရွှေ့ မပိတ်ခင်မှာ ချန်ပီယံရှစ်ကို အငှားချထားလိုတယ်လို့ နည်းပြ မီခယ်လ် အာတီတာက ပြောလိုက်ပြီး ကမ်းလှမ်းမှုတွေကို စောင့်ကြိုနေ။

– ဘူကာယို ဆာကာဟာ မန်ချက်စတာယူနိုက်တက်ကို ကောင်းကောင်းကြီး ဒုက္ခပေးမယ့်သူဖြစ်ပြီး ဘယ်ခြမ်းမှာ လုခ်ရှောနဲ့ အဲလက်စ် တဲလက်စ် ဘယ်သူ့ကိုထားထား ကျော်ဖြတ်နိုင်မှာဖြစ်သလို သူ့ရဲ့ တစ်ဦးချင်း ရုန်းကန်ကျော်ဖြတ်နိုင်စွမ်းကလည်း အများကြီး တိုးတက်လာတယ်လို့ စကိုင်းစပို့စ်ရဲ့ အလန် မက်ကင်နယ်လီ သုံးသပ်သွား။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အာဆင်နယ်အသင်းရဲ့ မာတင် အော်ဒီဂွါဒ်ကို အငှားခေါ်ယူနိုင်တဲ့ အပြောင်းအရွှေ့ဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး ကစားသမားရဲ့ အရည်အသွေးက ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တယ်လို့ နော်ဝေသားချင်း ထောက်ခံမှုပေးသွားခဲ့။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းမှုတွေကို ဖြေကြားရာမှာ အသင်းပရိသတ်တွေ စိုးရိမ်နေသလို လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုး နေရာမပျောက်နိုင်ဘဲ သူနဲ့ အော်ဒီဂွါဒ်တို့အနေနဲ့ အတူတွဲဖက်ကစားနိုင်ကြောင်း ပြောကြားသွား။

– ဝုလ်ဗ်စ်၊ ဝက်စ်ဘရွန်းနဲ့ ထိပ်ဆုံးလေးသင်းဝင် အသင်းတစ်သင်း(လက်စတာဖြစ်ဖွယ်ရှိ)က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို အငှားခေါ်ယူကြမယ့် ပြိုင်ပွဲမှာ ဆောက်သမ်တန်အသင်းပါ ပါဝင်လာခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ဘာထရန်အတွက် တစ်နည်းတစ်ဖုံ သဘောတူညီမှု ပြုလုပ်နိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းရဲ့ Invincible ဂန္ထဝင်နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံမယ့်ပွဲဟာ သူတို့အတွက် အိမ်ကွင်းမှာ အနိုင်သုံးမှတ်ယူပြီး အမှတ်ပေးဇယားအပေါ်ပိုင်းကို တက်လှမ်းဖို့အတွက် နည်းပြ အာတီတာရဲ့ အခွင့်အရေးပဲလို့ ပွဲကြိုပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္း မပါဝင္ဘဲ ရင္ဆိုင္ကစားသြားရမွာျဖစ္ၿပီး အေမ ေနမေကာင္းလို႔ ေလယာဥ္စီး ခရီးသြားခဲ့တဲ့ ဂါဘြန္သားအေနနဲ႔ ကြာရန္တင္း စည္းမ်ဥ္းကို လိုက္နာရမွာျဖစ္ေၾကာင္း သိရ။

– ပရီးမီးယားလိဂ္အသင္းေတြက အလိုရွိေနခဲ့တဲ့ ဟိုက္ဘာနီးယန္းေနာက္ခံလူ ေဂ်ာ့ရွ္ ဒြိဳက္အတြက္ သူတို႔ႏွစ္သင္းၾကား ဂိုးသမား မတ္ေမစီရဲ႕ အေျပာင္းအေ႐ႊ႕ကို ျပဳလုပ္ထားတာေၾကာင့္ အာဆင္နယ္တို႔ အေလးသာေနသလို ကစားသမားအေနနဲ႔လည္း တီယာနီနဲ႔ ေရာဘတ္ဆန္တို႔လို စေကာ့တလန္ဘယ္ေနာက္ခံလူေတြရဲ႕ ေျခရာနင္းခ်င္တယ္လို႔ ဝန္ခံထား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္အတြက္ အသင္းရဲ႕ အဓိက ကစားသမားႏွစ္ဦး ျပန္လည္ ပါဝင္ႏိုင္မွာျဖစ္ၿပီး ေနာက္ခံလူ ကီရန္ တီယာနီနဲ႔ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးတို႔ အင္ျပည့္အားျပည့္ ေလ့က်င့္ေနသလို ကစားသမားသစ္ ေအာ္ဒီဂြါဒ္ကိုလည္း ဒဏ္ရာျပႆနာရွိေနတဲ့ စမစ္႐ိုးအစား အသုံးျပဳႏိုင္ဖြယ္ရွိေန။

– အသင္းရဲ႕ ကစားခြင့္မရတဲ့ အဂၤလန္ ယူ-၂၁ လူငယ္လက္ေ႐ြးစင္ေတြျဖစ္ၾကတဲ့ ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္နဲ႔ ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္တို႔ကို အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ ခ်န္ပီယံရွစ္ကို အငွားခ်ထားလိုတယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက ေျပာလိုက္ၿပီး ကမ္းလွမ္းမႈေတြကို ေစာင့္ႀကိဳေန။

– ဘူကာယို ဆာကာဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေကာင္းေကာင္းႀကီး ဒုကၡေပးမယ့္သူျဖစ္ၿပီး ဘယ္ျခမ္းမွာ လုခ္ေရွာနဲ႔ အဲလက္စ္ တဲလက္စ္ ဘယ္သူ႔ကိုထားထား ေက်ာ္ျဖတ္ႏိုင္မွာျဖစ္သလို သူ႔ရဲ႕ တစ္ဦးခ်င္း ႐ုန္းကန္ေက်ာ္ျဖတ္ႏိုင္စြမ္းကလည္း အမ်ားႀကီး တိုးတက္လာတယ္လို႔ စကိုင္းစပို႔စ္ရဲ႕ အလန္ မက္ကင္နယ္လီ သုံးသပ္သြား။

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက အာဆင္နယ္အသင္းရဲ႕ မာတင္ ေအာ္ဒီဂြါဒ္ကို အငွားေခၚယူႏိုင္တဲ့ အေျပာင္းအေ႐ႊ႕ဟာ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ၿပီး ကစားသမားရဲ႕ အရည္အေသြးက ဘယ္အသင္းကိုမဆို ဒုကၡေပးႏိုင္တယ္လို႔ ေနာ္ေဝသားခ်င္း ေထာက္ခံမႈေပးသြားခဲ့။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက သတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းမႈေတြကို ေျဖၾကားရာမွာ အသင္းပရိသတ္ေတြ စိုးရိမ္ေနသလို လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုး ေနရာမေပ်ာက္ႏိုင္ဘဲ သူနဲ႔ ေအာ္ဒီဂြါဒ္တို႔အေနနဲ႔ အတူတြဲဖက္ကစားႏိုင္ေၾကာင္း ေျပာၾကားသြား။

– ဝုလ္ဗ္စ္၊ ဝက္စ္ဘ႐ြန္းနဲ႔ ထိပ္ဆုံးေလးသင္းဝင္ အသင္းတစ္သင္း(လက္စတာျဖစ္ဖြယ္ရွိ)က စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို အငွားေခၚယူၾကမယ့္ ၿပိဳင္ပြဲမွာ ေဆာက္သမ္တန္အသင္းပါ ပါဝင္လာခဲ့ၿပီး အာဆင္နယ္အသင္းနဲ႔ ဘာထရန္အတြက္ တစ္နည္းတစ္ဖုံ သေဘာတူညီမႈ ျပဳလုပ္ႏိုင္ဖြယ္ရွိေနတယ္လို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းရဲ႕ Invincible ဂႏၴဝင္ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံမယ့္ပြဲဟာ သူတို႔အတြက္ အိမ္ကြင္းမွာ အႏိုင္သုံးမွတ္ယူၿပီး အမွတ္ေပးဇယားအေပၚပိုင္းကို တက္လွမ္းဖို႔အတြက္ နည္းျပ အာတီတာရဲ႕ အခြင့္အေရးပဲလို႔ ပြဲႀကိဳေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.