Premier League Transfer News

30 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ချန်ပီယံဆုအတွက် ဘာမှ ပြောလို့ မရနိုင်သေးဘဲ ဒီရာသီဟာ ခန့်မှန်းရ ခက်တယ်လို့ ဆိုလိုက်ပြီး အာဆင်နယ်နဲ့ ပွဲအတွက်တော့ သူတို့အသင်းက ပိုပြီးကောင်းသလို အခွင့်အရေးတွေကို အသုံးချနိုင်လိမ့်မယ်လို့ ပြောကြားသွား။

– အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေထဲက နောက်ခံလူ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်အနေနဲ့ ကျောဒဏ်ရာ တိုးတက်မှုတွေ ရှိနေပြီး အာဆင်နယ်နဲ့ အရေးပါတဲ့ ပွဲအတွက် နောက်ဆုံးအချိန်အထိ စောင့်ကြည့်ပြီးမှ လူစာရင်းထဲ ထည့်သွင်းဖို့ ရှိနေတယ်လို့ ဆိုးလ်ရှား ရှင်းလင်းသွား။

– ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာ ခေါ်ယူခဲ့တဲ့ ဥရုဂွေးတောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီကို ယူနိုက်တက်တို့အနေနဲ့ လက်ကျန်ရာသီအတွက် ၆ လ အငှားစာချုပ်နဲ့ စပိန်ဆီဂန်ဒါကလပ် အလာဗက်စ်မှာ သွားရောက်ကစားစေဖို့ သဘောတူညီခဲ့။

– အာဆင်နယ်နဲ့ပွဲမှာ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လိုကို ပွဲထွက်စေဦးမှာ မဟုတ်ဘဲ ယူ-၂၃ အသင်းနဲ့ ကစားဖို့ နည်းပြ ဆိုးလ်ရှားက ညွှန်ကြားထားပြီး အင်္ဂလိပ်ဘောလုံးကစားဟန်နဲ့ အသားကျဖို့ကို အရင်ဆုံး ပစ်မှတ်ထားနေတယ်လို့ဆို။

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်း မပါဝင်ဘဲ ရင်ဆိုင်ကစားသွားရမှာဖြစ်ပြီး အမေ နေမကောင်းလို့ လေယာဉ်စီး ခရီးသွားခဲ့တဲ့ ဂါဘွန်သားအနေနဲ့ ကွာရန်တင်း စည်းမျဉ်းကို လိုက်နာရမှာဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေ စုံလင်နိုင်တယ်လို့ သိရ။

– အိုးလ္ထရက္ဖို႔ဒ္မွာေတာင္ အႏိုင္ယူထားခဲ့တဲ့ အာဆင္နယ္ဟာ လက္ရွိအခ်ိန္မွာ ပုိမုိေကာင္းမြန္လာတဲ့ ေျခစြမ္းနဲ႔အတူ အမ္းမရိတ္မွာလည္း အႏုိင္ယူမွာျဖစ္ၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရလိမ့္မယ္လို႔ ဘီဘီစီရဲ႕ မာ့ခ္ ေလာ္ရင္ဆန္ (ေလာ္႐ို)က ခန္႔မွန္းခဲ့ၿပီး ရွက္ဖီးလ္ဒ္နဲ႔ပြဲက သူတုိ႔ကို ယုံၾကည္မွဳ ေလ်ာ့နည္းေစခဲ့တယ္လို႔ဆို။

– ယူနိုက်တက်တို့အနေနဲ့ အသင်းရဲ့ စီနီယာတောင်ပံကစားသမားတစ်ဦး လိုအပ်ချက်ကို အားဖြည့်သွားဦးမှာဖြစ်ပြီး ဒေါ့မွန်က ရောင်းချဖို့ နီးစပ်နေတဲ့ ဂျေဒန် ဆန်ချိုကို နွေရာသီမှာ ကြိုးစားသွားမှာဖြစ်သလို ဈေးညှိမရခဲ့ရင်တော့ ဘာစီလိုနာရဲ့ အူစမန် ဒမ်ဘီလီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေ။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အာဆင်နယ်အသင်းရဲ့ မာတင် အော်ဒီဂွါဒ်ကို အငှားခေါ်ယူနိုင်တဲ့ အပြောင်းအရွှေ့ဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး ကစားသမားရဲ့ အရည်အသွေးက ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တယ်လို့ နော်ဝေသားချင်း ထောက်ခံမှုပေးသွားခဲ့။

– အာဆင်နယ်နဲ့ပွဲဟာ မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ ခက်ခဲနိုင်ပေမယ့် သူတို့ရဲ့ အသင်းစံချိန်တင် အဝေးကွင်းရှုံးပွဲမရှိ မှတ်တမ်းကို ရေးထိုးနိုင်မယ့်ပွဲဖြစ်တာကြောင့် အမ်းမရိတ်ကွင်းမှာ နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားတဲ့ သူတို့ရဲ့ ရလဒ်ဆိုးရွားနေမှုကို ရပ်တန့်ဖို့ အရေးကြီးနေ။

– ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းကို ပထမဆုံးနေ့ကတည်းက လက်ရှိအချိန်အထိ လွှမ်းမိုးနိုင်ခဲ့သူဖြစ်ပြီး တိုက်စစ်ကစားပုံကောင်းနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်သူဖြစ်သလို နိုင်ပွဲဆာလောင်သူလည်းဖြစ်ကြောင်း အသင်းကို ရောက်လို့ တစ်နှစ်ပြည့်ချိန်မှာ နည်းပြ ဆိုးလ်ရှား ချီးကျူးသွား။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံမယ့်ပွဲဟာ သူတို့အတွက် အိမ်ကွင်းမှာ အနိုင်သုံးမှတ်ယူပြီး အမှတ်ပေးဇယားအပေါ်ပိုင်းကို တက်လှမ်းဖို့အတွက် အခွင့်အရေးပဲလို့ ပွဲကြိုပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက ခ်န္ပီယံဆုအတြက္ ဘာမွ ေျပာလို႔ မရႏိုင္ေသးဘဲ ဒီရာသီဟာ ခန႔္မွန္းရ ခက္တယ္လို႔ ဆိုလိုက္ၿပီး အာဆင္နယ္နဲ႔ ပြဲအတြက္ေတာ့ သူတို႔အသင္းက ပိုၿပီးေကာင္းသလို အခြင့္အေရးေတြကို အသုံးခ်ႏိုင္လိမ့္မယ္လို႔ ေျပာၾကားသြား။

– အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြထဲက ေနာက္ခံလူ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္အေနနဲ႔ ေက်ာဒဏ္ရာ တိုးတက္မႈေတြ ရွိေနၿပီး အာဆင္နယ္နဲ႔ အေရးပါတဲ့ ပြဲအတြက္ ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္ၿပီးမွ လူစာရင္းထဲ ထည့္သြင္းဖို႔ ရွိေနတယ္လို႔ ဆိုးလ္ရွား ရွင္းလင္းသြား။

– ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ပိတ္သိမ္းခါနီးမွာ ေခၚယူခဲ့တဲ့ ဥ႐ုေဂြးေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီကို ယူႏိုက္တက္တို႔အေနနဲ႔ လက္က်န္ရာသီအတြက္ ၆ လ အငွားစာခ်ဳပ္နဲ႔ စပိန္ဆီဂန္ဒါကလပ္ အလာဗက္စ္မွာ သြားေရာက္ကစားေစဖို႔ သေဘာတူညီခဲ့။

– အာဆင္နယ္နဲ႔ပြဲမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ လူငယ္ေတာင္ပံကစားသမား အာမက္ ဂ်ယ္လိုကို ပြဲထြက္ေစဦးမွာ မဟုတ္ဘဲ ယူ-၂၃ အသင္းနဲ႔ ကစားဖို႔ နည္းျပ ဆိုးလ္ရွားက ၫႊန္ၾကားထားၿပီး အဂၤလိပ္ေဘာလုံးကစားဟန္နဲ႔ အသားက်ဖို႔ကို အရင္ဆုံး ပစ္မွတ္ထားေနတယ္လို႔ဆို။

– အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္း မပါဝင္ဘဲ ရင္ဆိုင္ကစားသြားရမွာျဖစ္ၿပီး အေမ ေနမေကာင္းလို႔ ေလယာဥ္စီး ခရီးသြားခဲ့တဲ့ ဂါဘြန္သားအေနနဲ႔ ကြာရန္တင္း စည္းမ်ဥ္းကို လိုက္နာရမွာျဖစ္ၿပီး က်န္တဲ့ ကစားသမားေတြ စုံလင္ႏိုင္တယ္လို႔ သိရ။

– အိုးလၳရကၹိဳ႕ဒၼြာေတာင္ အႏိုင္ယဴထားခဲ့တဲ့ အာဆငၷယ္ဟာ လက္႐ြိအခ္ိႏၼြာ ပုိမုိေကာင္းျမႏႅာတဲ့ ေ်ချစမ္းနဲ႔အတူ အမ္းမရိတၼြာလၫ္း အႏုိင္ယဴမြာ်ဖစ္ၿပီး ႏြစၢိဳး-တစၢိဳးနဲ႔ အႏုိင္ရလိမ့္မယႅိဳ႕ ဘီဘီစီရဲ႕ မာ့ခ္ ေလာ္ရငၦႏ္ (ေလာ္႐ို)က ခႏ္႔မြႏ္းခဲ့ၿပီး ႐ြကၹီးလၵၷဲ႔ၿပဲက သူတုိ႔ကို ယုံၾကၫၼြဳ ေလ္ာ့နၫ္းေစခဲ့တယႅိဳ႕ဆို။

– ယူႏိုက္တက္တို႔အေနနဲ႔ အသင္းရဲ႕ စီနီယာေတာင္ပံကစားသမားတစ္ဦး လိုအပ္ခ်က္ကို အားျဖည့္သြားဦးမွာျဖစ္ၿပီး ေဒါ့မြန္က ေရာင္းခ်ဖို႔ နီးစပ္ေနတဲ့ ေဂ်ဒန္ ဆန္ခ်ိဳကို ေႏြရာသီမွာ ႀကိဳးစားသြားမွာျဖစ္သလို ေဈးညႇိမရခဲ့ရင္ေတာ့ ဘာစီလိုနာရဲ႕ အူစမန္ ဒမ္ဘီလီကို ေခၚယူဖို႔ ပစ္မွတ္ထားေန။

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက အာဆင္နယ္အသင္းရဲ႕ မာတင္ ေအာ္ဒီဂြါဒ္ကို အငွားေခၚယူႏိုင္တဲ့ အေျပာင္းအေ႐ႊ႕ဟာ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ၿပီး ကစားသမားရဲ႕ အရည္အေသြးက ဘယ္အသင္းကိုမဆို ဒုကၡေပးႏိုင္တယ္လို႔ ေနာ္ေဝသားခ်င္း ေထာက္ခံမႈေပးသြားခဲ့။

– အာဆင္နယ္နဲ႔ပြဲဟာ မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ေတာ့ ခက္ခဲႏိုင္ေပမယ့္ သူတို႔ရဲ႕ အသင္းစံခ်ိန္တင္ အေဝးကြင္းရႈံးပြဲမရွိ မွတ္တမ္းကို ေရးထိုးႏိုင္မယ့္ပြဲျဖစ္တာေၾကာင့္ အမ္းမရိတ္ကြင္းမွာ ေနာက္ဆုံးႏွစ္ပြဲဆက္ ရႈံးနိမ့္ထားတဲ့ သူတို႔ရဲ႕ ရလဒ္ဆိုး႐ြားေနမႈကို ရပ္တန႔္ဖို႔ အေရးႀကီးေန။

– ဘ႐ူႏို ဖာနန္ဒက္စ္ဟာ အသင္းကို ပထမဆုံးေန႔ကတည္းက လက္ရွိအခ်ိန္အထိ လႊမ္းမိုးႏိုင္ခဲ့သူျဖစ္ၿပီး တိုက္စစ္ကစားပုံေကာင္းနဲ႔ ပြဲအေျဖကို ေျပာင္းလဲႏိုင္သူျဖစ္သလို ႏိုင္ပြဲဆာေလာင္သူလည္းျဖစ္ေၾကာင္း အသင္းကို ေရာက္လို႔ တစ္ႏွစ္ျပည့္ခ်ိန္မွာ နည္းျပ ဆိုးလ္ရွား ခ်ီးက်ဴးသြား။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံမယ့္ပြဲဟာ သူတို႔အတြက္ အိမ္ကြင္းမွာ အႏိုင္သုံးမွတ္ယူၿပီး အမွတ္ေပးဇယားအေပၚပိုင္းကို တက္လွမ္းဖို႔အတြက္ အခြင့္အေရးပဲလို႔ ပြဲႀကိဳေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.