Premier League Transfer News

အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အတွက် ကိုင်တွယ်ရခက်တဲ့ ခံစစ်ပြဿနာ

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ညကစပြီး ပြဿနာသစ်တစ်ခုကို လောလောလတ်လတ် ရင်ဆိုင်လိုက်ရပြီး အပြောင်းအရွှေ့ပိတ်ဖို့ ၃ ရက်လောက်သာ လိုတော့တဲ့ အချိန်မှာ သူတို့ရဲ့ စွယ်စုံရ ကစားသမား အိန်းစလီ မိတ်လန်းနိုင်းလ်စ်က အသင်းကနေ ကစားခွင့်အတွက် ထွက်ခွာဖို့ တောင်းဆိုမှု ပြုလုပ်လိုက်တာဖြစ်ပါတယ်။

ကစားသမားဘက်က ကြည့်ရင် ကစားခွင့် မရတဲ့ အခြေအနေက မလွန်ပေမယ့် အပြောင်းအရွှေ့ မပိတ်ခင် ၃ ရက်မှာမှ ထွက်ခွာမယ်ဆိုတာကတော့ အသင်းကို အကျပ်အတည်းထဲ ရောက်အောင် ရည်ရွယ်သလိုဖြစ်နေပြီး အာဆင်နယ်တို့အနေနဲ့ ဝုလ်ဗ်စ်က စိတ်ဝင်တစားနဲ့ အလိုရှိနေတဲ့ သူ့ကို လက်လွှတ်ရရင် နောက်ခံလူသစ်တစ်ယောက်ကို မဖြစ်မနေ ခေါ်ယူရတော့မှာပါ။

ကွင်းလယ်၊ တောင်ပံနဲ့ ခံစစ်တွေမှာ ကစားနိုင်စွမ်းရှိတဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဘယ်နေရာမှာမှ အထူးချွန်ကြီးမဟုတ်လည်း သူ့ရဲ့ လုပ်အားနှုန်းနဲ့ ကြိုးစားမှုက သူ့ကို အရန်ကစားသမားကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခံရစေသလို အဓိကအားဖြင့် သုံးလေးနေရာအတွက် သူ့ကို အရန်ခုံပေါ်မှာ တစ်ဦးတည်း တင်ထားရုံနဲ့ Cover ဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေကိုလည်း ပိုခေါ်ခွင့်ရှိစေသူ ဖြစ်ပါတယ်။

ဒါကြောင့် သူသာ ထွက်ခွာမယ်ဆိုရင်တော့ ဘယ်နောက်ခံနေရာမှာ ဆီးဒရစ်ကို အရန်အဖြစ် ဂဏန်းငြိမ်သွားစေတဲ့ တည်ငြိမ်မှုက အနည်းနဲ့အများ ပျက်ပြားတော့မှာဖြစ်ပြီး ချိမ်းဘားစ်သာ အချိန်မီ မကစားနိုင်ဘူးဆိုရင် အာတီတာအနေနဲ့ ပေါ်တူဂီသားကို ညာခြမ်းအတွက် ပြန်စဉ်းစားပြီး တီယာနီနေရာအတွက် Backup တစ်ဦးကို မဖြစ်မနေ ရယူသွားတာတော့မှာပါ။

လက်ရှိမှာတော့ အာဆင်နယ်တို့ ဈေးကွက်ထဲမှာ အသုံးဝင်နိုင်ဆုံးနဲ့ အသက်သာဆုံး ကစားသမားတစ်ဦးကို စိစစ်ရွေးချယ်နေပြီး ၆ လစာချုပ် လက်ကျန်ရှိနေတဲ့ ကစားသမား ၃ ဦးဖြစ်တဲ့ ဘာထရန်၊ မစ်ချဲလ်နဲ့ အာမာဗီတို့ကို စောင့်ကြည့်နေခဲ့သလို နောက်ဆုံးအနေနဲ့တော့ ဒီစာရင်းထဲကို စွန့်စားခေါ်ယူရမယ့် ဟိုက်ဘာနီးယန်းက စကော့တလန်လူငယ် ဂျော့ရှ် ဒွိုက်ကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။

ကစားသမားတွေရဲ့ လက်ရှိ ပေါက်ဈေးကတော့ မစ်ချဲလ်က ယူရို ၅ သန်း၊ ဘာထရန်က ယူရို ဆယ်သန်းခွဲ၊ အာမာဗီက ယူရို ၁၀ သန်း အသီးသီးရှိနေပြီး ၆ လကျန် စာချုပ်တွေကြောင့် သုံးပုံတစ်ပုံ ဈေးလောက်နဲ့ ခေါ်ယူရရှိနိုင်ပြီး မစ်ချဲလ်ကိုတော့ အရည်အသွေးမြင့် လူငယ်မို့လို့ ပိုမိုပေးချေရနိုင်ချိန်မှာ ဂျော့ရှ် ဒွိုက်ကတော့ ယူရိုတစ်သန်းခွဲလောက်နဲ့ ရိုးရိုးရှင်းရှင်း ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဈေးကွက်ထဲမှာ ဘယ်နောက်ခံနေရာအတွက် သွေးအေးဖို့ ရှိနေခဲ့ပေမယ့် ဒီအတိုင်းဆိုရင်တော့ ဇန်နဝါရီမှာ မိတ်လန်းနိုင်းလ်စ်ရဲ့ အမွှေကြောင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ပြောင်းလဲရဖွယ်ရှိနေပြီး လက်ကျန်ရက်ပိုင်းအတွင်း သူ့ကို မတားဆီးနိုင်ခဲ့ရင်တော့ အသင်းရဲ့ စောင့်ကြည့်စာရင်း ၄ ဦးထဲက တစ်ဦးကို အမြန်ဆုံးလှုပ်ရှားသွားရဖို့ လိုအပ်နေပြီဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ညကစၿပီး ျပႆနာသစ္တစ္ခုကို ေလာေလာလတ္လတ္ ရင္ဆိုင္လိုက္ရၿပီး အေျပာင္းအေ႐ႊ႕ပိတ္ဖို႔ ၃ ရက္ေလာက္သာ လိုေတာ့တဲ့ အခ်ိန္မွာ သူတို႔ရဲ႕ စြယ္စုံရ ကစားသမား အိန္းစလီ မိတ္လန္းႏိုင္းလ္စ္က အသင္းကေန ကစားခြင့္အတြက္ ထြက္ခြာဖို႔ ေတာင္းဆိုမႈ ျပဳလုပ္လိုက္တာျဖစ္ပါတယ္။

ကစားသမားဘက္က ၾကည့္ရင္ ကစားခြင့္ မရတဲ့ အေျခအေနက မလြန္ေပမယ့္ အေျပာင္းအေ႐ႊ႕ မပိတ္ခင္ ၃ ရက္မွာမွ ထြက္ခြာမယ္ဆိုတာကေတာ့ အသင္းကို အက်ပ္အတည္းထဲ ေရာက္ေအာင္ ရည္႐ြယ္သလိုျဖစ္ေနၿပီး အာဆင္နယ္တို႔အေနနဲ႔ ဝုလ္ဗ္စ္က စိတ္ဝင္တစားနဲ႔ အလိုရွိေနတဲ့ သူ႔ကို လက္လႊတ္ရရင္ ေနာက္ခံလူသစ္တစ္ေယာက္ကို မျဖစ္မေန ေခၚယူရေတာ့မွာပါ။

ကြင္းလယ္၊ ေတာင္ပံနဲ႔ ခံစစ္ေတြမွာ ကစားႏိုင္စြမ္းရွိတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ ဘယ္ေနရာမွာမွ အထူးခြၽန္ႀကီးမဟုတ္လည္း သူ႔ရဲ႕ လုပ္အားႏႈန္းနဲ႔ ႀကိဳးစားမႈက သူ႔ကို အရန္ကစားသမားေကာင္းတစ္ေယာက္အျဖစ္ သတ္မွတ္ခံရေစသလို အဓိကအားျဖင့္ သုံးေလးေနရာအတြက္ သူ႔ကို အရန္ခုံေပၚမွာ တစ္ဦးတည္း တင္ထား႐ုံနဲ႔ Cover ျဖစ္ၿပီး က်န္တဲ့ ကစားသမားေတြကိုလည္း ပိုေခၚခြင့္ရွိေစသူ ျဖစ္ပါတယ္။

ဒါေၾကာင့္ သူသာ ထြက္ခြာမယ္ဆိုရင္ေတာ့ ဘယ္ေနာက္ခံေနရာမွာ ဆီးဒရစ္ကို အရန္အျဖစ္ ဂဏန္းၿငိမ္သြားေစတဲ့ တည္ၿငိမ္မႈက အနည္းနဲ႔အမ်ား ပ်က္ျပားေတာ့မွာျဖစ္ၿပီး ခ်ိမ္းဘားစ္သာ အခ်ိန္မီ မကစားႏိုင္ဘူးဆိုရင္ အာတီတာအေနနဲ႔ ေပၚတူဂီသားကို ညာျခမ္းအတြက္ ျပန္စဥ္းစားၿပီး တီယာနီေနရာအတြက္ Backup တစ္ဦးကို မျဖစ္မေန ရယူသြားတာေတာ့မွာပါ။

လက္ရွိမွာေတာ့ အာဆင္နယ္တို႔ ေဈးကြက္ထဲမွာ အသုံးဝင္ႏိုင္ဆုံးနဲ႔ အသက္သာဆုံး ကစားသမားတစ္ဦးကို စိစစ္ေ႐ြးခ်ယ္ေနၿပီး ၆ လစာခ်ဳပ္ လက္က်န္ရွိေနတဲ့ ကစားသမား ၃ ဦးျဖစ္တဲ့ ဘာထရန္၊ မစ္ခ်ဲလ္နဲ႔ အာမာဗီတို႔ကို ေစာင့္ၾကည့္ေနခဲ့သလို ေနာက္ဆုံးအေနနဲ႔ေတာ့ ဒီစာရင္းထဲကို စြန႔္စားေခၚယူရမယ့္ ဟိုက္ဘာနီးယန္းက စေကာ့တလန္လူငယ္ ေဂ်ာ့ရွ္ ဒြိဳက္ကိုလည္း ထည့္သြင္းလာခဲ့ပါတယ္။

ကစားသမားေတြရဲ႕ လက္ရွိ ေပါက္ေဈးကေတာ့ မစ္ခ်ဲလ္က ယူ႐ို ၅ သန္း၊ ဘာထရန္က ယူ႐ို ဆယ္သန္းခြဲ၊ အာမာဗီက ယူ႐ို ၁၀ သန္း အသီးသီး ရွိေနၿပီး ၆ လက်န္ စာခ်ဳပ္ေတြေၾကာင့္ သုံးပုံတစ္ပုံ ေဈးေလာက္နဲ႔ ေခၚယူရရွိႏိုင္ၿပီး မစ္ခ်ဲလ္ကိုေတာ့ အရည္အေသြးျမင့္ လူငယ္မို႔လို႔ ပိုမိုေပးေခ်ရႏိုင္ခ်ိန္မွာ ေဂ်ာ့ရွ္ ဒြိဳက္ကေတာ့ ယူ႐ိုတစ္သန္းခြဲေလာက္နဲ႔ ႐ိုး႐ိုးရွင္းရွင္း ေခၚယူႏိုင္ဖို႔ ရွိေနပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ေဈးကြက္ထဲမွာ ဘယ္ေနာက္ခံေနရာအတြက္ ေသြးေအးဖို႔ ရွိေနခဲ့ေပမယ့္ ဒီအတိုင္းဆိုရင္ေတာ့ ဇန္နဝါရီမွာ မိတ္လန္းႏိုင္းလ္စ္ရဲ႕ အေမႊေၾကာင့္ ဆုံးျဖတ္ခ်က္ တစ္စုံတစ္ရာ ေျပာင္းလဲရဖြယ္ရွိေနၿပီး လက္က်န္ရက္ပိုင္းအတြင္း သူ႔ကို မတားဆီးႏိုင္ခဲ့ရင္ေတာ့ အသင္းရဲ႕ ေစာင့္ၾကည့္စာရင္း ၄ ဦးထဲက တစ္ဦးကို အျမန္ဆုံးလႈပ္ရွားသြားရဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.