Premier League

29 Jan ညနေခင်း နောက်ဆုံးရ တော့တင်ဟမ်ဟော့စပါးစ် သတင်းများ စုံလင်စွာ စုစည်းမှု


လီဗာပူးလ်နဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ ရက်သတ္တပတ်အတန်ကြာအနားယူတော့မှာဖြစ်သလို အချိန်အတိအကျကိုမူ မသိရှိသေးကြောင်း နည်းပြ မော်ရင်ညို အတည်ပြုခဲ့ပြီး အသင်းအတွက် အစားထိုးမရတဲ့ ဆုံးရှူံးမှုဖြစ်တယ်လို့ ညည်းတွား။


စပါးနည်ပြမော်ရင်ညိုအနေနဲ့ ဒဏ်ရာရသွားတဲ့ ဟာရီကိန်းနေရာကို အစားထိုးဖို့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အပူတပြင်းလှုပ်ရှားလာဖွယ်ရှိပြီး ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင်းစ်ကို အမြန်ဆုံး ခေါ်ယူဖို့ ဗီလာတိုက်စစ်မှုးဟောင်း အဘွန်လဟော်တိုက်တွန်း။


လီဗာပူးလ်နဲ့ပွဲမှာ တဦးချင်းအမှားတွေ ကျူးလွန်းခဲ့တဲ့ စပါးအသင်းကို နည်းပြမော်ရင်ညို လူသိရှင်ကြား အပြစ်တင်သွားခဲ့ပြီး မာနေးရဲ့ဂိုးမှာ ကြီးမားတဲ့ အမှားကိုပြုလုပ်သွားခဲ့လို့ ခံစစ်ပိုင်းကို ကြိမ်းမောင်းခဲ့သလို ကိုယ့်အမှားနဲ့ ကိုယ်ပြန်သေခဲ့ရတဲ့ပွဲလို့ ဝေဖန်သွားခဲ့။


ဟာရီကိန်းကို ပထမအကြိမ် ခြေကျင်းဝတ်ဒဏ်ရာရရှိသွားအောင် ဖျက်ထုတ်သွားခဲ့တဲ့ သီယာဂို အယ်လ်ကန်တာရာကို မော်ရင်ညို ရှုံ့ချသွားခဲ့ပြီး ဒုတိယတကြိမ် ခြေကျင်းဝတ်ဒဏ်ရာ ထပ်ရစေခဲ့တဲ့ လီဗာပူးလ်ရဲ့ လုပ်ရပ်ကို ကဲ့ရဲ့သွားခဲ့။


စပါးအသင်းရဲ့ လူငယ်ကြယ်ပွင့်တဦးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ဗဟိုခံစစ်မှူး ဖာဂန်-ဝေါလ်ကော့ဟာ စကော့တလန် ဒုတိယတန်းလိဂ်ကလပ် Dundee FC အသင်းကို ဒီရာသီအကုန်အထိ အငှားပြောင်းရွှေ့ကစားမှာဖြစ်တယ်လို့ စပါးအသင်းက တရားဝင်ကြေငြာခဲ့။


စပါးအသင်းရဲ့ ညာနောက်ခံလူ အော်ရီယာဟာ လီဗာပူးလ်နဲ့ပွဲ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီးနောက် အသင်းရဲ့အရန်ခုံမှာ မထိုင်တော့လဲ စပါးရဲ့ ဘောလုံး ကွင်းထဲကနေ အပြီးထွက်ခွာသွားခဲ့တယ်လို့ သိရပြီး ကွင်းထဲမှာ ခြေစွမ်းဆိုးရွားခဲ့တဲ့အပြင် ဒီလုပ်ရပ်ကြောင့် အပြင်းအထန် မေးခွန်းထုတ်ခံနေရ။


စပါးအသင်းဟာ ဗဟိုခံစစ်ကို အားဖြည့်ဖို့အတွက် နာပိုလီခံစစ်မှူး နီကိုလာ မက်ဆီမိုဗစ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး အရပ် ၆ ပေ ၆ လက်မရှိတဲ့ ဆာဘီးယားသားကို နည်းပြ မော်ရင်ညိုစိတ်ကြိုက်တွေ့နေပြီး လိုအပ်တဲ့ အပြောင်းအရွှေ့အဖြစ် အသင်းထံသတင်းပို့ထား။


စပါးနည်းပြ မော်ရင်ညိုရဲ့ ပထမပိုင်းအပြီး လူစားလဲမှုတွေကြောင့် ကစားပွဲကို ခန့်မှန်းမရအောင် ဖြစ်သွားစေခဲ့တယ်လ်ု့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် ဝန်ခံသွားခဲ့ပြီး စပါးရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်လို့ အူမြူးမိကြောင်း ပြောကြား။


လီဗာပူးလ်နဲ့ပွဲမှာ ဆွန်ဟောင်မင်ရဲ့ အစောပိုင်းဂိုးကို ခြေကျင်းဝတ်ကျွံနေတယ်ဆိုတဲ့ ပြစ်ချက်နဲ့ ဂိုးမပေးခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်မှုကို စပါးပရိသတ်တွေ ဒေါသထွက်နေပြီး ဒီရာသီရဲ့ အဆိုးရွားဆုံး ဂိုးခွင့်မပြုမှုတွေထဲကတခုအဖြစ် သတ်မှတ်ခံထားရသလို ဘောလုံးရသကို ဖျက်ဆီးနေတဲ့ VAR လို့ ဝေဖန်မှုမြင့်တက်နေ။


နည်းပြမော်ရင်ဟိုအနေနဲ့ ခြေကျင်းဝတ် ဒဏ်ရာရသွားခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းအစား ဗီနီးရှပ်စ်ကို လူစားမလဲခဲ့လို့ စပါးစ်ပရိသတ်နဲ့ ဘောလုံးပရိသတ်တွေက ဗီနီးရှပ်စ်ကို ဘာလုပ်ဖို့ ခေါ်ထားတာလဲဆိုပြီး မေးခွန်းထုတ်တာ ခံနေရပါတယ်။
ဟာရီကိန်း ဒဏ်ရာရသွားချိန်မှာ လီဗာပူးလ်တို့ကို ဆက်လက်ဖိအားပေးနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ယောက် ကွင်းထဲမှာ ရှိနေဖို့ လိုကိုလိုတာကို သုံးစားမရတဲ့ လာမယ်လာနဲ့ လူစားလဲခဲ့တာက မော်ရင်ညိုရဲ့ ကြောက်စိတ်နဲ့ အငုံ့စိတ်ကို ပြသလိုက်တာဖြစ်ပြီး အရင်လို မကြမ်းရဲတော့တာဟာ ပေါ်တူဂီသားကြီးတစ်ယောက် အိုမင်းလာတဲ့ လက္ခဏာလားလို့ တွေးစရာလည်းဖြစ်ခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAW GYI:

လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ေျခက်င္းဝတ္ႏွစ္ဖက္လုံး ထိခိုက္ဒဏ္ရာရသြားခဲ့တဲ့ စပါးတိုက္စစ္မႉး ဟာရီကိန္းဟာ ရက္သတၱပတ္အတန္ၾကာအနားယူေတာ့မွာျဖစ္သလို အခ်ိန္အတိအက်ကိုမူ မသိရွိေသးေၾကာင္း နည္းျပ ေမာ္ရင္ညိဳ အတည္ျပဳခဲ့ၿပီး အသင္းအတြက္ အစားထိုးမရတဲ့ ဆုံးရႉံးမႈျဖစ္တယ္လို႔ ညည္းတြား။


စပါးနည္ျပေမာ္ရင္ညိဳအေနနဲ႔ ဒဏ္ရာရသြားတဲ့ ဟာရီကိန္းေနရာကို အစားထိုးဖို႔ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ အပူတျပင္းလႈပ္ရွားလာဖြယ္ရွိၿပီး ေဆာက္သမ္တန္တိုက္စစ္မႉး ဒန္နီအင္းစ္ကို အျမန္ဆုံး ေခၚယူဖို႔ ဗီလာတိုက္စစ္မႈးေဟာင္း အဘြန္လေဟာ္တိုက္တြန္း။


လီဗာပူးလ္နဲ႔ပြဲမွာ တဦးခ်င္းအမွားေတြ က်ဴးလြန္းခဲ့တဲ့ စပါးအသင္းကို နည္းျပေမာ္ရင္ညိဳ လူသိရွင္ၾကား အျပစ္တင္သြားခဲ့ၿပီး မာေနးရဲ႕ဂိုးမွာ ႀကီးမားတဲ့ အမွားကိုျပဳလုပ္သြားခဲ့လို႔ ခံစစ္ပိုင္းကို ႀကိမ္းေမာင္းခဲ့သလို ကိုယ့္အမွားနဲ႔ ကိုယ္ျပန္ေသခဲ့ရတဲ့ပြဲလို႔ ေဝဖန္သြားခဲ့။


ဟာရီကိန္းကို ပထမအႀကိမ္ ေျခက်င္းဝတ္ဒဏ္ရာရရွိသြားေအာင္ ဖ်က္ထုတ္သြားခဲ့တဲ့ သီယာဂို အယ္လ္ကန္တာရာကို ေမာ္ရင္ညိဳ ရႈံ႕ခ်သြားခဲ့ၿပီး ဒုတိယတႀကိမ္ ေျခက်င္းဝတ္ဒဏ္ရာ ထပ္ရေစခဲ့တဲ့ လီဗာပူးလ္ရဲ႕ လုပ္ရပ္ကို ကဲ့ရဲ႕သြားခဲ့။


စပါးအသင္းရဲ႕ လူငယ္ၾကယ္ပြင့္တဦးျဖစ္တဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ဗဟိုခံစစ္မႉး ဖာဂန္-ေဝါလ္ေကာ့ဟာ စေကာ့တလန္ ဒုတိယတန္းလိဂ္ကလပ္ Dundee FC အသင္းကို ဒီရာသီအကုန္အထိ အငွားေျပာင္းေ႐ႊ႕ကစားမွာျဖစ္တယ္လို႔ စပါးအသင္းက တရားဝင္ေၾကျငာခဲ့။


စပါးအသင္းရဲ႕ ညာေနာက္ခံလူ ေအာ္ရီယာဟာ လီဗာပူးလ္နဲ႔ပြဲ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရၿပီးေနာက္ အသင္းရဲ႕အရန္ခုံမွာ မထိုင္ေတာ့လဲ စပါးရဲ႕ ေဘာလုံး ကြင္းထဲကေန အၿပီးထြက္ခြာသြားခဲ့တယ္လို႔ သိရၿပီး ကြင္းထဲမွာ ေျခစြမ္းဆိုး႐ြားခဲ့တဲ့အျပင္ ဒီလုပ္ရပ္ေၾကာင့္ အျပင္းအထန္ ေမးခြန္းထုတ္ခံေနရ။


စပါးအသင္းဟာ ဗဟိုခံစစ္ကို အားျဖည့္ဖို႔အတြက္ နာပိုလီခံစစ္မႉး နီကိုလာ မက္ဆီမိုဗစ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနၿပီး အရပ္ ၆ ေပ ၆ လက္မရွိတဲ့ ဆာဘီးယားသားကို နည္းျပ ေမာ္ရင္ညိဳစိတ္ႀကိဳက္ေတြ႕ေနၿပီး လိုအပ္တဲ့ အေျပာင္းအေ႐ႊ႕အျဖစ္ အသင္းထံသတင္းပို႔ထား။


စပါးနည္းျပ ေမာ္ရင္ညိဳရဲ႕ ပထမပိုင္းအၿပီး လူစားလဲမႈေတြေၾကာင့္ ကစားပြဲကို ခန႔္မွန္းမရေအာင္ ျဖစ္သြားေစခဲ့တယ္လ္ု႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ ဝန္ခံသြားခဲ့ၿပီး စပါးရဲ႕ တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္လို႔ အူျမဴးမိေၾကာင္း ေျပာၾကား။


လီဗာပူးလ္နဲ႔ပြဲမွာ ဆြန္ေဟာင္မင္ရဲ႕ အေစာပိုင္းဂိုးကို ေျခက်င္းဝတ္ကြၽံေနတယ္ဆိုတဲ့ ျပစ္ခ်က္နဲ႔ ဂိုးမေပးခဲ့တဲ့ VAR ရဲ႕ ဆုံးျဖတ္မႈကို စပါးပရိသတ္ေတြ ေဒါသထြက္ေနၿပီး ဒီရာသီရဲ႕ အဆိုး႐ြားဆုံး ဂိုးခြင့္မျပဳမႈေတြထဲကတခုအျဖစ္ သတ္မွတ္ခံထားရသလို ေဘာလုံးရသကို ဖ်က္ဆီးေနတဲ့ VAR လို႔ ေဝဖန္မႈျမင့္တက္ေန။


နည္းျပေမာ္ရင္ဟိုအေနနဲ႔ ေျခက်င္းဝတ္ ဒဏ္ရာရသြားခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းအစား ဗီနီးရွပ္စ္ကို လူစားမလဲခဲ့လို႔ စပါးစ္ပရိသတ္နဲ႔ ေဘာလုံးပရိသတ္ေတြက ဗီနီးရွပ္စ္ကို ဘာလုပ္ဖို႔ ေခၚထားတာလဲဆိုၿပီး ေမးခြန္းထုတ္တာ ခံေနရပါတယ္။
ဟာရီကိန္း ဒဏ္ရာရသြားခ်ိန္မွာ လီဗာပူးလ္တို႔ကို ဆက္လက္ဖိအားေပးႏိုင္မယ့္ အေထာင္တိုက္စစ္မႉးတစ္ေယာက္ ကြင္းထဲမွာ ရွိေနဖို႔ လိုကိုလိုတာကို သုံးစားမရတဲ့ လာမယ္လာနဲ႔ လူစားလဲခဲ့တာက ေမာ္ရင္ညိဳရဲ႕ ေၾကာက္စိတ္နဲ႔ အငုံ႔စိတ္ကို ျပသလိုက္တာျဖစ္ၿပီး အရင္လို မၾကမ္းရဲေတာ့တာဟာ ေပၚတူဂီသားႀကီးတစ္ေယာက္ အိုမင္းလာတဲ့ လကၡဏာလားလို႔ ေတြးစရာလည္းျဖစ္ခဲ့တယ္လို႔ ပရိသတ္ေတြက ေဝဖန္ခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.