Other Leagues

El Clasico ဒါဘီကို ရော်နယ်ဒိုဘာကြောင့်လာကြည့်ခဲ့သလဲ

(Unicode)

လွန်ခဲ့တဲ့တစ်ပတ်က ရီးရဲလ်ဥက္ကဌပီးရက်စ်ဟာ မမျှော်လင့်ထားတဲ့ဖုန်းအဝင်ကောတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့အသင်းရဲ့ကစားသမားဟောင်း ရော်နယ်ဒိုဆီကပါ။

ကိုရိုနာဗိုင်းရက်စ်ကြောင့် ပြီးခဲ့တဲ့အပတ်က စီးရီးအေပွဲစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပေမယ့် စပိန်မှာတော့ ရီးရဲလ်နဲ့ဘာစီလိုနာရဲ့ နာမည်ကျော် အယ်ကလက်စီကိုဒါဘီရှိနေပါတယ်။ ဒီအချိန်မှာ ရီးရဲလ်အသင်းမှာ ကိုးနှစ်ကျော်ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းဟောင်းကို အားပေးဖို့ ဆုံးဖြတ်ခဲ့ပုံပါပဲ။

ရော်နယ်ဒိုဟာ ဥက္ကဌပီးရက်ဇ်ကို ဖုန်းခေါ်ခဲ့ပြီး ပီးရက်စ်ကလည်း ချက်ချင်းဆိုသလို ပွဲကိုလာကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအတွက် အသင်းတာဝန်ရှိသူတွေဟာ တမဟုတ်ချင်း အလုပ်များခဲ့ရပြီး ဂန္တဝင်ကစားသမားတစ်ယောက်ရဲ့ အိမ်အပြန်ကို လိုလေသေးမရှိအောင်စီစဉ်ပြီး ကြိုဆိုချင်ခဲ့ကြပါတယ်။

ရော်နယ်ဒိုမရောက်ခင်အတွင်း တည်းမယ့်နေရာ၊ ပွဲကြည့်မယ့်နေရာ၊ ကစားသမားတွေနဲ့ပြန်လည်တွေ့ဆုံဖို့စတာတွေကို ရီးရဲလ်အသင်းက အကောင်းဆုံးစီစဉ်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းက ၂-ဝနဲ့အနိုင်ရရှိခဲ့လို့ ရော်နယ်ဒိုရဲ့ ဘာနေမြူးခရီးစဉ်ဟာ ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုဟာ အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

SportsA2Z
HTOO PYAE SONE

(Zawgyi)

လြန္ခဲ့တဲ့တစ္ပတ္က ရီးရဲလ္ဥကၠဌပီးရက္စ္ဟာ မေမွ်ာ္လင့္ထားတဲ့ဖုန္းအဝင္ေကာတစ္ခုကို လက္ခံရရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔အသင္းရဲ႕ကစားသမားေဟာင္း ေရာ္နယ္ဒိုဆီကပါ။

ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ ၿပီးခဲ့တဲ့အပတ္က စီးရီးေအပြဲစဥ္ေတြကို ရပ္ဆိုင္းထားခဲ့ေပမယ့္ စပိန္မွာေတာ့ ရီးရဲလ္နဲ႔ဘာစီလိုနာရဲ႕ နာမည္ေက်ာ္ အယ္ကလက္စီကိုဒါဘီရွိေနပါတယ္။ ဒီအခ်ိန္မွာ ရီးရဲလ္အသင္းမွာ ကိုးႏွစ္ေက်ာ္ကစားခဲ့တဲ့ ေရာ္နယ္ဒိုဟာ အသင္းေဟာင္းကို အားေပးဖို႔ ဆုံးျဖတ္ခဲ့ပုံပါပဲ။

ေရာ္နယ္ဒိုဟာ ဥကၠဌပီးရက္ဇ္ကို ဖုန္းေခၚခဲ့ၿပီး ပီးရက္စ္ကလည္း ခ်က္ခ်င္းဆိုသလို ပြဲကိုလာၾကည့္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ ဒီအတြက္ အသင္းတာဝန္ရွိသူေတြဟာ တမဟုတ္ခ်င္း အလုပ္မ်ားခဲ့ရၿပီး ဂႏၲဝင္ကစားသမားတစ္ေယာက္ရဲ႕ အိမ္အျပန္ကို လိုေလေသးမရွိေအာင္စီစဥ္ၿပီး ႀကိဳဆိုခ်င္ခဲ့ၾကပါတယ္။

ေရာ္နယ္ဒိုမေရာက္ခင္အတြင္း တည္းမယ့္ေနရာ၊ ပြဲၾကည့္မယ့္ေနရာ၊ ကစားသမားေတြနဲ႔ျပန္လည္ေတြ႕ဆုံဖို႔စတာေတြကို ရီးရဲလ္အသင္းက အေကာင္းဆုံးစီစဥ္ႏိုင္ခဲ့ပါတယ္။ ပြဲအၿပီးမွာ ရီးရဲလ္မက္ဒရစ္အသင္းက ၂-ဝနဲ႔အႏိုင္ရရွိခဲ့လို႔ ေရာ္နယ္ဒိုရဲ႕ ဘာေနျမဴးခရီးစဥ္ဟာ ေပ်ာ္႐ႊင္ခဲ့ရတယ္လို႔ ဆိုရပါလိမ့္မယ္။

ပြဲအၿပီးမွာေတာ့ ေရာ္နယ္ဒိုဟာ အသင္းေဖာ္ေဟာင္းေတြနဲ႔ ျပန္လည္ေတြ႕ဆုံႏႈတ္ဆက္ခဲ့ပါတယ္။

SportsA2Z
HTOO PYAE SONE