Match Report Premier League

စပါးစ် 1-3 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ အချက် 7 ချက်

တိုက်စစ်သုံးဦး ဂိုးပြန်သွင်းပြီ
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်သုံးဦးတွဲဖြစ်တဲ့ ဆာလား၊ မာနေးနဲ့ ဖာမီနိုတို့ သုံးဦးရဲ့ ကြားထဲမှာတော့ အရင်လိုပဲ နားလည်မှု ပြန်ရနေတာကို တွေ့မြင်ခဲ့ရပြီး သုံးဦးစလုံး ဂိုးသွင်းနိုင်မယ့် အနေအထားကို ရရှိခဲ့သလို ဆာလားရဲ့ ဂိုးကို ဖန်တီးပေးတဲ့ ဖာမီနို လက်ထိနေလို့သာ ဒီမှတ်တမ်းနဲ့ လွဲခဲ့ရတာပါ။ ဒါပေမယ့် သူတို့သုံးဦးရဲ့ အန္တရာယ်ပေးနိုင်စွမ်းကတော့ မော်ရင်ညို ဘယ်လိုမှ မခုခံနိုင်ခဲ့တာပါပဲ။

ဗျူဟာရှုပ်ထွေး မောင်ဂျိုဆေး
ဂျိုဆေး မော်ရင်ညိုကတော့ ဒီနေ့ပွဲမှာ ကစားနေကျ မဟုတ်တဲ့ ပုံစံကို သုံးစွဲခဲ့ပြီး အလုပ်သိပ်မဖြစ်သလို စပေ့စ်တွေ ပေးရတာလည်း လိုတာထက် ပိုများနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဗျူဟာပြောင်းပြန်တော့လည်း ကစားကွက်နှစ်ခုဖြစ်တဲ့ ၃-၄-၃ နဲ့ ၄-၃-၃ ရှုပ်ထွေးသွားခဲ့ပြီး ကစားပုံက ပိုတောင်ဆိုးသွားခဲ့သေးတာပါ။ လီဗာပူးလ်တို့ကို ကိုယ်ပိုင်ဟန်နဲ့ ကစားမယ့်အစား အပြောင်းအလဲများမှုမှာ ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။

နှောင့်နှေးလို့ရမယ် ထင်နေတာလား
ဒီနေ့ပွဲမှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်နဲ့ Transition တွေက မြန်ဆန်လွန်းသလို စပါးစ်နောက်တန်းက ဒိုင်ယာသာ ဝါအရင့်ဆုံးဖြစ်နေခဲ့တာက ဆိုးရွားလွန်းခဲ့ပါတယ်။ မော်ရင်ညိုရဲ့ ခံစစ်ဆိုတာ အယ်လ်ဒါဝီရယ်လ်ပဲဖြစ်ပြီး ကျန်သူတွေက ဆုံးဖြတ်ချက် မမှန်ကြချိန်မှာ ဒိုင်ယာနဲ့ လိုရစ်ကြား နားလည်မှုလွဲပြီး နှောင့်နှေးမှုကနေ ဖာမီနိုက အခွင့်အရေးယူပြသွားခဲ့ပြီး ဦးဆောင်ဂိုးနဲ့ စိတ်ဓာတ်ရေးရာကို အနိုင်ကျင့်ခဲ့တာလည်းဖြစ်ပါတယ်။

ဝေဖန်သံတွေကို တိတ်စေခဲ့တဲ့ ထရင့်
ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်အနေနဲ့ အရန်ခုံပဲ ထိုင်ဖို့ကောင်းတယ်ဆိုတဲ့ အသံတွေကို ဒီနေ့မှာ တိတ်ဆိတ်သွားစေခဲ့ပါတယ်။ ဟန်ဒါဆန်ကူလို့ ခေါင်းပေါင်းဖြူတာပါကွာဆိုပြီး ပြောရရအောင်လည်း အသင်းခေါင်းဆောင်နဲ့အတူ တွဲမကစားရချိန်မှာ ခြေစွမ်းက အမြင့်ဆုံးအနေအထားမှာ ပြန်ရှိခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့သလို နောက်ထပ်ပြတ်သားစေမယ့် ဂိုးကိုလည်း မာနေးအတွက် အကောင်းဆုံးဖြတ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းရဲ့ ညည်းတွားသံ
လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ခံစစ်ကို ထိုးနှက်မယ့် ဟာရီကိန်းကို ဒီနေ့ပွဲမှာ မရအရ ဖျက်ထုတ်ခဲ့ပြီး သီယာဂိုလို အကောင်သေးသေး ကစားသမားကတောင်မှ အင်္ဂလန်ကပ္ပတိန်ဆိုရင် အလွတ်မပေးဘဲ ရန်သူတွေလို ရင်ဆိုင်ခဲ့ကြတာပါ။ ဒီပွဲမှာ အထိအခိုက်များလွန်းခဲ့တဲ့ ကိန်းကို ဘယ်သူကမှ မကူညီနိုင်ခဲ့တာက ပိုပြီးအထိနာစေသလို ပထမပိုင်းအပြီးအထိပဲ ရုန်းကန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တစ်နေ့ထက်တစ်နေ့ တိုးလာတဲ့ ဒဏ်ရာတွေ
ဒီပွဲမတိုင်ခင်မှာ ဖာဘင်ညိုက ဒဏ်ရာရခဲ့လို့ စွန့်စားပြီး မသုံးရဲခဲ့ချိန်မှာ နောက်ခံလူ မာတစ်ပ် ကတော့ ခြေကျင်းဝတ် အရွတ်ထိခိုက်သွားခဲ့ပြန်ပါတယ်။ ပရိသတ်တွေကတော့ ကင်းမရွန်းသားကို ရောင်းချစေချင်နေကြပြီး ကြံ့ခိုင်မှုအတွက် စိတ်ပျက် နေကြချိန်မှာ သူ့နေရာ ဝင်ကစားတဲ့ နာသန် ဖိလစ်နဲ့ ဟန်ဒါဆန်တို့ အတွဲညီခဲ့လို့သာ ခံသာခဲ့တာပါ။ ကလော့ပ်အတွက်တော့ လူသစ်မရရင် မရှူနိုင် မကယ်နိုင်ဖြစ်ဖို့ များလာခဲ့ပါတယ်။

ဗီနီးရှပ်စ်ကို ထည့်ဖို့ ကြောက်နေတဲ့ မော်ရင်ညို
ဒီနေရာမှာ စပါးစ်ပရိသတ်နဲ့ ဘောလုံးပရိသတ်တွေ မေးချင်တာက ဗီနီးရှပ်စ်ကို ဘာလုပ်ဖို့ ခေါ်ထားတာလဲဆိုတာပါပဲ။ ဟာရီကိန်း ဒဏ်ရာရသွားချိန်မှာ လီဗာပူးလ်တို့ကို ဆက်လက်ဖိအားပေးနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ယောက် ကွင်းထဲမှာ ရှိနေဖို့ လိုကိုလိုပါတယ်။ ဒါပေမယ့် လာမယ်လာနဲ့ လူစားလဲခဲ့တာက မော်ရင်ညိုရဲ့ ကြောက်စိတ်နဲ့ အငုံ့စိတ်ကို ပြသလိုက်တာဖြစ်ပြီး အရင်လို မကြမ်းရဲတော့တာဟာ ပေါ်တူဂီသားကြီးတစ်ယောက် အိုမင်းလာတဲ့ လက္ခဏာလားလို့ တွေးစရာလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAW GYI:

တိုက္စစ္သုံးဦး ဂိုးျပန္သြင္းၿပီ
လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္သုံးဦးတြဲျဖစ္တဲ့ ဆာလား၊ မာေနးနဲ႔ ဖာမီႏိုတို႔ သုံးဦးရဲ႕ ၾကားထဲမွာေတာ့ အရင္လိုပဲ နားလည္မႈ ျပန္ရေနတာကို ေတြ႕ျမင္ခဲ့ရၿပီး သုံးဦးစလုံး ဂိုးသြင္းႏိုင္မယ့္ အေနအထားကို ရရွိခဲ့သလို ဆာလားရဲ႕ ဂိုးကို ဖန္တီးေပးတဲ့ ဖာမီႏို လက္ထိေနလို႔သာ ဒီမွတ္တမ္းနဲ႔ လြဲခဲ့ရတာပါ။ ဒါေပမယ့္ သူတို႔သုံးဦးရဲ႕ အႏၲရာယ္ေပးႏိုင္စြမ္းကေတာ့ ေမာ္ရင္ညိဳ ဘယ္လိုမွ မခုခံႏိုင္ခဲ့တာပါပဲ။

ဗ်ဴဟာရႈပ္ေထြး ေမာင္ဂ်ိဳေဆး
ဂ်ိဳေဆး ေမာ္ရင္ညိဳကေတာ့ ဒီေန႔ပြဲမွာ ကစားေနက် မဟုတ္တဲ့ ပုံစံကို သုံးစြဲခဲ့ၿပီး အလုပ္သိပ္မျဖစ္သလို စေပ့စ္ေတြ ေပးရတာလည္း လိုတာထက္ ပိုမ်ားေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဗ်ဴဟာေျပာင္းျပန္ေတာ့လည္း ကစားကြက္ႏွစ္ခုျဖစ္တဲ့ ၃-၄-၃ နဲ႔ ၄-၃-၃ ရႈပ္ေထြးသြားခဲ့ၿပီး ကစားပုံက ပိုေတာင္ဆိုးသြားခဲ့ေသးတာပါ။ လီဗာပူးလ္တို႔ကို ကိုယ္ပိုင္ဟန္နဲ႔ ကစားမယ့္အစား အေျပာင္းအလဲမ်ားမႈမွာ ခံစားခဲ့ရတာလည္းျဖစ္ပါတယ္။

ေႏွာင့္ေႏွးလို႔ရမယ္ ထင္ေနတာလား
ဒီေန႔ပြဲမွာ လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္နဲ႔ Transition ေတြက ျမန္ဆန္လြန္းသလို စပါးစ္ေနာက္တန္းက ဒိုင္ယာသာ ဝါအရင့္ဆုံးျဖစ္ေနခဲ့တာက ဆိုး႐ြားလြန္းခဲ့ပါတယ္။ ေမာ္ရင္ညိဳရဲ႕ ခံစစ္ဆိုတာ အယ္လ္ဒါဝီရယ္လ္ပဲျဖစ္ၿပီး က်န္သူေတြက ဆုံးျဖတ္ခ်က္ မမွန္ၾကခ်ိန္မွာ ဒိုင္ယာနဲ႔ လိုရစ္ၾကား နားလည္မႈလြဲၿပီး ေႏွာင့္ေႏွးမႈကေန ဖာမီႏိုက အခြင့္အေရးယူျပသြားခဲ့ၿပီး ဦးေဆာင္ဂိုးနဲ႔ စိတ္ဓာတ္ေရးရာကို အႏိုင္က်င့္ခဲ့တာလည္းျဖစ္ပါတယ္။

ေဝဖန္သံေတြကို တိတ္ေစခဲ့တဲ့ ထရင့္
ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အေနနဲ႔ အရန္ခုံပဲ ထိုင္ဖို႔ေကာင္းတယ္ဆိုတဲ့ အသံေတြကို ဒီေန႔မွာ တိတ္ဆိတ္သြားေစခဲ့ပါတယ္။ ဟန္ဒါဆန္ကူလို႔ ေခါင္းေပါင္းျဖဴတာပါကြာဆိုၿပီး ေျပာရရေအာင္လည္း အသင္းေခါင္းေဆာင္နဲ႔အတူ တြဲမကစားရခ်ိန္မွာ ေျခစြမ္းက အျမင့္ဆုံးအေနအထားမွာ ျပန္ရွိခဲ့တာျဖစ္ၿပီး အႏိုင္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့သလို ေနာက္ထပ္ျပတ္သားေစမယ့္ ဂိုးကိုလည္း မာေနးအတြက္ အေကာင္းဆုံးျဖတ္တင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာရီကိန္းရဲ႕ ညည္းတြားသံ
လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ခံစစ္ကို ထိုးႏွက္မယ့္ ဟာရီကိန္းကို ဒီေန႔ပြဲမွာ မရအရ ဖ်က္ထုတ္ခဲ့ၿပီး သီယာဂိုလို အေကာင္ေသးေသး ကစားသမားကေတာင္မွ အဂၤလန္ကပၸတိန္ဆိုရင္ အလြတ္မေပးဘဲ ရန္သူေတြလို ရင္ဆိုင္ခဲ့ၾကတာပါ။ ဒီပြဲမွာ အထိအခိုက္မ်ားလြန္းခဲ့တဲ့ ကိန္းကို ဘယ္သူကမွ မကူညီႏိုင္ခဲ့တာက ပိုၿပီးအထိနာေစသလို ပထမပိုင္းအၿပီးအထိပဲ ႐ုန္းကန္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တစ္ေန႔ထက္တစ္ေန႔ တိုးလာတဲ့ ဒဏ္ရာေတြ
ဒီပြဲမတိုင္ခင္မွာ ဖာဘင္ညိဳက ဒဏ္ရာရခဲ့လို႔ စြန႔္စားၿပီး မသုံးရဲခဲ့ခ်ိန္မွာ ေနာက္ခံလူ မာတစ္ပ္ ကေတာ့ ေျခက်င္းဝတ္ အ႐ြတ္ထိခိုက္သြားခဲ့ျပန္ပါတယ္။ ပရိသတ္ေတြကေတာ့ ကင္းမ႐ြန္းသားကို ေရာင္းခ်ေစခ်င္ေနၾကၿပီး ႀကံ့ခိုင္မႈအတြက္ စိတ္ပ်က္ ေနၾကခ်ိန္မွာ သူ႔ေနရာ ဝင္ကစားတဲ့ နာသန္ ဖိလစ္နဲ႔ ဟန္ဒါဆန္တို႔ အတြဲညီခဲ့လို႔သာ ခံသာခဲ့တာပါ။ ကေလာ့ပ္အတြက္ေတာ့ လူသစ္မရရင္ မရႉႏိုင္ မကယ္ႏိုင္ျဖစ္ဖို႔ မ်ားလာခဲ့ပါတယ္။

ဗီနီးရွပ္စ္ကို ထည့္ဖို႔ ေၾကာက္ေနတဲ့ ေမာ္ရင္ညိဳ
ဒီေနရာမွာ စပါးစ္ပရိသတ္နဲ႔ ေဘာလုံးပရိသတ္ေတြ ေမးခ်င္တာက ဗီနီးရွပ္စ္ကို ဘာလုပ္ဖို႔ ေခၚထားတာလဲဆိုတာပါပဲ။ ဟာရီကိန္း ဒဏ္ရာရသြားခ်ိန္မွာ လီဗာပူးလ္တို႔ကို ဆက္လက္ဖိအားေပးႏိုင္မယ့္ အေထာင္တိုက္စစ္မႉးတစ္ေယာက္ ကြင္းထဲမွာ ရွိေနဖို႔ လိုကိုလိုပါတယ္။ ဒါေပမယ့္ လာမယ္လာနဲ႔ လူစားလဲခဲ့တာက ေမာ္ရင္ညိဳရဲ႕ ေၾကာက္စိတ္နဲ႔ အငုံ႔စိတ္ကို ျပသလိုက္တာျဖစ္ၿပီး အရင္လို မၾကမ္းရဲေတာ့တာဟာ ေပၚတူဂီသားႀကီးတစ္ေယာက္ အိုမင္းလာတဲ့ လကၡဏာလားလို႔ ေတြးစရာလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.