Premier League

ရော်နယ်ဒို ဒီတသက်မရနိုင်တော့တဲ့ စံချိန်ကို ၂ ပွဲအနားယူပြီးနောက် ရိုက်ချိုးပြခဲ့တဲ့ မက်ဆီ

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဗုဒ္ဓဟူးနေ့ညက ကိုပါဒယ်ရေး ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် စံချိန်တစ်ခုကို ထပ်မံ ရိုက်ချိုးခဲ့ပါတယ်။

စပိန်စူပါဖလားဗိုလ်လုပွဲက ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် လီယွန်နယ်မက်ဆီဟာ ကိုပါဒယ်ရေးပြိုင်ပွဲမှာ ၇၆ ပွဲမြောက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာခဲ့တဲ့ မက်ဆီဟာ ကိုပါဒယ်ရေးအသင်းသမိုင်းမှာ ပွဲအများဆုံးပါဝင်ကစားပေးထားတဲ့ ဘာစီလိုနာကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ၇၅ ပွဲနဲ့ လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုနီးပါးလောက်ကတည်းက စံချိန်တင်ထားတဲ့ ဘာစီလိုနာဂန္တဝင် ဂျိုးဆက်ပ် ဆမီတီအဲကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ဘာစီလိုနာအသင်းအတွက် ၇၆ ပွဲမြောက် ပါဝင်ကစားပေးခဲ့တဲ့ မက်ဆီဟာ စုစုပေါင်းသွင်းဂိုး ၅၃ ဂိုး သွင်းယူပေးထားပြီး ဂျိုးဆက်ပ် ဆမီတီအဲက ၇၅ ပွဲမှာ ၆၄ ဂိုးနဲ့ ပထမအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီဟာ ကိုပါဒယ်ရေးဖလားကို ၆ ကြိမ် ရရှိထားခဲ့တဲ့အချိန်မှာ ဂျိုးဆက်ပ် ဆမီတီအဲက ကစားသမားဘဝတလျှောက်လုံးမှာ ၅ ကြိမ်အထိသာ ရရှိခဲ့ဖူးတာဖြစ်ပါတယ်။

အမှန်တကယ်တော့ ကိုပါဒယ်ရေးပြိုင်ပွဲသမိုင်းတလျှောက်မှာ မက်ဆီထက်ပိုပြီး ကိုပါဒယ်ရေးဖလားကို ရရှိခဲ့ဖူးတဲ့ ကစားသမားတစ်ဦးတည်းသာရှိပြီး ၁၉၄၀ နဲ့ ၁၉၅၀ ပြည့်နှစ်ကာလတွေမှာ အက်သလက်တစ် ဘီလ်ဘာအိုနဲ့အတူ အဂူစတင်း ဂါအင်ဇာက ၇ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော် ၆ ဆုရှင် လီယွန်နယ်မက်ဆီဟာ နူးကမ့်မှာ ၁၇ ရာသီမြောက်အဖြစ် အသင်းအတွက် ကစားပေးနေသူဖြစ်ပြီး စုစုပေါင်း ၇၅၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၉၃၃ ဂိုး(သွင်းဂိုး ၆၄၉ ဂိုး၊ ဂိုးဖန်တီးမှု ၂၈၄ ကြိမ်) အထိ ပါဝင်ပတ်သက်နိုင်ခဲ့တာကြောင့် တစ်ပွဲကို ပျမ်းမျှ ဂိုးပါဝင်ပတ်သက်မှုနှုန်း ၁.၂၃ ဂိုးရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္မက္ဆီဟာ ဗုဒၶဟူးေန႔ညက ကိုပါဒယ္ေရး ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗယ္လက္ကာနိုနဲ႔ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ စံခ်ိန္တစ္ခုကို ထပ္မံ ရိုက္ခ်ိဳးခဲ့ပါတယ္။

စပိန္စူပါဖလားဗိုလ္လုပြဲက ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ ၂ ပြဲပယ္ျပစ္ဒဏ္က်ခံခဲ့ၿပီးေနာက္ လီယြန္နယ္မက္ဆီဟာ ကိုပါဒယ္ေရးၿပိဳင္ပြဲမွာ ၇၆ ပြဲေျမာက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဗယ္လက္ကာနိုအသင္းနဲ႔ပြဲစဥ္မွာ ပြဲထြက္ပါဝင္လာခဲ့တဲ့ မက္ဆီဟာ ကိုပါဒယ္ေရးအသင္းသမိုင္းမွာ ပြဲအမ်ားဆုံးပါဝင္ကစားေပးထားတဲ့ ဘာစီလိုနာကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး ၇၅ ပြဲနဲ႔ လြန္ခဲ့တဲ့ရာစုႏွစ္တစ္ခုနီးပါးေလာက္ကတည္းက စံခ်ိန္တင္ထားတဲ့ ဘာစီလိုနာဂႏၲဝင္ ဂ်ိဳးဆက္ပ္ ဆမီတီအဲကို ေက်ာ္ျဖတ္နိုင္ခဲ့တာျဖစ္ပါတယ္။

ကိုပါဒယ္ေရးဖလားၿပိဳင္ပြဲမွာ ဘာစီလိုနာအသင္းအတြက္ ၇၆ ပြဲေျမာက္ ပါဝင္ကစားေပးခဲ့တဲ့ မက္ဆီဟာ စုစုေပါင္းသြင္းဂိုး ၅၃ ဂိုး သြင္းယူေပးထားၿပီး ဂ်ိဳးဆက္ပ္ ဆမီတီအဲက ၇၅ ပြဲမွာ ၆၄ ဂိုးနဲ႔ ပထမအျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း မက္ဆီဟာ ကိုပါဒယ္ေရးဖလားကို ၆ ႀကိမ္ ရရွိထားခဲ့တဲ့အခ်ိန္မွာ ဂ်ိဳးဆက္ပ္ ဆမီတီအဲက ကစားသမားဘဝတေလၽွာက္လုံးမွာ ၅ ႀကိမ္အထိသာ ရရွိခဲ့ဖူးတာျဖစ္ပါတယ္။

အမွန္တကယ္ေတာ့ ကိုပါဒယ္ေရးၿပိဳင္ပြဲသမိုင္းတေလၽွာက္မွာ မက္ဆီထက္ပိုၿပီး ကိုပါဒယ္ေရးဖလားကို ရရွိခဲ့ဖူးတဲ့ ကစားသမားတစ္ဦးတည္းသာရွိၿပီး ၁၉၄၀ နဲ႔ ၁၉၅၀ ျပည့္ႏွစ္ကာလေတြမွာ အက္သလက္တစ္ ဘီလ္ဘာအိုနဲ႔အတူ အဂူစတင္း ဂါအင္ဇာက ၇ ႀကိမ္အထိ ရရွိခဲ့တာျဖစ္ပါတယ္။

ဘလြန္းဒီေအာ္ ၆ ဆုရွင္ လီယြန္နယ္မက္ဆီဟာ ႏူးကမ့္မွာ ၁၇ ရာသီေျမာက္အျဖစ္ အသင္းအတြက္ ကစားေပးေနသူျဖစ္ၿပီး စုစုေပါင္း ၇၅၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၉၃၃ ဂိုး(သြင္းဂိုး ၆၄၉ ဂိုး၊ ဂိုးဖန္တီးမႈ ၂၈၄ ႀကိမ္) အထိ ပါဝင္ပတ္သက္နိုင္ခဲ့တာေၾကာင့္ တစ္ပြဲကို ပ်မ္းမၽွ ဂိုးပါဝင္ပတ္သက္မႈႏႈန္း ၁.၂၃ ဂိုးရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.