Premier League

အာဆင်နယ်နည်းပြမဖြစ်ခင်က ဒေးဗစ်မိုရက်နဲ့စကားပြောခဲ့တယ်ဆိုတဲ့အာတီတာ

(Unicode)

အာဆင်နယ်အသင်းနည်းပြ အာတီတာက နည်းပြရာထူးကို မယူခင်မှာ အခုဝက်စ်ဟမ်းနည်းပြ မိုရက်နဲ့ စကားပြောခဲ့တယ်လို့ဆိုပါတယ်။ အာတီတာဟာ အဲဗာတန်ကစားသမားဘဝက ဒေးဗစ်မိုရက်ရဲ့လက်အောက်မှာ ၇ရာသီကြာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ အာဆင်နယ်အသင်းနဲ့ဝက်စ်ဟမ်းအသင်းတို့ဟာ အာဆင်နယ်အသင်းရဲ့အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ ဒီပွဲဟာ အာတီတာနဲ့ မိုရက်တို့ ဆရာတပည့်နှစ်ဦးရဲ့ နည်းပြအဖြစ် ပထမဆုံးယှဉ်ပြိုင်မှုဖြစ်ပါတယ်။

ဒီအပေါ်ကို မီဒီယာတွေက မေးမြန်းရာမှာတော့ အာတီတာက သူနဲ့မိုရက်တို့နဲ့ဆက်ဆံရေးဟာ ခုထိအပေါင်းလက္ခဏာဆောင်နေသေးကြောင်းပြောကြားခဲ့ပါတယ်။ အာတီတာက ” သူ (မိုရက်) ရဲ့လက်အောက်မှာ ကစားခဲ့ရတာ ပျော်စရာပါပဲ။ နည်းပြရာထူးကိုမယူခင်က သူနဲ့လေးငါးကြိမ်လောက် စကားပြောဖြစ်ခဲ့တယ်။ သူက အရမ်းအကူအညီဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်အထက်မှာ ဂိုးကွာခြားချက်အသာနဲ့သာ ရပ်တည်နေနိုင်တာမို့ နည်းပြမိုရက်အတွက်တော့ အာဆင်နယ်အသင်းနဲ့ပွဲမှာ အမှတ်စုဆောင်းနိုင်ဖို့လိုအပ်နေပါတယ်။ အာဆင်နယ်အသင်းဟာလည်း အမှတ်ပေးဇယားရဲ့ အဆင့်၁၀နေရာမှာရှိနေပြီး ဥရောပဝင်ခွင့်အတွကိုက်ပွဲဝင်ရမယ့် မန်ယူအသင်းနဲ့ ၅မှတ်သာကွာဟတာကြောင့် ဝက်စ်ဟမ်းအသင်းကို သေချာပေါက် အနိုင်ယူဖို့လိုအပ်နေပါတယ်။

အမ်းမရိတ်မြက်ခင်းစိမ်းပေါ်က ဆရာတပည့်နှစ်ဦးပြန်ဆုံတဲ့ပွဲမှာ ဘယ်သူအသာရသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

SportsA2Z
HTOO PYAE SONE

(Zawgyi)

အာဆင္နယ္အသင္းနည္းျပ အာတီတာက နည္းျပရာထူးကို မယူခင္မွာ အခုဝက္စ္ဟမ္းနည္းျပ မိုရက္နဲ႔ စကားေျပာခဲ့တယ္လို႔ဆိုပါတယ္။ အာတီတာဟာ အဲဗာတန္ကစားသမားဘဝက ေဒးဗစ္မိုရက္ရဲ႕လက္ေအာက္မွာ ၇ရာသီၾကာ ကစားခဲ့ဖူးသူျဖစ္ပါတယ္။

ဒီေန႔ညမွာေတာ့ အာဆင္နယ္အသင္းနဲ႔ဝက္စ္ဟမ္းအသင္းတို႔ဟာ အာဆင္နယ္အသင္းရဲ႕အိမ္ကြင္း အမ္းမရိတ္မွာ ယွဥ္ၿပိဳင္ကစားၾကေတာ့မွာျဖစ္ပါတယ္။ ဒီပြဲဟာ အာတီတာနဲ႔ မိုရက္တို႔ ဆရာတပည့္ႏွစ္ဦးရဲ႕ နည္းျပအျဖစ္ ပထမဆုံးယွဥ္ၿပိဳင္မႈျဖစ္ပါတယ္။

ဒီအေပၚကို မီဒီယာေတြက ေမးျမန္းရာမွာေတာ့ အာတီတာက သူနဲ႔မိုရက္တို႔နဲ႔ဆက္ဆံေရးဟာ ခုထိအေပါင္းလကၡဏာေဆာင္ေနေသးေၾကာင္းေျပာၾကားခဲ့ပါတယ္။ အာတီတာက ” သူ (မိုရက္) ရဲ႕လက္ေအာက္မွာ ကစားခဲ့ရတာ ေပ်ာ္စရာပါပဲ။ နည္းျပရာထူးကိုမယူခင္က သူနဲ႔ေလးငါးႀကိမ္ေလာက္ စကားေျပာျဖစ္ခဲ့တယ္။ သူက အရမ္းအကူအညီျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ တန္းဆင္းဇုန္အထက္မွာ ဂိုးကြာျခားခ်က္အသာနဲ႔သာ ရပ္တည္ေနႏိုင္တာမို႔ နည္းျပမိုရက္အတြက္ေတာ့ အာဆင္နယ္အသင္းနဲ႔ပြဲမွာ အမွတ္စုေဆာင္းႏိုင္ဖို႔လိုအပ္ေနပါတယ္။ အာဆင္နယ္အသင္းဟာလည္း အမွတ္ေပးဇယားရဲ႕ အဆင့္၁၀ေနရာမွာရွိေနၿပီး ဥေရာပဝင္ခြင့္အတြကိုက္ပြဲဝင္ရမယ့္ မန္ယူအသင္းနဲ႔ ၅မွတ္သာကြာဟတာေၾကာင့္ ဝက္စ္ဟမ္းအသင္းကို ေသခ်ာေပါက္ အႏိုင္ယူဖို႔လိုအပ္ေနပါတယ္။

အမ္းမရိတ္ျမက္ခင္းစိမ္းေပၚက ဆရာတပည့္ႏွစ္ဦးျပန္ဆုံတဲ့ပြဲမွာ ဘယ္သူအသာရသြားမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

SportsA2Z
HTOO PYAE SONE