Premier League Transfer News

27 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ယူနိုက်တက်နဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ဒီနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂-၀ နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်လက်ပြသသွားလိမ့်မယ်လို့ ပြောကြားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟော့ဖန်ဟိမ်းကွင်းလယ်ကစားသမား ခရစ်စတော့ဖ် ဘောင်းမ်ဂါတ်နာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပြီး လူငယ်ကြယ်ပွင့်ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူဖြစ်ပေမယ့် ၎င်းရဲ့ လက်ရှိတန်ကြေးဟာ ပေါင် ၁၆ သန်းဝန်းကျင်ရှိတယ်လို့ သိရ။

– ဝက်စ်ဟမ်းယူနိုက်တက်နည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို အငှားခေါ်ယူဖို့အတွက် ပြင်ဆင်နေပြီး သူတို့ရဲ့ အငှားကစားသမားအရေအတွက် ပြည့်နေတာကို လျှော့ချဖို့ ဘရန့်ဖို့ဒ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဆာအိဒ် ဘင်ရာမာကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ် စာချုပ်နိုင်ဖို့ လုပ်ဆောင်နေ။

-အာဆင်နယ်အသင်းက ဆောက်သမ်တန်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ အူဘာမီယန်းနဲ့ ကီရန် တီယာနီတို့ဟာ အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိတဲ့ အဓိကကစားသမား ၂ ဦးဖြစ်ခဲ့ပြီး နည်းပြ အာတီတာက စနေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ကစားရမယ့်ပွဲစဉ်မှာ အူဘာမီယန်းနဲ့ တီယာနီတို့ ပြန်ပါလာနိုင်မလား မသေချာဘူးလို့ ပြောကြားခဲ့။

– ချဲလ်ဆီးအသင်းကနေ အလိုရှိနေတဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းဆီကနေ မန်ချက်စတာယူနိုက်တက်တို့ ကြားဖြတ်ခေါ်ယူနိုင်ဖို့ လုပ်ဆောင်မှုတွေက နွေရာသီမှာ အောင်မြင်နိုင်ဖွယ်ရှိနေပြီး ဖရန့် လမ်းပတ် ထွက်ခွာသွားတဲ့ နည်းပြ အပြောင်းအလဲမှာ ပေါင်သန်း ၇၀ တန် ကွင်းလယ်လူအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ဆီ လမ်းကြောင်းပြောင်းလာဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နောက်ထပ်ကစားသမားသစ်တွေ ထပ်မံရောက်ရှိလာဖို့ မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပေမယ့် အသင်းမှာ လူပိုဖြစ်နေတဲ့ ကစားသမားအချို့တော့ ထွက်ခွာလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ကစားသမားသစ် ထပ်မံခေါ်ယူနိုင်ခဲ့ရင် အံ့အားသင့်မိလိမ့်မယ်လို့ ပြောကြားခဲ့။

– နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အီဂါလိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ စာချုပ်သက်တမ်းမကုန်ဆုံးမီ ၅ ရက်မှာပဲ ထွက်ခွာပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီး အီဂါလိုကို မန်ချက်စတာယူနိုက်တက်က အစပိုင်းက ၅ လအငှားစာချုပ်နဲ့သာ ခေါ်ယူခဲ့ပေမယ့် ၎င်းရဲ့ဖလားပြိုင်ပွဲတွေက အထင်ကြီးဖွယ်ခြေစွမ်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုတို့ကြောင့် စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး ၂၃ ပွဲမှာ ၅ ဂိုးသွင်းယူပေးခဲ့။

– လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ် ဒုတိယပိုင်းပြီးဆုံးခါနီးမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အင်္ဂါနေ့မှာ ဒူးကို ဓာတ်မှန်ရိုက်ခဲ့ပြီး ယနေ့ည ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်ကို ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေခဲ့ပေမယ့် အင်္ဂါနေ့မနက်မှာ လေ့ကျင့်ရေးဆင်းခဲ့တာကြောင့် အဆင်ပြေလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အတ္တလန္တာယူနိုက်တက်အသင်းကနေ ခေါ်ယူခဲ့တဲ့ အာမက် ဂျယ်လိုဟာ ယူနိုက်တက်ရဲ့ ညာတောင်ပံ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး အာမက်ဂျယ်လိုဟာ နေရာလွတ်ရှာဖွေပြီး အတွင်းထဲ ဝင်နိုင်သလို တောင်ပံကနေ ထိုးဖောက်နိုင်တဲ့ကစားသမားဖြစ်ပြီး ၎င်းဟာ အသင်းရဲ့အဓိကကစားသမားတစ်ဦးဆိုတာ သက်သေပြဖို့ အချိန်ရရှိလိမ့်မယ်လို့ ပြောကြားခဲ့။

– မန်ချက်တာယူနိုက်တက်ကစားသမားဟောင်း ၂ ဦးဖြစ်တဲ့ လူကာကူနဲ့ အီဘရာဟီမိုဗစ်တို့ဟာ အင်တာမီလန်က အေစီမီလန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အချင်းချင်း ခေါင်းနဲ့ တိုက်နေခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ၂ ဦးစလုံးကို အဝါကတ်ပြားပြသခဲ့ပြီးနောက် ဆွီဒင်သားကြီးကတော့ နောက်ထပ်တစ်ကြိမ် ပြစ်ဒဏ်ကျူးလွန်မှုမှာ အဝါကတ်ပြားထပ်မံပြသခံခဲ့ရတဲ့အတွက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ယူႏုိက္တက္နဲ႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္က ဒီေန႔ည အိုးလ္ထရက္ဖို႔ဒ္မွာ ရွက္ဖီးလ္ဒ္ယူနိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းက ၂-၀ နဲ႔ အနိုင္ယူၿပီး ပရီးမီးယားလိဂ္မွာ သူတို႔ရဲ႕ အေကာင္းဆုံးပုံစံကို ဆက္လက္ျပသသြားလိမ့္မယ္လို႔ ေျပာၾကားခဲ့။

– မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေဟာ့ဖန္ဟိမ္းကြင္းလယ္ကစားသမား ခရစ္စေတာ့ဖ္ ေဘာင္းမ္ဂါတ္နာကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ The Sun ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး လူငယ္ၾကယ္ပြင့္ကစားသမားဟာ ၂၀၂၃ ခုႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္သူျဖစ္ေပမယ့္ ၎ရဲ့ လက္ရွိတန္ေၾကးဟာ ေပါင္ ၁၆ သန္းဝန္းက်င္ရွိတယ္လို႔ သိရ။

– ဝက္စ္ဟမ္းယူႏုိက္တက္နည္းျပ ေဒးဗစ္ မြဳိက္စ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို အငွားေခၚယူဖို႔အတြက္ ျပင္ဆင္ေနၿပီး သူတုိ႔ရဲ႕ အငွားကစားသမားအေရအတြက္ ျပည့္ေနတာကို ေလွ်ာ့ခ်ဖို႔ ဘရန္႔ဖို႔ဒ္ကေန အငွားနဲ႔ ေခၚယူထားတဲ့ ဆာအိဒ္ ဘင္ရာမာကို ေပါင္ ၂၅ သန္းနဲ႔ အၿပီးသတ္ စာခ်ဳပ္ႏုိင္ဖို႔ လုပ္ေဆာင္ေန။

-အာဆင္နယ္အသင္းက ေဆာက္သမ္တန္အသင္းကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ အူဘာမီယန္းနဲ႔ ကီရန္ တီယာနီတို႔ဟာ အသင္းအတြက္ ပါဝင္ကစားေပးနိုင္ျခင္းမရွိတဲ့ အဓိကကစားသမား ၂ ဦးျဖစ္ခဲ့ၿပီး နည္းၿပ အာတီတာက စေနေန႔မွာ မန္ခ်က္စတာယူနိုက္တက္နဲ႔ကစားရမယ့္ပြဲစဥ္မွာ အူဘာမီယန္းနဲ႔ တီယာနီတို႔ ျပန္ပါလာနိုင္မလား မေသခ်ာဘူးလို႔ ေျပာၾကားခဲ့။

– ခ်ဲလ္ဆီးအသင္းကေန အလိုရွိေနတဲ့ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ဝက္စ္ဟမ္းအသင္းဆီကေန မန္ခ်က္စတာယူႏုိက္တက္တို႔ ၾကားျဖတ္ေခၚယူႏုိင္ဖို႔ လုပ္ေဆာင္မွဳေတြက ေႏြရာသီမွာ ေအာင္ျမင္ႏုိင္ဖြယ္ရွိေနၿပီး ဖရန္႔ လမ္းပတ္ ထြက္ခြာသြားတဲ့ နည္းျပ အေျပာင္းအလဲမွာ ေပါင္သန္း ၇၀ တန္ ကြင္းလယ္လူအေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္ဆီ လမ္းေၾကာင္းေျပာင္းလာဖြယ္ရွိေန။

– မန္ခ်က္စတာယူနိုက္တက္နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မပိတ္မီ ေနာက္ထပ္ကစားသမားသစ္ေတြ ထပ္မံေရာက္ရွိလာဖို႔ ေမၽွာ္မွန္းထားေၾကာင္း ေျပာၾကားခဲ့ေပမယ့္ အသင္းမွာ လူပိုျဖစ္ေနတဲ့ ကစားသမားအခ်ိဳ႕ေတာ့ ထြက္ခြာလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး ကစားသမားသစ္ ထပ္မံေခၚယူနိုင္ခဲ့ရင္ အံ့အားသင့္မိလိမ့္မယ္လို႔ ေျပာၾကားခဲ့။

– နိုင္ဂ်ီးရီးယားလက္ေရြးစင္တိုက္စစ္မႉး အီဂါလိုဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကေန စာခ်ဳပ္သက္တမ္းမကုန္ဆုံးမီ ၅ ရက္မွာပဲ ထြက္ခြာၿပီျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီး အီဂါလိုကို မန္ခ်က္စတာယူနိုက္တက္က အစပိုင္းက ၅ လအငွားစာခ်ဳပ္နဲ႔သာ ေခၚယူခဲ့ေပမယ့္ ၎ရဲ့ဖလားၿပိဳင္ပြဲေတြက အထင္ႀကီးဖြယ္ေျခစြမ္းနဲ႔ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈတို႔ေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ၿပီး ၂၃ ပြဲမွာ ၅ ဂိုးသြင္းယူေပးခဲ့။

– လီဗာပူးလ္အသင္းကို အနိုင္ရရွိခဲ့တဲ့ တနဂၤေႏြေန႔ညေနပြဲစဥ္ ဒုတိယပိုင္းၿပီးဆုံးခါနီးမွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို အဂၤါေန႔မွာ ဒူးကို ဓာတ္မွန္ရိုက္ခဲ့ၿပီး ယေန႔ည ရွက္ဖီးယူနိုက္တက္နဲ႔ပြဲစဥ္ကို ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနခဲ့ေပမယ့္ အဂၤါေန႔မနက္မွာ ေလ့က်င့္ေရးဆင္းခဲ့တာေၾကာင့္ အဆင္ေျပလိမ့္မယ္လို႔ နည္းျပဆိုးလ္ရွားက ေျပာၾကားခဲ့။

– မန္ခ်က္စတာယူနိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက အတၱလႏၲာယူနိုက္တက္အသင္းကေန ေခၚယူခဲ့တဲ့ အာမက္ ဂ်ယ္လိုဟာ ယူနိုက္တက္ရဲ့ ညာေတာင္ပံ ျပႆနာကို ေျဖရွင္းေပးနိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး အာမက္ဂ်ယ္လိုဟာ ေနရာလြတ္ရွာေဖြၿပီး အတြင္းထဲ ဝင္နိုင္သလို ေတာင္ပံကေန ထိုးေဖာက္နိုင္တဲ့ကစားသမားျဖစ္ၿပီး ၎ဟာ အသင္းရဲ့အဓိကကစားသမားတစ္ဦးဆိုတာ သက္ေသျပဖို႔ အခ်ိန္ရရွိလိမ့္မယ္လို႔ ေျပာၾကားခဲ့။

– မန္ခ်က္တာယူနိုက္တက္ကစားသမားေဟာင္း ၂ ဦးျဖစ္တဲ့ လူကာကူနဲ႔ အီဘရာဟီမိုဗစ္တို႔ဟာ အင္တာမီလန္က ေအစီမီလန္ကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ ကိုပါအီတာလီယာဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး အခ်င္းခ်င္း ေခါင္းနဲ႔ တိုက္ေနခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က ၂ ဦးစလုံးကို အဝါကတ္ျပားျပသခဲ့ၿပီးေနာက္ ဆြီဒင္သားႀကီးကေတာ့ ေနာက္ထပ္တစ္ႀကိမ္ ျပစ္ဒဏ္က်ဴးလြန္မႈမွာ အဝါကတ္ျပားထပ္မံျပသခံခဲ့ရတဲ့အတြက္ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.