Premier League

အဲရစ္ ဒိုင္ယာဘက္က ေထာက္ခံေျပာၾကားလုိက္တဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ေနာ့ဝစ္ခ်္စီးတီးတုိ႔ရဲ႕ အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲစဥ္မွာ ပရိသတ္တစ္ဦးနဲ႔ ျပႆနာျဖစ္ပြားခဲ့ၿပီး မိသားစုဘက္က ကာကြယ္ခဲ့တဲ့ အဲရစ္ ဒိုင္ယာရဲ႕ လုပ္ရပ္ကို ေထာက္ခံေၾကာင္းနဲ႔ ဒါဟာ သဘာဝက်က် ေဆာင္ရြက္ခဲ့တာ ျဖစ္တယ္လို႔ မွတ္ခ်က္ေပးလုိက္ပါတယ္။

လမ္းပတ္က ကစားသမားေတြအေနနဲ႔ ေန႔စဥ္ေန႔တုိင္းမွာ ရင္ဆုိင္ေနခဲ့ရတဲ့ အမုန္းစကားေျပာၾကားမွဳေတြနဲ႔ ဆဲဆုိျပစ္တင္မွဳေတြကို ရင္ဆုိင္ ေနခဲ့ရတာဟာ မမွ်တတဲ့ ျဖစ္ရပ္ေတြလည္းျဖစ္ၿပီး သူတုိ႔ေတြအေနနဲ႔ ဒီထက္ပုိၿပီး ေလးစားမွဳ ထားရွိခံရဖို႔ ထိုက္တန္ေၾကာင္းလည္းဆုိခဲ့ၿပီး ဒိုင္ယာရဲ႕ လုပ္ရပ္ကိုေတာ့ ကာကြယ္ေျပာၾကားခဲ့တာပါ။

လမ္းပတ္က ဒိုင္ယာရဲ႕ လုပ္ရပ္ဟာ ျဖစ္တတ္တဲ့ သဘာဝတစ္ခုသာျဖစ္ၿပီး မိသားစုအေနနဲ႔ အေစာ္ကားခံေနရတာကို ရင္ဆုိင္ေပးခဲ့တာျဖစ္ၿပီး ေဘာလုံးပြဲေတြရဲ႕ သဘာဝအရ ပရိသတ္ေတြရဲ႕ ဆက္ဆံမွဳတခ်ဳိ႕ဟာ မွ်တျခင္းမရွိဘဲ ဒါကိုမွ အျပစ္တစ္ခုလို မျမင္ဘဲ လက္ခံေပးထားတာကေတာ့ ပုံစံမက်ဘူးလို႔လည္း ေဝဖန္ခဲ့ပါတယ္။

“ကၽြန္ေတာ့္အျမင္ကေတာ့ ကစားသမားေတြအေနနဲ႔ ဒီထက္ပုိတဲ့ ေလးစားမွဳနဲ႔ ထိုက္တန္ပါတယ္။ တကယ္ေတာ့ ဒီလိုလူေတြအတြက္ သူတို႔မွာ ထိန္းခ်ဳပ္သည္းခံခဲ့ရတဲ့အျဖစ္ေတြက မ်ားလွၿပီျဖစ္ၿပီး ပြဲထဲမွာ သူတုိ႔ရင္ဆုိင္ခဲ့ရတဲ့ ကဲ့ရဲ႕ရွဳတ္ခ်မွဳေတြ၊ အမုန္းတရားေတြနဲ႔ သူတုိ႔ကို ဒါမွမဟုတ္ မိသားစုကို ဆဲေရးေအာ္ဟစ္တာေတြက မွ်တမွဳ မရွိပါဘူး”လို႔လည္း ေျပာၾကားလုိက္ပါတယ္။

လမ္းပတ္က ဒိုင္ယာရဲ႕ လုပ္ရပ္ဟာ ေဘာလုံးသမားတစ္ေယာက္အေနနဲ႔ လူေတြက အျပစ္ျမင္ေနၾကတာျဖစ္ၿပီး တကယ္တမ္းမွာေတာ့ လူသားတစ္ဦးအေနနဲ႔ ပုံမွန္တုံ႔ျပန္မွဳျဖစ္ၿပီး နားလည္ေပးရမွာျဖစ္ေၾကာင္းနဲ႔ စပါးစ္ရဲ႕ အဂၤလန္လက္ေရြးစင္ကြင္းလယ္လူအတြက္ ကစားသမားေဟာင္းနဲ႔ ေဘာလုံးကၽြမ္းက်င္သူ ပီတာ ခေရာက္ခ်္ကလည္း ေထာက္ခံေျပာၾကားေပးခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ နော့ဝစ်ချ်စီးတီးတို့ရဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ပရိသတ်တစ်ဦးနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး မိသားစုဘက်က ကာကွယ်ခဲ့တဲ့ အဲရစ် ဒိုင်ယာရဲ့ လုပ်ရပ်ကို ထောက်ခံကြောင်းနဲ့ ဒါဟာ သဘာဝကျကျ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

လမ်းပတ်က ကစားသမားတွေအနေနဲ့ နေ့စဉ်နေ့တိုင်းမှာ ရင်ဆိုင်နေခဲ့ရတဲ့ အမုန်းစကားပြောကြားမှုတွေနဲ့ ဆဲဆိုပြစ်တင်မှုတွေကို ရင်ဆိုင် နေခဲ့ရတာဟာ မမျှတတဲ့ ဖြစ်ရပ်တွေလည်းဖြစ်ပြီး သူတို့တွေအနေနဲ့ ဒီထက်ပိုပြီး လေးစားမှု ထားရှိခံရဖို့ ထိုက်တန်ကြောင်းလည်းဆိုခဲ့ပြီး ဒိုင်ယာရဲ့ လုပ်ရပ်ကိုတော့ ကာကွယ်ပြောကြားခဲ့တာပါ။

လမ်းပတ်က ဒိုင်ယာရဲ့ လုပ်ရပ်ဟာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုသာဖြစ်ပြီး မိသားစုအနေနဲ့ အစော်ကားခံနေရတာကို ရင်ဆိုင်ပေးခဲ့တာဖြစ်ပြီး ဘောလုံးပွဲတွေရဲ့ သဘာဝအရ ပရိသတ်တွေရဲ့ ဆက်ဆံမှုတချို့ဟာ မျှတခြင်းမရှိဘဲ ဒါကိုမှ အပြစ်တစ်ခုလို မမြင်ဘဲ လက်ခံပေးထားတာကတော့ ပုံစံမကျဘူးလို့လည်း ဝေဖန်ခဲ့ပါတယ်။

“ကျွန်တော့်အမြင်ကတော့ ကစားသမားတွေအနေနဲ့ ဒီထက်ပိုတဲ့ လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ တကယ်တော့ ဒီလိုလူတွေအတွက် သူတို့မှာ ထိန်းချုပ်သည်းခံခဲ့ရတဲ့အဖြစ်တွေက များလှပြီဖြစ်ပြီး ပွဲထဲမှာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေ၊ အမုန်းတရားတွေနဲ့ သူတို့ကို ဒါမှမဟုတ် မိသားစုကို ဆဲရေးအော်ဟစ်တာတွေက မျှတမှု မရှိပါဘူး”လို့လည်း ပြောကြားလိုက်ပါတယ်။

လမ်းပတ်က ဒိုင်ယာရဲ့ လုပ်ရပ်ဟာ ဘောလုံးသမားတစ်ယောက်အနေနဲ့ လူတွေက အပြစ်မြင်နေကြတာဖြစ်ပြီး တကယ်တမ်းမှာတော့ လူသားတစ်ဦးအနေနဲ့ ပုံမှန်တုံ့ပြန်မှုဖြစ်ပြီး နားလည်ပေးရမှာဖြစ်ကြောင်းနဲ့ စပါးစ်ရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူအတွက် ကစားသမားဟောင်းနဲ့ ဘောလုံးကျွမ်းကျင်သူ ပီတာ ခရောက်ချ်ကလည်း ထောက်ခံပြောကြားပေးခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.