Premier League

လမ်းပတ်နေရာဆက်ခံမယ့် တူဟယ် ချဲလ်ဆီးမှာ ဘယ်လောက်ခံမလဲ ဟောကိန်းထုတ်ခဲ့တဲ့ ဂယ်ရီနဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးက ချဲလ်ဆီးနည်းပြသစ် ဖြစ်လာမယ့် သောမတ်စ် တူဟယ်အနေနဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဘယ်လောက်ခံမလဲဆိုတာကို ဟောကိန်းထုတ်ခဲ့ပြီး လာမယ့် ၁၈ လ သို့မဟုတ် ၂ နှစ်အတွင်းမှာ ထုတ်ခံရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းကို ၁၈ လကြာနည်းပြခဲ့တဲ့ ဖရန့်လမ်းပတ်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခံရတော့မှာဖြစ်ပါတယ်။ ဂယ်ရီနဗီးက တူဟယ်ကို အများကြီး မျှော်မှန်းထားပေမယ့် အသင်းရဲ့ ထုံးတမ်းစဉ်လာကြောင့် ပီအက်စ်ဂျီနည်းပြဟောင်းလည်း သိပ်အကြာကြီး ခံမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူက ပရီးမီးယားလိဂ်အတွက် ကောင်းမွန်တဲ့ ဖြည့်စွက်မှုပါ။ တူဟယ်သာ ချဲလ်ဆီးနည်းပြဖြစ်လာခဲ့ရင် ဖရန့်လမ်းပတ် ဖြစ်ခဲ့တဲ့အတိုင်းပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ သူ့ကို လာမယ့် ၁၈ လ ဒါမှမဟုတ် ၂ နှစ်မှာ ထုတ်လိုက်တဲ့အကြောင်းကို ပြောရပါလိမ့်မယ်။ အဲဒါတော့ ကျွန်တော် လုံးဝသေချာတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ဟာ နည်းပြတွေကို အညှာအတာမဲ့ ထုတ်ပယ်တဲ့နေရာမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ချဲလ်ဆီးအသင်းမှာ နည်းပြရာထူး ၂ နှစ်လောက်အထိ မြဲခဲ့တာ မော်ရင်ညိုတစ်ဦးတည်းသာ ရှိခဲ့ပြီး ကွန်တီ၊ အန်ဆယ်လော့တီတို့လို ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားအောင်မြင်မှုရရှိအောင် လုပ်ပေးခဲ့တဲ့ နည်းပြတွေတောင် ၂ နှစ်ပြည့်တဲ့ထိ မခံဘဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဂယ္ရီနဗီးက ခ်ဲလ္ဆီးနည္းျပသစ္ ျဖစ္လာမယ့္ ေသာမတ္စ္ တူဟယ္အေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ဘယ္ေလာက္ခံမလဲဆိုတာကို ေဟာကိန္းထုတ္ခဲ့ၿပီး လာမယ့္ ၁၈ လ သို႔မဟုတ္ ၂ ႏွစ္အတြင္းမွာ ထုတ္ခံရလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၿပီးခဲ့တဲ့ရာသီက ပီအက္စ္ဂ်ီအသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကို ၁၈ လၾကာနည္းျပခဲ့တဲ့ ဖရန႔္လမ္းပတ္ရဲ့ ေနရာမွာ နည္းျပသစ္အျဖစ္ အစားထိုးခန႔္အပ္ခံရေတာ့မွာျဖစ္ပါတယ္။ ဂယ္ရီနဗီးက တူဟယ္ကို အမ်ားႀကီး ေမၽွာ္မွန္းထားေပမယ့္ အသင္းရဲ့ ထုံးတမ္းစဥ္လာေၾကာင့္ ပီအက္စ္ဂ်ီနည္းျပေဟာင္းလည္း သိပ္အၾကာႀကီး ခံမွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူက ပရီးမီးယားလိဂ္အတြက္ ေကာင္းမြန္တဲ့ ျဖည့္စြက္မႈပါ။ တူဟယ္သာ ခ်ဲလ္ဆီးနည္းျပျဖစ္လာခဲ့ရင္ ဖရန႔္လမ္းပတ္ ျဖစ္ခဲ့တဲ့အတိုင္းပဲ ျဖစ္မွာပါ။ ကၽြန္ေတာ္တို႔ သူ႔ကို လာမယ့္ ၁၈ လ ဒါမွမဟုတ္ ၂ ႏွစ္မွာ ထုတ္လိုက္တဲ့အေၾကာင္းကို ေျပာရပါလိမ့္မယ္။ အဲဒါေတာ့ ကၽြန္ေတာ္ လုံးဝေသခ်ာတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ရိုမန္ ေအဘရာမိုဗစ္ခ်္ဟာ နည္းျပေတြကို အညႇာအတာမဲ့ ထုတ္ပယ္တဲ့ေနရာမွာ နာမည္ႀကီးသူတစ္ေယာက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ၁၅ ႏွစ္အတြင္း ခ်ဲလ္ဆီးအသင္းမွာ နည္းျပရာထူး ၂ ႏွစ္ေလာက္အထိ ျမဲခဲ့တာ ေမာ္ရင္ညိဳတစ္ဦးတည္းသာ ရွိခဲ့ၿပီး ကြန္တီ၊ အန္ဆယ္ေလာ့တီတို႔လို ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားေအာင္ျမင္မႈရရွိေအာင္ လုပ္ေပးခဲ့တဲ့ နည္းျပေတြေတာင္ ၂ ႏွစ္ျပည့္တဲ့ထိ မခံဘဲ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.