Premier League

ဆိုင်းမဆင့် ဗုံမဆင့် လမ်းပတ် အထုတ်ခံရခြင်းရဲ့ နောက်ကွယ်က မရိုးရှင်းလှတဲ့ အကြောင်းရင်းများ

နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ရာသီကုန်အထိ ထိန်းသိမ်းခံထားရနိုင်ပြီး အသင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ကာကွယ်မှုနဲ့ ဆက်လက်ရှိနေနိုင်တယ်လို့ အေဘရာမိုဗစ်ချ်နဲ့ မမကြီးတို့ကြားမှာ ပြဿနာတက်ခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်ပြီးမှာ တချို့က ခန့်မှန်းခဲ့ကြပေမယ့် မနေ့ကတော့ ဒါတွေအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

မာရီနာအနေနဲ့ လမ်းပတ်ကို ဆက်လက်ထိန်းသိမ်းချင်ခဲ့တာဟာ ချစ်လွန်းလို့တော့ မဟုတ်ဘဲ နာဂဲလ်စ်မန်းကို မခေါ်ယူနိုင်လို့ ရာသီကုန်အထိ နည်းပြတစ်ဦးကို ခြောက်လနဲ့ မသုံးချင်လို့ဖြစ်တယ်လို့ သတင်းတွေအရ သိရပြီး နောက်ဆုံးမှာတော့ ချက်ချင်း အပြောင်းအလဲလုပ်မယ့် အေဘရာမိုဗစ်ချ်ရဲ့ ဆန္ဒကပဲ ပြည့်ဝသွားခဲ့ပါတယ်။


ဟုတ်ပါတယ်… တကယ်တမ်းတော့ မာရီနာအနေနဲ့ လမ်းပတ်ကို ကာကွယ်ပေးဖို့က လုံလောက်တဲ့ အကြောင်းနဲ့ ဆက်ဆံရေးကောင်းတွေ မရှိတာလည်းဖြစ်ပြီး သူတို့နှစ်ဦးဟာ နွေရာသီအပြောင်းအရွှေ့ ပိတ်သိမ်းချိန်ကတည်းက အကြိတ်အခဲတွေ ရှိခဲ့ကြတာဖြစ်သလို အသင်းထဲက Management တွေ ရှုပ်ထွေးမှုကြောင့်လည်း အက်ကြောင်းက ထင်တာထက် ပိုကြီးခဲ့ပါတယ်။


အသင်းကနေ ကန်ထုတ်လိုက်တဲ့ လူငယ်ကစားသမားဟောင်းတစ်ဦးကို မျက်နှာအောက်ချပြီး ပြန်လည်ခေါ်ယူရမယ့် ဒက်ကလန် ရိုက်စ်ကို နည်းပြက လိုချင်ပေမယ့် အုပ်ချုပ်သူတွေကတော့ သိက္ခာကျတယ်ထင်နေချိန်မှာ လမ်းပတ်ကတော့ မာရီနာက မမိုက်ပါဘူးဆိုတဲ့ စကားမျိုး ပြောခဲ့သလို လေ့ကျင့်ရေးကွင်းမှာလည်း ကစားသမားတွေဘက်က နည်းစနစ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေမရဘူးလို့ အသံထွက်လာခဲ့ပါတယ်။


လမ်းပတ်က မသုံးချင်တော့တဲ့ ကီပါကို ချော့မော့ပြီး စိတ်ဓာတ်မြှင့်တင်ပေးဖို့ ပီတာချက်ကို တာဝန်ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ နောက်ဆုံး မန်ဒီကို အစားထိုးခဲ့ရတာကတော့ ကဲ… ငါမပြောလားဆိုတဲ့ စကားမျိုးတွေကို ထွက်လာစေပြီး ဝုလ်ဗ်စ်ကို ရှုံးပြီး ခြေချော်ခဲ့ပြီးတဲ့နောက် လက်စတာနဲ့ ပွဲမှာ ထပ်ရှုံးခဲ့ချိန်မှာတော့ ကွင်းလယ်လူဟောင်းအနေနဲ့ အသင်းက ထွက်ဖို့ ကစားသမားတွေကိုတောင် နှုတ်ဆက်ပြီးခဲ့ပြီလို့လည်း ဆိုပါတယ်။


အသင်းမှာ ပြီးခဲ့တဲ့ ရာသီကမှ နည်းစနစ်အကြံပေးဖြစ်လာတဲ့ ပီတာချက်ရဲ့ အခန်းကဏ္ဍကလည်း ပိုမိုကြီးထွားလာခဲ့ပြီး အသင်းဖော်ဟောင်း လမ်းပတ်ဘက်က လိုက်ရမယ့်အစား သူ့လူကိုယ့်ဘက်သားလုပ်နေတာတွေကလည်း ကစားသမားတွေကို ထိန်းချုပ်ရခက်စေပြီး ဂျာမန်သားတွေကို ဂိုးသမားဟောင်းကြီးက ဝင်ညှိပေးအပြီးမှာတော့ အခြေအနေက တင်းမာခဲ့သလို အလုပ်လည်း ပိုမဖြစ်တော့တာပါ။


ဒီလိုနဲ့ မာရီနာဟာ လိုက်ပ်ဇစ်အားကစားဒါရိုက်တာနဲ့ နည်းပြဟောင်း ရာ့လ်ဖ် ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပြီး ငြင်းပယ်ခဲ့လို့သာ လမ်းပတ်ဟာ ဆက်ရှိနေခဲ့တာဖြစ်သလို နာဂဲလ်စ်မန်းကို ထပ်မံကြိုးစားပြီး မအောင်မြင်ချိန်မှာ ပီအက်စ်ဂျီပြုတ် တူဟယ်လ်ကို ညှိခဲ့ပြီး သဘောတူညီနိုင်ချိန်မှာတော့ လမ်းပတ်ကို အေဘရာမိုဗစ်ချ်ဆန္ဒအတိုင်း ကန်ထုတ်ဖို့ အကောင်အထည်အပေါ်လာခဲ့ပါတယ်။


ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံး ဂန္ထဝင်ကွင်းလယ်လူရဲ့ ကိုင်တွယ်မှုဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို တစ်ကျော့ပြန်ရောက်ရှိပြီး ၁ နှစ် ၆ လနဲ့ ၂၂ ရက်အကြာမှာ တစ်ခန်းရပ်သွားခဲ့တာဖြစ်ပြီး နည်းပြ လမ်းပတ်အတွက်တော့ သူ့ရဲ့ သံယောဇဉ်ဖြစ်တည်မှုက မလှပခဲ့သလို ငွေကြေးနဲ့ အောင်မြင်မှုကို စောစောစီးစီး တိုင်းတာတတ်တဲ့ အသင်းတစ်သင်းမှာ ဒီထက် အချိန်ပိုရသင့်ခဲ့ပေမယ့်လည်း မရိုးရှင်းလှတဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကြားမှာ အဆုံးသတ်ခဲ့ရတာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: THE ATHLETIC , INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAW GYI:
နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ရာသီကုန်အထိ ထိန်းသိမ်းခံထားရနိုင်ပြီး အသင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ကာကွယ်မှုနဲ့ ဆက်လက်ရှိနေနိုင်တယ်လို့ အေဘရာမိုဗစ်ခ်ျနဲ့ မမကြီးတို့ကြားမှာ ပြဿနာတက်ခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်ပြီးမှာ တချို့က ခန့်မှန်းခဲ့ကြပေမယ့် မနေ့ကတော့ ဒါတွေအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။

မာရီနာအနေနဲ့ လမ်းပတ်ကို ဆက်လက်ထိန်းသိမ်းချင်ခဲ့တာဟာ ချစ်လွန်းလို့တော့ မဟုတ်ဘဲ နာဂဲလ်စ်မန်းကို မခေါ်ယူနိုင်လို့ ရာသီကုန်အထိ နည်းပြတစ်ဦးကို ခြောက်လနဲ့ မသုံးချင်လို့ဖြစ်တယ်လို့ သတင်းတွေအရ သိရပြီး နောက်ဆုံးမှာတော့ ချက်ချင်း အပြောင်းအလဲလုပ်မယ့် အေဘရာမိုဗစ်ခ်ျရဲ့ ဆန္ဒကပဲ ပြည့်ဝသွားခဲ့ပါတယ်။










ဒီလိုနဲ့ မာရီနာဟာ လိုက်ပ်ဇစ်အားကစားဒါရိုက်တာနဲ့ နည်းပြဟောင်း ရာ့လ်ဖ် ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပြီး ငြင်းပယ်ခဲ့လို့သာ လမ်းပတ်ဟာ ဆက်ရှိနေခဲ့တာဖြစ်သလို နာဂဲလ်စ်မန်းကို ထပ်မံကြိုးစားပြီး မအောင်မြင်ချိန်မှာ ပီအက်စ်ဂျီပြုတ် တူဟယ်လ်ကို ညှိခဲ့ပြီး သဘောတူညီနိုင်ချိန်မှာတော့ လမ်းပတ်ကို အေဘရာမိုဗစ်ခ်ျဆန္ဒအတိုင်း ကန်ထုတ်ဖို့ အကောင်အထည်အပေါ်လာခဲ့ပါတယ်။


ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံး ဂန္ထဝင်ကွင်းလယ်လူရဲ့ ကိုင်တွယ်မှုဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို တစ်ကျော့ပြန်ရောက်ရှိပြီး ၁ နှစ် ၆ လနဲ့ ၂၂ ရက်အကြာမှာ တစ်ခန်းရပ်သွားခဲ့တာဖြစ်ပြီး နည်းပြ လမ်းပတ်အတွက်တော့ သူ့ရဲ့ သံယောဇဉ်ဖြစ်တည်မှုက မလှပခဲ့သလို ငွေကြေးနဲ့ အောင်မြင်မှုကို စောစောစီးစီး တိုင်းတာတတ်တဲ့ အသင်းတစ်သင်းမှာ ဒီထက် အချိန်ပိုရသင့်ခဲ့ပေမယ့်လည်း မရိုးရှင်းလှတဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကြားမှာ အဆုံးသတ်ခဲ့ရတာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

SPORTS A2Z.