Premier League

26 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြ ဖရန့်လမ်းပတ်ကို ထုတ်ပယ်ခဲ့တာက အသင်းအတွက် အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိသလို လမ်းပတ်ကို အလွန်လေးစားမှုရှိတာကြောင့် ပိုခက်ခဲခဲ့တယ်လို့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ထုတ်ပြန်ကြေညာချက်မှာ ပြောကြားခဲ့။

-တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေး မော်ရင်ညိုဟာ ၎င်းရဲ့ တပည့်ဟောင်းဖြစ်တဲ့ ဖရန့်လမ်းပတ် ချဲလ်ဆီးအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရတာကို ၎င်းရဲ့ နည်းပြဘဝမှာ အရေးကြီးတဲ့လူတစ်ယောက်ဖြစ်ခဲ့တဲ့ သူဖြစ်တဲ့အတွက် ကိုယ်ချင်းစာ ဝမ်းနည်းမိတယ်လို့ ပြောကြားခဲ့။

-ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ် တူဟယ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ဝုဗ်နဲ့ ကစားရမယ့် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်ခွင့် ပြုခြင်းခံရလိမ့်မယ်လို့ The Telegraph က ဖော်ပြခဲ့ပြီး အင်္ဂလန်ကို မလာရောက်မီမှာ ကိုဗစ်-၁၉ ကူးစက်ခြင်းမခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ချက်ချင်းအသင်းနဲ့ပူးပေါင်းနိုင်ဖွယ်ရှိတယ်လို့ သိရ။

-ဟယ်ရီ ရက်က်နက်က ၎င်းရဲ့တူဖြစ်သူ ဖရန့် လမ်းပတ်ဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ထုတ်ပယ်ခံရမယ့်အစား ချဲလ်ဆီးအသင်းရဲ့ ရလဒ်တွေကို ပြောင်းလဲပေးနိုင်ဖို့ အချိန် ပိုမိုရရှိဖို့အတွက် ထိုက်တန်ခဲ့တယ်လို့ ယုံကြည်နေပြီး လီဗာပူးလ်နည်းပြ ကလော့ပ်လည်း ဆိုးရွားတဲ့အချိန်တွေ ပိုင်ဆိုင်နေရပေမယ့် ချက်ချင်း ဆိုးရွားတဲ့နည်းပြဖြစ်သွားလို့လားလို့ မေးခွန်းထုတ်ခဲ့။

-ချဲလ်ဆီးအသင်းက နည်းပြ ဖရန့်လမ်းပတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ဒန်နီ ဒရင့်ဝါးတားက အင်စတာဂရမ်မှာ လက်စတာစီးတီးအသင်းမှာတုန်းက ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ပုံ တင်ခဲ့တာဟာ နည်းပြလမ်းပတ်ထုတ်ပယ်ခံရမှုကို အောင်ပွဲခံတာမဟုတ်ဘဲ အဲဒီပုံ တင်တဲ့အချိန်မှာ ဘာသတင်းမှ မကြားရသေးဘူးလို့ ရှင်းလင်းပြောကြားခဲ့။

-ချဲလ်ဆီးအသင်း နည်းပြသစ် ဖြစ်လာတော့မယ့် ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ် တူဟယ်ကို ချဲလ်ဆီးအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေက ပရီးမီးယားလိဂ် ဒုတိယရာသီဝက်မှာ အသင်းကို ဆုဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်အောင် ပြုပြင်ပြောင်းလဲပေးဖို့ ညွှန်ကြားထားတယ်လို့ The Sun က ဖော်ပြခဲ့ပြီး လာမယ့်လအနည်းငယ်အတွင်း အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာအတွင်း ပြန်လည်တက်ရောက်နိုင်အောင် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရ။

-ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား သီယာဂို ဆေးလ်ဗားက နည်းပြ ဖရန့်လမ်းပတ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် နှုတ်ဆက်စကား ပြောကြားခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်ကို စရောက်ကတည်းက လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ကြောင်းနဲ့ ၁၀ နှစ်လောက် အတူတူ အလုပ်လုပ်ခဲ့ဖူးသလိုပဲလို့ ပြောခဲ့တဲ့အတိုင်းပဲ ဖြစ်ခဲ့ပြီး အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့။

-လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန် ရော်ဂျာက နည်းပြလမ်းပတ်ကို ချဲလ်ဆီးအသင်းက ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့အပေါ် စိတ်ပျက်ခဲ့ပြီး ချဲလ်ဆီးအသင်းက လမ်းပတ်အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာနဲ့ အသင်းအတွက် အရာအားလုံး ပေးခဲ့တယ်ဆိုတာကို သိရှိကြောင်းနဲ့ ငယ်ရွယ်တဲ့ အသင်းလူစာရင်းနဲ့ ကစားသမားသစ်တွေ အသားကျဖို့ ကြိုးပမ်းနေရတဲ့အချိန်မှာ အချိန်ပေးခြင်းမခံခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းမိတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းၿပ ဖရန႔္လမ္းပတ္ကို ထုတ္ပယ္ခဲ့တာက အသင္းအတြက္ အလြန္ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး အလြန္ရင္းႏွီးတဲ့ဆက္ဆံေရးရွိသလို လမ္းပတ္ကို အလြန္ေလးစားမႈရွိတာေၾကာင့္ ပိုခက္ခဲခဲ့တယ္လို႔ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က ထုတ္ျပန္ေၾကညာခ်က္မွာ ေျပာၾကားခဲ့။

-ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ ဟိုေဆး ေမာ္ရင္ညိဳဟာ ၎ရဲ့ တပည့္ေဟာင္းျဖစ္တဲ့ ဖရန႔္လမ္းပတ္ ခ်ဲလ္ဆီးအသင္းနည္းၿပ ရာထူးကေန ထုတ္ပယ္ခံရတာကို ၎ရဲ့ နည္းျပဘဝမွာ အေရးႀကီးတဲ့လူတစ္ေယာက္ျဖစ္ခဲ့တဲ့ သူျဖစ္တဲ့အတြက္ ကိုယ္ခ်င္းစာ ဝမ္းနည္းမိတယ္လို႔ ေျပာၾကားခဲ့။

-ပီအက္စ္ဂ်ီနည္းျပေဟာင္း ေသာမတ္စ္ တူဟယ္ဟာ ဗုဒၶဟူးေန႔ညမွာ ဝုဗ္နဲ႔ ကစားရမယ့္ ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းကို စတင္ကိုင္တြယ္ခြင့္ ျပဳျခင္းခံရလိမ့္မယ္လို႔ The Telegraph က ေဖာ္ျပခဲ့ၿပီး အဂၤလန္ကို မလာေရာက္မီမွာ ကိုဗစ္-၁၉ ကူးစက္ျခင္းမခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ ခ်က္ခ်င္းအသင္းနဲ႔ပူးေပါင္းနိုင္ဖြယ္ရွိတယ္လို႔ သိရ။

-ဟယ္ရီ ရက္က္နက္က ၎ရဲ့တူျဖစ္သူ ဖရန႔္ လမ္းပတ္ဟာ ပရီးမီးယားလိဂ္ ၈ ပြဲမွာ ၅ ပြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ထုတ္ပယ္ခံရမယ့္အစား ခ်ဲလ္ဆီးအသင္းရဲ့ ရလဒ္ေတြကို ေျပာင္းလဲေပးနိုင္ဖို႔ အခ်ိန္ ပိုမိုရရွိဖို႔အတြက္ ထိုက္တန္ခဲ့တယ္လို႔ ယုံၾကည္ေနၿပီး လီဗာပူးလ္နည္းၿပ ကေလာ့ပ္လည္း ဆိုးရြားတဲ့အခ်ိန္ေတြ ပိုင္ဆိုင္ေနရေပမယ့္ ခ်က္ခ်င္း ဆိုးရြားတဲ့နည္းျပျဖစ္သြားလို႔လားလို႔ ေမးခြန္းထုတ္ခဲ့။

-ခ်ဲလ္ဆီးအသင္းက နည္းၿပ ဖရန႔္လမ္းပတ္ကို နည္းျပရာထူးကေန ထုတ္ပယ္ေၾကာင္း အတည္ျပဳ ေၾကညာခဲ့ၿပီးေနာက္ ဒန္နီ ဒရင့္ဝါးတားက အင္စတာဂရမ္မွာ လက္စတာစီးတီးအသင္းမွာတုန္းက ဂိုးသြင္းအၿပီး ေအာင္ပြဲခံေနတဲ့ပုံ တင္ခဲ့တာဟာ နည္းျပလမ္းပတ္ထုတ္ပယ္ခံရမႈကို ေအာင္ပြဲခံတာမဟုတ္ဘဲ အဲဒီပုံ တင္တဲ့အခ်ိန္မွာ ဘာသတင္းမွ မၾကားရေသးဘူးလို႔ ရွင္းလင္းေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္း နည္းျပသစ္ ျဖစ္လာေတာ့မယ့္ ပီအက္စ္ဂ်ီ နည္းျပေဟာင္း ေသာမတ္စ္ တူဟယ္ကို ခ်ဲလ္ဆီးအသင္းထိပ္ပိုင္းတာဝန္ရွိသူေတြက ပရီးမီးယားလိဂ္ ဒုတိယရာသီဝက္မွာ အသင္းကို ဆုဖလားစိန္ေခၚနိုင္တဲ့အသင္းျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲေပးဖို႔ ညႊန္ၾကားထားတယ္လို႔ The Sun က ေဖာ္ျပခဲ့ၿပီး လာမယ့္လအနည္းငယ္အတြင္း အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာအတြင္း ျပန္လည္တက္ေရာက္နိုင္ေအာင္ လုပ္ေဆာင္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရ။

-ခ်ဲလ္ဆီးဝါရင့္ေနာက္ခံကစားသမား သီယာဂို ေဆးလ္ဗားက နည္းၿပ ဖရန႔္လမ္းပတ္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ႏႈတ္ဆက္စကား ေျပာၾကားခဲ့ၿပီး စတန္းဖို႔ဒ္ဘရစ္ဂ်္ကို စေရာက္ကတည္းက လုပ္ေပးခဲ့တဲ့ အရာအားလုံးအတြက္ ေက်းဇူးတင္ေၾကာင္းနဲ႔ ၁၀ ႏွစ္ေလာက္ အတူတူ အလုပ္လုပ္ခဲ့ဖူးသလိုပဲလို႔ ေျပာခဲ့တဲ့အတိုင္းပဲ ျဖစ္ခဲ့ၿပီး အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္လို႔ ေျပာၾကားခဲ့။

-လက္စတာစီးတီးအသင္းနည္းၿပ ဘရန္ဒန္ ေရာ္ဂ်ာက နည္းျပလမ္းပတ္ကို ခ်ဲလ္ဆီးအသင္းက ရာထူးကေန ထုတ္ပယ္ခဲ့တဲ့အေပၚ စိတ္ပ်က္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းက လမ္းပတ္အတြက္ ဘယ္ေလာက္အဓိပၸာယ္ရွိလဲဆိုတာနဲ႔ အသင္းအတြက္ အရာအားလုံး ေပးခဲ့တယ္ဆိုတာကို သိရွိေၾကာင္းနဲ႔ ငယ္ရြယ္တဲ့ အသင္းလူစာရင္းနဲ႔ ကစားသမားသစ္ေတြ အသားက်ဖို႔ ႀကိဳးပမ္းေနရတဲ့အခ်ိန္မွာ အခ်ိန္ေပးျခင္းမခံခဲ့ရတဲ့အတြက္ အလြန္ဝမ္းနည္းမိတယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.