Premier League

26 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး မိုက်ကယ်အိုဝင်က မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ ကစားခဲ့တဲ့ တနင်္ဂနွွေနေ့ပွဲစဉ်က အဓိက ကွာခြားချက်ဟာ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုဖြစ်တယ်လို့ ယုံကြည်နေပြီး အကောင်းဆုံးလူစားလဲလှယ်မှုအဖြစ် ဖာနန်ဒက်စ်က ဝင်လာပြီး ပွဲကို ပြောင်းလဲပေးခဲ့တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ပေါ့ဂ်ဘာသာ ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယခုရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး နည်းပြဆိုးလ်ရှားက ပေါ့ဂ်ဘာရဲ့ စိတ်ထဲမှာရှိတဲ့ တစ်စုံတရာကို ဖြည်ပေးနိုင်ခဲ့ပုံရတယ်လို့ ပြောကြားခဲ့။

-ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ဂျက်ဆီ လင်ဂတ်ကို အငှားနဲ့ ထွက်ခွာခွင့် ပြုသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီးနောက် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး နည်းပြဆိုးလ်ရှားကတော့ လင်ဂတ်ကို ဆက်လက်ထိန်းသိမ်းချင်ခဲ့ပေမယ့် ကစားသမားနဲ့ နည်းပြ စကားပြောဆိုခဲ့ပြီးနောက် နော်ဝေလူမျိုးနည်းပြက ကစားသမားရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက် ပရိသတ်ဟာ လီဗာပူးလ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးလ်နောက်ခံကစားသမား ရောဘတ်ဆန်ကို ဝမ်ဘစ်ဆာကာက ဒုတိယပိုင်းမှာ လီဗာပူးလ်ဘယ်နောက်ခံကစားသမားကို ကျော်ပြေးပြခဲ့ပြီး ပင်နယ်တီဧရိယာအတွင်း ဝင်ရောက်ခါနီးမှာ နောက်ထပ်တစ်ကြိမ် ခြေယောင်ပြပြီး ကျော်ဖြတ်ခဲ့တာကို ပရိသတ်တွေက သဘောကျနေကြတယ်လို့ သိရ။

-ဆောက်သမ်တန်အသင်းဟာ ကိုင်လီ ဝေါ်ကာ-ပီတာရဲ့ ဒဏ်ရာသတင်းကို စောင့်ဆိုင်းနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဘရန်ဒန် ဝီလီယံကို ခေါ်ယူဖို့အတွက် အနီးကပ်စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပြီး ယူနိုက်တက်နောက်ခံကစားသမား ရောက်ရှိလာမှုက ဟာဆန်ဟာတဲလ်အတွက် ဘယ်နောက်ခံနေရာအတွက်ရော ညာနောက်ခံနေရာအတွက်ပါ အထောက်အပံ့ဖြစ်စေမယ်လို့ သိရ။

-တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေး မော်ရင်ညိုက မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေစဉ်တုန်းက ဗန်ဒိုက်ထက် လင်ဒီလော့ဖ်ကို ခေါ်ယူဖို့အတွက် ရွေးချယ်ခဲ့တယ်လို့ ဆောက်သမ်တန်အသင်းမှာတုန်းက ဗန်ဒိုက်နဲ့ အသင်းဖော်ဖြစ်ခဲ့တဲ့ ချာလီအော်စတင်ရဲ့ ပြောကြားချက်အရ သိရပြီး ယူနိုက်တက်က ဒတ်ချ်နောက်ခံကစားသမားအစား လင်ဒီလော့ဖ်ကို ခေါ်ယူသွားခဲ့တာကို မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရိုင်ယန် ဂစ်က ဘရူနိုဖာနန်ဒက်စ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အဲရစ်ကန်တိုနာနဲ့ တူညီတဲ့ အဆင့်အတန်းချင်းရောက်ရှိနိုင်ဖို့အတွက် ဆုဖလားတွေ ရယူရမယ်လို့ ယုံကြည်နေပြီး ဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာချိန်ကတည်းက ကြီးမားတဲ့ အကျိုးသက်ရောက်မှုနဲ့အတူ အသင်းကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ပွဲကြီးပွဲကောင်းတွေကို အနိုင်ယူပြီးနောက် ဆုဖလားတွေ ရယူဖို့လိုတယ်လို့ ရိုင်ယန် ဂစ်က ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနိုင်ဂိုးကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ အလွတ်တည်ကန်ဘောကန်သွင်းနေတဲ့ပုံနဲ့အတူ ဘောလုံးကို မျက်စိဒေါက်ထောက်ကြည့်နေဆိုတဲ့စာကို ရေးသား မျှဝေခဲ့ပြီး ကာပေးထားခဲ့တာ ကောင်းတယ်မလား ဘရူနိုဖာနန်ဒက်စ်လို့ နောက်ထပ်မှတ်ချက်ပေးခဲ့ပြီးနောက် ပရိသတ်တွေဟာ ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်ဆိုတာ သိခဲ့ရတဲ့အတွက် အထင်ကြီးသွားခဲ့ကြတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး မိုက္ကယ္အိုဝင္က မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ ကစားခဲ့တဲ့ တနဂၤေႏြြေန႔ပြဲစဥ္က အဓိက ကြာျခားခ်က္ဟာ စြမ္းေဆာင္ရည္နဲ႔ ယုံၾကည္မႈျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အေကာင္းဆုံးလူစားလဲလွယ္မႈအျဖစ္ ဖာနန္ဒက္စ္က ဝင္လာၿပီး ပြဲကို ေျပာင္းလဲေပးခဲ့တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ ဂႏၲဝင္ေနာက္ခံကစားသမား ရီယိုဖာဒီနန္က ေပါ့ဂ္ဘာသာ ၎ရဲ့ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားနိုင္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ယခုရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး နည္းျပဆိုးလ္ရွားက ေပါ့ဂ္ဘာရဲ့ စိတ္ထဲမွာရွိတဲ့ တစ္စုံတရာကို ျဖည္ေပးနိုင္ခဲ့ပုံရတယ္လို႔ ေျပာၾကားခဲ့။

-ဝက္စ္ဟမ္းယူနိုက္တက္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းက ဂ်က္ဆီ လင္ဂတ္ကို အငွားနဲ႔ ထြက္ခြာခြင့္ ျပဳသြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီးေနာက္ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး နည္းျပဆိုးလ္ရွားကေတာ့ လင္ဂတ္ကို ဆက္လက္ထိန္းသိမ္းခ်င္ခဲ့ေပမယ့္ ကစားသမားနဲ႔ နည္းၿပ စကားေျပာဆိုခဲ့ၿပီးေနာက္ ေနာ္ေဝလူမ်ိဳးနည္းျပက ကစားသမားရဲ့ ေတာင္းဆိုမႈကို လက္ခံခဲ့တာျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ဟာ လီဗာပူးလ္အသင္းကို ၃-၂ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း လီဗာပူးလ္ေနာက္ခံကစားသမား ေရာဘတ္ဆန္ကို ဝမ္ဘစ္ဆာကာက ဒုတိယပိုင္းမွာ လီဗာပူးလ္ဘယ္ေနာက္ခံကစားသမားကို ေက်ာ္ေျပးျပခဲ့ၿပီး ပင္နယ္တီဧရိယာအတြင္း ဝင္ေရာက္ခါနီးမွာ ေနာက္ထပ္တစ္ႀကိမ္ ေျခေယာင္ျပၿပီး ေက်ာ္ျဖတ္ခဲ့တာကို ပရိသတ္ေတြက သေဘာက်ေနၾကတယ္လို႔ သိရ။

-ေဆာက္သမ္တန္အသင္းဟာ ကိုင္လီ ေဝၚကာ-ပီတာရဲ့ ဒဏ္ရာသတင္းကို ေစာင့္ဆိုင္းေနတဲ့အတြက္ မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား ဘရန္ဒန္ ဝီလီယံကို ေခၚယူဖို႔အတြက္ အနီးကပ္ေစာင့္ၾကည့္ေနဆဲျဖစ္တယ္လို႔ သိရၿပီး ယူနိုက္တက္ေနာက္ခံကစားသမား ေရာက္ရွိလာမႈက ဟာဆန္ဟာတဲလ္အတြက္ ဘယ္ေနာက္ခံေနရာအတြက္ေရာ ညာေနာက္ခံေနရာအတြက္ပါ အေထာက္အပံ့ျဖစ္ေစမယ္လို႔ သိရ။

-ေတာ့တင္ဟမ္ေဟာ့စပါးနည္းၿပ ဟိုေဆး ေမာ္ရင္ညိဳက မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ရွိေနစဥ္တုန္းက ဗန္ဒိုက္ထက္ လင္ဒီေလာ့ဖ္ကို ေခၚယူဖို႔အတြက္ ေရြးခ်ယ္ခဲ့တယ္လို႔ ေဆာက္သမ္တန္အသင္းမွာတုန္းက ဗန္ဒိုက္နဲ႔ အသင္းေဖာ္ျဖစ္ခဲ့တဲ့ ခ်ာလီေအာ္စတင္ရဲ့ ေျပာၾကားခ်က္အရ သိရၿပီး ယူနိုက္တက္က ဒတ္ခ်္ေနာက္ခံကစားသမားအစား လင္ဒီေလာ့ဖ္ကို ေခၚယူသြားခဲ့တာကို မယုံၾကည္နိုင္ေအာင္ျဖစ္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ရိုင္ယန္ ဂစ္က ဘ႐ူနိုဖာနန္ဒက္စ္အေနနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ အဲရစ္ကန္တိုနာနဲ႔ တူညီတဲ့ အဆင့္အတန္းခ်င္းေရာက္ရွိနိုင္ဖို႔အတြက္ ဆုဖလားေတြ ရယူရမယ္လို႔ ယုံၾကည္ေနၿပီး ဖာနန္ဒက္စ္ဟာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခ်ိန္ကတည္းက ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈနဲ႔အတူ အသင္းကို ေျပာင္းလဲေပးနိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ပြဲႀကီးပြဲေကာင္းေတြကို အနိုင္ယူၿပီးေနာက္ ဆုဖလားေတြ ရယူဖို႔လိုတယ္လို႔ ရိုင္ယန္ ဂစ္က ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြိဳင္းယားက လီဗာပူးလ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဘ႐ူနိုဖာနန္ဒက္စ္ရဲ့ အနိုင္ဂိုးကို ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႔ အလြတ္တည္ကန္ေဘာကန္သြင္းေနတဲ့ပုံနဲ႔အတူ ေဘာလုံးကို မ်က္စိေဒါက္ေထာက္ၾကည့္ေနဆိုတဲ့စာကို ေရးသား မၽွေဝခဲ့ၿပီး ကာေပးထားခဲ့တာ ေကာင္းတယ္မလား ဘ႐ူနိုဖာနန္ဒက္စ္လို႔ ေနာက္ထပ္မွတ္ခ်က္ေပးခဲ့ၿပီးေနာက္ ပရိသတ္ေတြဟာ ႀကိဳတင္စီစဥ္ထားတဲ့ အစီအစဥ္ဆိုတာ သိခဲ့ရတဲ့အတြက္ အထင္ႀကီးသြားခဲ့ၾကတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.