Premier League Transfer News

26 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– မာတင် အော်ဒီဂွါဒ်အနေနဲ့ အာဆင်နယ်အသင်းရဲ့ ကော်လ်နီလေ့ကျင့်ရေး အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှု ခံယူခဲ့သလို အသင်းဖော်သစ်တွေကိုလည်း နှုတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပြီး ဒီနေ့(အင်္ဂါနေ့)မှာ တရားဝင်ကြေငြာနိုင်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် နောက်ခံလူ ရိုင်ယန် ဘာထရန်ရဲ့ အေးဂျင့်ကို ချဉ်းကပ်ဆွေးနွေးနေပြီး ကစားသမားအနေနဲ့ ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေခဲ့ချိန်မှာ ဆောက်သမ်တန်အသင်းနဲ့ ဇန်နဝါရီမှာပဲ ခေါ်ယူနိုင်ဖို့ကိုတော့ မညှိနှိုင်းရသေးဘူးလို့ သိရ။

– အသင်းရဲ့ ဝန်ပိနေတဲ့ တစ်ဦးတည်းသော ဘယ်နောက်ခံလူ ကီရန် တီယာနီနေရာအတွက် အရန်အစီအစဉ်နဲ့ စကော့တလန်သားကို အနားပေးနိုင်စေဖို့ မာဆေးလ်အသင်းရဲ့ ဂျော်ဒန် အာမာဗီကို ဆက်သွယ်စုံစမ်းနေပြီး အက်စတန်ဗီလာမှာ နှစ်ရာသီကစားခဲ့ဖူးတဲ့ ပြင်သစ်သားဟာ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့်သူလို့ သိရ။

– အာဆင်နယ်အသင်းနဲ့ တရားဝင်ကြေငြာနိုင်တော့မယ့် ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် အသင်းရဲ့ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးရဲ့ တက်လမ်းကို ပိတ်ဆို့နိုင်တယ်ဆိုတာကို သတိပြုပြီး စနစ်တကျ ကိုင်တွယ်ဖို့ ရီယို ဖာဒီနန် သတိပေး။

– နွေရာသီအတွက် အဆင်သင့်ဖြစ်နေဖို့နဲ့ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေထဲ ပါဝင်ဖို့ သဘောကျခံရခြင်းမရှိတော့တဲ့ Deadwood တွေကို ဇန်နဝါရီမှာ အပြီးအပြတ် ရှင်းလင်းသွားဖို့ လုပ်ဆောင်နေတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးကို ပြတ်သားလွန်းတယ်လို့ ချီးကျူးနေကြပြီး မူစတာဖီကိုလည်း စာချုပ်ဖျက်သိမ်းပေးဖို့ ရှိနေ။

– ဒီရာသီလိုမျိုး ရှုပ်ထွေးတဲ့ ပရီးမီးယားလိဂ်ရဲ့ ကမောက်ကမ ရလဒ်တွေကြားမှာ မိမိတို့ အာဆင်နယ်အသင်းအနေနဲ့ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပေမယ့်လည်း ရာသီကုန်မှာ ချန်ပီယံလိဂ်ကစားခွင့်ရနိုင်ဖို့ ပစ်မှတ်ထားပြီး အစွမ်းကုန်ကြိုးစားနေကြောင်း နည်းပြ မီခယ်လ် အာတီတာ ပြောကြား။

– ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုလိုက်တာဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဟုတ်ဘဲ နှစ်သင်းကြားမှာ နှောင်ကြိုးတစ်ခုရှိနေပြီး သူ့အတွက် သတ်မှတ်တဲ့ ပွဲအရေအတွက် ပြည့်မြောက်ရင် အာဆင်နယ်အသင်းအနေနဲ့ ဖီနာဘာချီထံက ယူရို ၂ သန်း ရရှိမယ်လို့ သိရ။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အလန် စမစ်က ဝီလီယန်မှာ စိတ်ဓာတ်ခွန်အားနဲ့ မောင်းနှင်မှု ပျောက်ဆုံးနေတာဖြစ်ပြီး အသင်းရဲ့ အပြင်လူတစ်ယောက်လို ဖြစ်နေကြောင်းနဲ့ လက်ရှိခြေစွမ်းဟာ လုံးဝလက်ခံနိုင်စရာမရှိလို့ နည်းပြအတွက်လည်း ကိုင်တွယ်ရ ခက်ခဲစေကြောင်း ဝေဖန်သွားခဲ့။

– ဆောက်သမ်တန်အသင်းမှာ အဓိကနောက်ခံလူတွေဖြစ်ကြတဲ့ ဝေါ်လ်ကာ-ပီတာစ်နဲ့ ဘာထရန်တို့ ဒဏ်ရာရရှိနေပြီး အာဆင်နယ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ဖို့ အခက်အခဲဖြစ်စေလို အူဘာမီယန်း ပါဝင်နိုင်ဖို့ မရှိသေးတဲ့ ဧည့်သည် ဂန်းနားတွေအနေနဲ့တော့ Clean Sheet ရယူနိုင်ခဲ့ရင် ၂၀၀၆ ခုနှစ်က ၅ ပွဲဆက် စံချိန်ကို လိုက်မီနိုင်မယ်လို့ ပွဲကြိုဖော်ပြနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ေကာ္လ္နီေလ့က်င့္ေရး အေျခစိုက္စခန္းကို ေရာက္ရွိလာခဲ့ၿပီး ေဆးစစ္မႈ ခံယူခဲ့သလို အသင္းေဖာ္သစ္ေတြကိုလည္း ႏႈတ္ဆက္ခဲ့ၿပီးျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ဒီေန႔(အဂၤါေန႔)မွာ တရားဝင္ေၾကျငာႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္ရဲ႕ ေအးဂ်င့္ကို ခ်ဥ္းကပ္ေဆြးေႏြးေနၿပီး ကစားသမားအေနနဲ႔ ေျပာင္းေ႐ႊ႕လာဖို႔ စိတ္ဝင္စားေနခဲ့ခ်ိန္မွာ ေဆာက္သမ္တန္အသင္းနဲ႔ ဇန္နဝါရီမွာပဲ ေခၚယူႏိုင္ဖို႔ကိုေတာ့ မညႇိႏႈိင္းရေသးဘူးလို႔ သိရ။

– အသင္းရဲ႕ ဝန္ပိေနတဲ့ တစ္ဦးတည္းေသာ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီေနရာအတြက္ အရန္အစီအစဥ္နဲ႔ စေကာ့တလန္သားကို အနားေပးႏိုင္ေစဖို႔ မာေဆးလ္အသင္းရဲ႕ ေဂ်ာ္ဒန္ အာမာဗီကို ဆက္သြယ္စုံစမ္းေနၿပီး အက္စတန္ဗီလာမွာ ႏွစ္ရာသီကစားခဲ့ဖူးတဲ့ ျပင္သစ္သားဟာ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္သူလို႔ သိရ။

– အာဆင္နယ္အသင္းနဲ႔ တရားဝင္ေၾကျငာႏိုင္ေတာ့မယ့္ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ဟာ ကစားသမားေကာင္းတစ္ဦးျဖစ္ေပမယ့္ အသင္းရဲ႕ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးရဲ႕ တက္လမ္းကို ပိတ္ဆို႔ႏိုင္တယ္ဆိုတာကို သတိျပဳၿပီး စနစ္တက် ကိုင္တြယ္ဖို႔ ရီယို ဖာဒီနန္ သတိေပး။

– ေႏြရာသီအတြက္ အဆင္သင့္ျဖစ္ေနဖို႔နဲ႔ အသင္းရဲ႕ အနာဂတ္အစီအစဥ္ေတြထဲ ပါဝင္ဖို႔ သေဘာက်ခံရျခင္းမရွိေတာ့တဲ့ Deadwood ေတြကို ဇန္နဝါရီမွာ အၿပီးအျပတ္ ရွင္းလင္းသြားဖို႔ လုပ္ေဆာင္ေနတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို ျပတ္သားလြန္းတယ္လို႔ ခ်ီးက်ဴးေနၾကၿပီး မူစတာဖီကိုလည္း စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ ရွိေန။

– ဒီရာသီလိုမ်ိဳး ရႈပ္ေထြးတဲ့ ပရီးမီးယားလိဂ္ရဲ႕ ကေမာက္ကမ ရလဒ္ေတြၾကားမွာ မိမိတို႔ အာဆင္နယ္အသင္းအေနနဲ႔ ခက္ခဲတဲ့ အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရေပမယ့္လည္း ရာသီကုန္မွာ ခ်န္ပီယံလိဂ္ကစားခြင့္ရႏိုင္ဖို႔ ပစ္မွတ္ထားၿပီး အစြမ္းကုန္ႀကိဳးစားေနေၾကာင္း နည္းျပ မီခယ္လ္ အာတီတာ ေျပာၾကား။

– ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို ဖီနာဘာခ်ီအသင္းဆီ ေျပာင္းေ႐ႊ႕ခြင့္ျပဳလိုက္တာဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မဟုတ္ဘဲ ႏွစ္သင္းၾကားမွာ ေႏွာင္ႀကိဳးတစ္ခုရွိေနၿပီး သူ႔အတြက္ သတ္မွတ္တဲ့ ပြဲအေရအတြက္ ျပည့္ေျမာက္ရင္ အာဆင္နယ္အသင္းအေနနဲ႔ ဖီနာဘာခ်ီထံက ယူ႐ို ၂ သန္း ရရွိမယ္လို႔ သိရ။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း အလန္ စမစ္က ဝီလီယန္မွာ စိတ္ဓာတ္ခြန္အားနဲ႔ ေမာင္းႏွင္မႈ ေပ်ာက္ဆုံးေနတာျဖစ္ၿပီး အသင္းရဲ႕ အျပင္လူတစ္ေယာက္လို ျဖစ္ေနေၾကာင္းနဲ႔ လက္ရွိေျခစြမ္းဟာ လုံးဝလက္ခံႏိုင္စရာမရွိလို႔ နည္းျပအတြက္လည္း ကိုင္တြယ္ရ ခက္ခဲေစေၾကာင္း ေဝဖန္သြားခဲ့။

– ေဆာက္သမ္တန္အသင္းမွာ အဓိကေနာက္ခံလူေတြျဖစ္ၾကတဲ့ ေဝၚလ္ကာ-ပီတာစ္နဲ႔ ဘာထရန္တို႔ ဒဏ္ရာရရွိေနၿပီး အာဆင္နယ္ကို အိမ္ကြင္းမွာ ရင္ဆိုင္ဖို႔ အခက္အခဲျဖစ္ေစလို အူဘာမီယန္း ပါဝင္ႏိုင္ဖို႔ မရွိေသးတဲ့ ဧည့္သည္ ဂန္းနားေတြအေနနဲ႔ေတာ့ Clean Sheet ရယူႏိုင္ခဲ့ရင္ ၂၀၀၆ ခုႏွစ္က ၅ ပြဲဆက္ စံခ်ိန္ကို လိုက္မီႏိုင္မယ္လို႔ ပြဲႀကိဳေဖာ္ျပေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.