Premier League

အမ်းမရိတ်စ်ကို ပိုမိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အင်တာကြယ်ပွင့်နဲ့ နောက်ထပ်တောင်ပံတစ်ဦး ထပ်ခေါ်ဦးမယ့် အာဆင်နယ်

အင်တာမီလန်ကွင်းလယ်ကြယ်ပွင့် ခရစ်ရှန် အဲရစ်ဆင်ဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ အင်တာမီလန်ကို စွန့်ခွာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်အသင်းကိုပဲ ပြောင်းရွှေ့လိမ့်မယ်လို့ အီတလီက သတင်းတွေအရ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အဲရစ်ဆင်ရဲ့ နောက်ထပ်ပြောင်းရွှေ့မယ့်နေရာ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ်လို့ Tuttosport ရဲ့ ဖော်ပြချက်အရ သိရပြီး ဒိန်းမတ်ကြယ်ပွင့်သာ အီတလီကို စွန့်ခွာခဲ့ရင် အာဆင်နယ်နဲ့ အင်တာမီလန်တို့ဟာ လူးကပ်စ် တော်ရဲရားပါဝင်မယ့် အလဲအထပ်သဘောတူညီမှုကို ပြုလုပ်သွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။ လက်စတာစီးတီးအသင်းဟာ ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် မကြိုးပမ်းမီမှာ အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ လစာတောင်းဆိုမှုကြောင့် နောက်ပြန်ဆုတ်သွားခဲ့တာဖြစ်တာကြောင့် အာဆင်နယ်က ပိုမိုပြောင်းရွှေ့နိုင်ခြေရှိတဲ့ နေရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

နောဝစ်တောင်ပံကြယ်ပွင့် အီမီလီယာနို ဘူအန်ဒီရာဟာ အာဆင်နယ်အသင်းသအတွက် အပြောင်းအရွှေ့ပစ်မှတ်အဖြစ် ကျန်ရှိနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား မာတင် အိုဒီဂတ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ အပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် ဇန်နဝါရီလမှာ ဘူအန်ဒီရာရဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ဖို့ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Football.london ရဲ့ ဖော်ပြချက်အရ နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့က ဘူအန်ဒီရာကို ခေါ်ယူချင်နေဆဲဖြစ်တယ်လို့ သိရပြီး နောဝစ်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၄၀ ဝန်းကျင် တောင်းဆိုထားတယ်လို့ သိရပါတယ်။ အာဂျင်တီးနားတောင်ပံကစားသမားဟာ ယခုရာသီမှာ နောဝစ်စီးတီးအသင်းအတွက် ချန်ပီယံရှစ်မှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပေးထားသူဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ နောဝစ်ရဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်မှုကြောင့် ရာသီဝက်အတွက် အခြားရွေးချယ်စရာကို စဉ်းစားသွားစေနိုင်ပြီး လာမယ့်နွေရာသီမှ တရားဝင် ချဉ်းကပ်မှုတွေ ပြုလုပ်သွားဖွယ်ရှိတယ်လို့ ပြောကြားမှုတွေ ရှိနေပါတယ်။

ဘူအန်ဒီရာဟာ နောဝစ်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၃ နှစ်ခွဲ ကျန်ရှိနေသေးသူဖြစ်တာကြောင့် ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နောဝစ်စီးတီးအသင်းက ပိုပြီး အားကောင်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာမီလန္ကြင္းလယ္ၾကယ္ပြင့္ ခရစ္ရွန္ အဲရစ္ဆင္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မပိတ္မီ အင္တာမီလန္ကို စြန႔္ခြာခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္အသင္းကိုပဲ ေျပာင္းေရႊ႕လိမ့္မယ္လို႔ အီတလီက သတင္းေတြအရ သိရပါတယ္။

အာဆင္နယ္အသင္းဟာ အဲရစ္ဆင္ရဲ့ ေနာက္ထပ္ေျပာင္းေရႊ႕မယ့္ေနရာ ျဖစ္နိုင္ေျခအရွိဆုံးျဖစ္တယ္လို႔ Tuttosport ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး ဒိန္းမတ္ၾကယ္ပြင့္သာ အီတလီကို စြန႔္ခြာခဲ့ရင္ အာဆင္နယ္နဲ႔ အင္တာမီလန္တို႔ဟာ လူးကပ္စ္ ေတာ္ရဲရားပါဝင္မယ့္ အလဲအထပ္သေဘာတူညီမႈကို ျပဳလုပ္သြားနိုင္ေျခရွိတယ္လို႔ သိရပါတယ္။ လက္စတာစီးတီးအသင္းဟာ ဒိန္းမတ္ကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူဖို႔အတြက္ မႀကိဳးပမ္းမီမွာ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ့ လစာေတာင္းဆိုမႈေၾကာင့္ ေနာက္ျပန္ဆုတ္သြားခဲ့တာျဖစ္တာေၾကာင့္ အာဆင္နယ္က ပိုမိုေျပာင္းေရႊ႕နိုင္ေျခရွိတဲ့ ေနရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေနာဝစ္ေတာင္ပံၾကယ္ပြင့္ အီမီလီယာနို ဘူအန္ဒီရာဟာ အာဆင္နယ္အသင္းသအတြက္ အေျပာင္းအေရႊ႕ပစ္မွတ္အျဖစ္ က်န္ရွိေနဆဲျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ ေတာင္ပံကစားသမား မာတင္ အိုဒီဂတ္ကို တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ အၿပီးသတ္ေခၚယူနိုင္ေတာ့မွာျဖစ္တာေၾကာင့္ ဇန္နဝါရီလမွာ ဘူအန္ဒီရာရဲ့ အေျပာင္းအေရႊ႕ျဖစ္ေပၚလာနိုင္ဖို႔ ေမၽွာ္လင့္ခ်က္ ကုန္ဆုံးသြားခဲ့ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း Football.london ရဲ့ ေဖာ္ျပခ်က္အရ နည္းၿပ အာတီတာနဲ႔ နည္းစနစ္ဒါရိုက္တာ အီဒူးတို႔က ဘူအန္ဒီရာကို ေခၚယူခ်င္ေနဆဲျဖစ္တယ္လို႔ သိရၿပီး ေနာဝစ္အသင္းဟာ ၎တို႔ရဲ့ ၾကယ္ပြင့္ကစားသမားအတြက္ ေပါင္သန္း ၄၀ ဝန္းက်င္ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ အာဂ်င္တီးနားေတာင္ပံကစားသမားဟာ ယခုရာသီမွာ ေနာဝစ္စီးတီးအသင္းအတြက္ ခ်န္ပီယံရွစ္မွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ေပးထားသူျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ ေနာဝစ္ရဲ့ ေျပာင္းေရႊ႕ေၾကးသတ္မွတ္မႈေၾကာင့္ ရာသီဝက္အတြက္ အျခားေရြးခ်ယ္စရာကို စဥ္းစားသြားေစနိုင္ၿပီး လာမယ့္ေႏြရာသီမွ တရားဝင္ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္သြားဖြယ္ရွိတယ္လို႔ ေျပာၾကားမႈေတြ ရွိေနပါတယ္။

ဘူအန္ဒီရာဟာ ေနာဝစ္စီးတီးအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ခြဲ က်န္ရွိေနေသးသူျဖစ္တာေၾကာင့္ ၎ရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ေနာဝစ္စီးတီးအသင္းက ပိုၿပီး အားေကာင္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.