Premier League Transfer News

25 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ရှေ့တုန်းက အမျိုးမျိုး ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ခံစစ်ပိုင်းအတွက် စိုးရိမ်နေရပြီဖြစ်ပြီး နောက်တန်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဖာဘင်ညိုကပါ အမှားတွေ ဆက်တိုက်ကျူးလွန်နေချိန်မှာတော့ အသင့်သုံးနိုင်မယ့် ကစားသမားတစ်ဦးကို ခေါ်ယူရဖို့ ရှိနေ။

– အာဆင်နယ်အသင်းကနေ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာထားခဲ့တဲ့ ဂရိနောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကပဲ ဒေါ့မွန်သား တစ်ဦးအနေနဲ့ နည်းပြ ယာဂန် ကလော့ပ်ကို ပြန်လည်ပူးပေါင်းနိုင်ပြီး ချိတ်ဆက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သတင်းထွက်လာ။

– လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံးကွင်းလယ်ရွေးချယ်မှုဟာ စပိန်သား သီယာဂို အယ်လ်ကန်တာရာ မပါဝင်တာပဲဖြစ်တယ်လို့ စောင့်ကြည့်သူတွေ တစ်ညီတစ်ညွတ်တည်းဆိုခဲ့ကြပြီး အသင်းရဲ့ အလျင်အမြန်တိုက်စစ်ကစားပုံကို သူက ထိခိုက်စေတယ်လို့ ဆိုနေကြ။

– ဒဏ်ရာက ပြန်လာပြီးတဲ့နောက် ပွဲတွေ ဆက်တိုက်ကစားပြီး စွမ်းဆောင်ရည် ကျဆင်းနေခဲ့တဲ့ ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်အနေနဲ့ အနားယူဖို့ အချိန်လိုအပ်နေပြီး ဒဏ်ရာတွေကြောင့်သာ ခုလိုမျိုး ဖြစ်သွားတာလို့ ဝေဖန်မှုတွေဘက်ကနေ ရိုင်ယန်ဂစ်နဲ့ ဒီတ်မာ ဟာမန်းတို့ ကာကွယ်ပြောကြားသွားခဲ့။

– အသင်းအနေနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ဂိုးသွင်းတဲ့ မိုဟာမက် ဆာလားအပြင် သူ့ထက် ခြေစွမ်းပြပြီး ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ နှစ်ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ရောဘတ်တို ဖာမီနိုက လီဗာပူးလ်အသင်းအနေနဲ့ ယူနိုက်တက်ကို ပြန်လည်ရင်ဆိုင်နိုင်ဖို့ အဓိကကျခဲ့တယ်လို့ BBC ရဲ့ ဂျာမိန်း ဂျီးနပ်စ် ချီးကျူးသွား။

– ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းအကြီးမှာ စတင်ကစားခွင့်ရခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ကေ့ဒ် ဂေါ်ဒွန်ကို ခေါ်ယူဖို့ လီဗာပူးလ် အသင်းအနေနဲ့ ပေါင် ၃ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် အင်္ဂလန်လူငယ်လက်ရွေးစင်ဟာ နည်းပြ ဝိန်းရွန်နီရဲ့ သဘောအကျဆုံးကစားသမားတစ်ဦးလည်းဖြစ်နေ။

– မန်ချက်စတာယူနိုက်တက်အသင်း အနိုင်ရရှိစေမယ့် ဂိုးကို ဖြစ်တည်စေခဲ့တဲ့ ဖရီးကစ်ကို ပေးခဲ့တဲ့ ဖာဘင်ညိုကို အထုတ်ခံရသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြသလို ဒီဂိုးအတွက် လူတံတိုင်းပေါ်က ကျော်မကန်ဘဲ ဖွင့်ထားတဲ့ဘက်ကို အကန်ခံရချိန်မှာ ပေါ့လျော့တဲ့ အယ်လစ်ဆန်မှာလည်း တာဝန်ရှိတယ်လို့ စပါးစ်ကွင်းလယ်လူဟောင်း အိုဟာရာ ဝေဖန်။

– ရှုံးထွက်ပြိုင်ပွဲတွေမှာ အခွင့်အရေး နောက်တစ်ကြိမ်ဆိုတာ မရှိဘူးဆိုတာ အားလုံးအနေနဲ့ သိထားရမယ်လို့ လက်ထောက် အသင်းခေါင်းဆောင် ဂျိမ်းစ် မီလ်နာက သတိပေးလိုက်ပြီး အက်ဖ်အေဖလားက ထွက်ခဲ့ရလို့ စိတ်ပျက်မိကြောင်းနဲ့ လာမယ့် စပါးစ်နဲ့ပွဲမှာ အကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်ဖို့ တိုက်တွန်း။

– လီဗာပူးလ်အသင်းပရိသတ်တွေအနေနဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်မဖျက်သိမ်းရသေးခင်က နောက်ခံလူ ဆိုကရာတစ်ကို ခေါ်ယူမယ် ဆိုတာကို ကန့်ကွက်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ဘာပဲဖြစ်ဖြစ် အမှားတွေ ကျူးလွန်ခဲ့တဲ့ ရီးစ် ဝီလီယမ်စ်ထက် တော်ဦးမယ်လို့ ထောက်ခံမှုတွေ ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ေရွ႕တုန္းက အမ်ိဳးမ်ိဳး ေျပာခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ ခံစစ္ပိုင္းအတြက္ စိုးရိမ္ေနရၿပီျဖစ္ၿပီး ေနာက္တန္းမွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ ဖာဘင္ညိဳကပါ အမွားေတြ ဆက္တိုက္က်ဴးလြန္ေနခ်ိန္မွာေတာ့ အသင့္သုံးႏိုင္မယ့္ ကစားသမားတစ္ဦးကို ေခၚယူရဖို႔ ရွိေန။

– အာဆင္နယ္အသင္းကေန စာခ်ဳပ္ဖ်က္သိမ္းၿပီး ထြက္ခြာထားခဲ့တဲ့ ဂရိေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကပဲ ေဒါ့မြန္သား တစ္ဦးအေနနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္ကို ျပန္လည္ပူးေပါင္းႏိုင္ၿပီး ခ်ိတ္ဆက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနၿပီလို႔ သတင္းထြက္လာ။

– လီဗာပူးလ္အသင္းရဲ႕ အေကာင္းဆုံးကြင္းလယ္ေ႐ြးခ်ယ္မႈဟာ စပိန္သား သီယာဂို အယ္လ္ကန္တာရာ မပါဝင္တာပဲျဖစ္တယ္လို႔ ေစာင့္ၾကည့္သူေတြ တစ္ညီတစ္ၫြတ္တည္းဆိုခဲ့ၾကၿပီး အသင္းရဲ႕ အလ်င္အျမန္တိုက္စစ္ကစားပုံကို သူက ထိခိုက္ေစတယ္လို႔ ဆိုေနၾက။

– ဒဏ္ရာက ျပန္လာၿပီးတဲ့ေနာက္ ပြဲေတြ ဆက္တိုက္ကစားၿပီး စြမ္းေဆာင္ရည္ က်ဆင္းေနခဲ့တဲ့ ညာေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အေနနဲ႔ အနားယူဖို႔ အခ်ိန္လိုအပ္ေနၿပီး ဒဏ္ရာေတြေၾကာင့္သာ ခုလိုမ်ိဳး ျဖစ္သြားတာလို႔ ေဝဖန္မႈေတြဘက္ကေန ႐ိုင္ယန္ဂစ္နဲ႔ ဒီတ္မာ ဟာမန္းတို႔ ကာကြယ္ေျပာၾကားသြားခဲ့။

– အသင္းအေနနဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ႏွစ္ဂိုးသြင္းတဲ့ မိုဟာမက္ ဆာလားအျပင္ သူ႔ထက္ ေျခစြမ္းျပၿပီး ကမာၻ႔အဆင့္ေျခစြမ္းနဲ႔ ႏွစ္ဂိုးစလုံးကို ဖန္တီးေပးႏိုင္ခဲ့တဲ့ ေရာဘတ္တို ဖာမီႏိုက လီဗာပူးလ္အသင္းအေနနဲ႔ ယူႏိုက္တက္ကို ျပန္လည္ရင္ဆိုင္ႏိုင္ဖို႔ အဓိကက်ခဲ့တယ္လို႔ BBC ရဲ႕ ဂ်ာမိန္း ဂ်ီးနပ္စ္ ခ်ီးက်ဴးသြား။

– ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းအႀကီးမွာ စတင္ကစားခြင့္ရခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ေက့ဒ္ ေဂၚဒြန္ကို ေခၚယူဖို႔ လီဗာပူးလ္ အသင္းအေနနဲ႔ ေပါင္ ၃ သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး အသက္ ၁၆ ႏွစ္အ႐ြယ္ အဂၤလန္လူငယ္လက္ေ႐ြးစင္ဟာ နည္းျပ ဝိန္း႐ြန္နီရဲ႕ သေဘာအက်ဆုံးကစားသမားတစ္ဦးလည္းျဖစ္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္း အႏိုင္ရရွိေစမယ့္ ဂိုးကို ျဖစ္တည္ေစခဲ့တဲ့ ဖရီးကစ္ကို ေပးခဲ့တဲ့ ဖာဘင္ညိဳကို အထုတ္ခံရသင့္တယ္လို႔ ကြၽမ္းက်င္သူေတြက ေဝဖန္ခဲ့ၾကသလို ဒီဂိုးအတြက္ လူတံတိုင္းေပၚက ေက်ာ္မကန္ဘဲ ဖြင့္ထားတဲ့ဘက္ကို အကန္ခံရခ်ိန္မွာ ေပါ့ေလ်ာ့တဲ့ အယ္လစ္ဆန္မွာလည္း တာဝန္ရွိတယ္လို႔ စပါးစ္ကြင္းလယ္လူေဟာင္း အိုဟာရာ ေဝဖန္။

– ရႈံးထြက္ၿပိဳင္ပြဲေတြမွာ အခြင့္အေရး ေနာက္တစ္ႀကိမ္ဆိုတာ မရွိဘူးဆိုတာ အားလုံးအေနနဲ႔ သိထားရမယ္လို႔ လက္ေထာက္ အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ မီလ္နာက သတိေပးလိုက္ၿပီး အက္ဖ္ေအဖလားက ထြက္ခဲ့ရလို႔ စိတ္ပ်က္မိေၾကာင္းနဲ႔ လာမယ့္ စပါးစ္နဲ႔ပြဲမွာ အေကာင္းဆုံး ျပန္လည္တုံ႔ျပန္ႏိုင္ဖို႔ တိုက္တြန္း။

– လီဗာပူးလ္အသင္းပရိသတ္ေတြအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္မဖ်က္သိမ္းရေသးခင္က ေနာက္ခံလူ ဆိုကရာတစ္ကို ေခၚယူမယ္ ဆိုတာကို ကန႔္ကြက္ခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ ဘာပဲျဖစ္ျဖစ္ အမွားေတြ က်ဴးလြန္ခဲ့တဲ့ ရီးစ္ ဝီလီယမ္စ္ထက္ ေတာ္ဦးမယ္လို႔ ေထာက္ခံမႈေတြ ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.