Premier League

ကလော့ပ်ကို ရာထူးကနေ ထုတ်ပယ်စေချင်တဲ့အထိ ဒေါသထွက်နေပြီဖြစ်တဲ့ လီဗာပူးလ်ပရိသတ်များ

လီဗာပူးလ်အသင်းပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ နည်းပြ ယာဂန် ကလော့ပ်ဟာ ၎င်းရဲ့ မှော်အစွမ်းတွေ ပျောက်ဆုံးသွားခဲ့ပြီလို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းနေခဲ့ပြီးနောက် အသင်းက နောက်ကြောင်းပြန်သွားနေပြီလို့ ဝေဖန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုလမှာ နိုင်ပွဲတစ်ပွဲသာ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ရာမှာလည်း အရှိုက်ကို အထိုးခံခဲ့ရသလို အက်ဖ်အေဖလားဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုလအစောပိုင်းက ဆောက်သမ်တန်အသင်းအိမ်ကွင်းမှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ပွဲစဉ်မှာ ၄-၁ နဲ့အနိုင်ရလဒ် ပြန်လည်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ ဆုဖလားပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းအန်းဖီးမှာ ဂိုးမရှိသရေကျခဲ့ပြီး ပြီးခဲ့တဲ့အပတ်မှာ ဘန်လေကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့က အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း ယူနိုက်တက်နဲ့ ၆ မှတ်ကွာဟနေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းပရိသတ်တစ်ဦးဟာ အန်းဖီးမှာ ကလော့ပ်ရဲ့အချိန်တွေက ကုန်ဆုံးသွားခဲ့ပြီလို့ ယုံကြည်နေခဲ့ပြီး BBC Radio 5 ရဲ့ Live Sport မှာ ရော်ဘီ ဆားဗေ့ဂျ်ကို လီဗာပူးလ်အသင်းက နည်းပြကလော့ပ်လက်အောက် အက်ဖ်အေဖလားပြိုင်ပွဲမှာ ဘယ်တော့မှ ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့သလို ဒီယေဂို ဆီမြွန်နီ သို့မဟုတ် အယ်လီဂရီကို အစားထိုးခန့်အပ်လိုက်မှ အခြေအနေတွေ ပြန်ကောင်းလာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် စဉ်းစားနေတာက လီဗာပူးလ်နည်းပြတွေရဲ့ သက်တမ်းအကြောင်းပါ။ အကြမ်းဖျင်းအားဖြင့် ဂျရတ် ဟူလီယာ ၅ နှစ်၊ ရာဖေးလ် ဘင်နီတက်ဇ် ၅ နှစ်၊ ဒဲလ်ဂလစ်ရှ် ၅ နှစ်။ ကလော့ပ်လည်း အဲဒီလို ဖြစ်ကောင်းဖြစ်နိုင်တယ်။ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီမှာကြည့်။ သူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ယူပေးလို့ ကျေးဇူးတင်တယ်။ ဒါပေမယ့် လီဗာပူးလ်က နောက်ကြောင်းပြန်နေပြီဖြစ်ပြီး ကလော့ပ်အနေနဲ့ သူ့ရဲ့မှော်အစွမ်းတွေ ကုန်ဆုံးသွားခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်”

“သူ လီဗာပူးလ်အတွက် တော်တော်ကောင်းကောင်းကို လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ပြန်သွားနေရပြီး ကလော့ပ်လက်အောက် အက်ဖ်အေဖလားပြိုင်ပွဲမှာ ဘယ်တော့မှ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ကျွန်တော် ခံစားနေရတာ ဆီမြွန်နီ ဒါမှမဟုတ် အယ်လီဂရီက အခုဖြစ်နေတာတွေကို ပြန်ကောင်းသွားအောင် လုပ်ပေးကောင်း လုပ်ပေးနိုင်မယ်ဆိုတာပါ။ ဒါပေမယ့် သူ အသင်းကို ဒီထက်ပိုပြီး လုပ်ပေးနိုင်တာ မရှိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းပရိသတ္ေတြဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အၿပီးမွာ နည္းၿပ ယာဂန္ ကေလာ့ပ္ဟာ ၎ရဲ့ ေမွာ္အစြမ္းေတြ ေပ်ာက္ဆုံးသြားခဲ့ၿပီလို႔ ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အသင္းရဲ့စြမ္းေဆာင္ရည္က်ဆင္းေနခဲ့ၿပီးေနာက္ အသင္းက ေနာက္ေၾကာင္းျပန္သြားေနၿပီလို႔ ေဝဖန္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ယခုလမွာ နိုင္ပြဲတစ္ပြဲသာ ရရွိေအာင္ စြမ္းေဆာင္ထားနိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကာကြယ္ရာမွာလည္း အရွိုက္ကို အထိုးခံခဲ့ရသလို အက္ဖ္ေအဖလားဖလားၿပိဳင္ပြဲကေနလည္း ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ယခုလအေစာပိုင္းက ေဆာက္သမ္တန္အသင္းအိမ္ကြင္းမွာ အံ့အားသင့္ဖြယ္ရႈံးနိမ့္ခဲ့ေပမယ့္ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ အက္စ္တြန္ဗီလာနဲ႔ပြဲစဥ္မွာ ၄-၁ နဲ႔အနိုင္ရလဒ္ ျပန္လည္ယူနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္အသင္းဟာ ဆုဖလားၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကို အိမ္ကြင္းအန္းဖီးမွာ ဂိုးမရွိသေရက်ခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ဘန္ေလကို ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ့ လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔က အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ၃-၂ နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း ယူနိုက္တက္နဲ႔ ၆ မွတ္ကြာဟေနတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းပရိသတ္တစ္ဦးဟာ အန္းဖီးမွာ ကေလာ့ပ္ရဲ့အခ်ိန္ေတြက ကုန္ဆုံးသြားခဲ့ၿပီလို႔ ယုံၾကည္ေနခဲ့ၿပီး BBC Radio 5 ရဲ့ Live Sport မွာ ေရာ္ဘီ ဆားေဗ့ဂ်္ကို လီဗာပူးလ္အသင္းက နည္းျပကေလာ့ပ္လက္ေအာက္ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ဘယ္ေတာ့မွ ေကာင္းေကာင္းလုပ္နိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့သလို ဒီေယဂို ဆီႁမြန္နီ သို႔မဟုတ္ အယ္လီဂရီကို အစားထိုးခန႔္အပ္လိုက္မွ အေျခအေနေတြ ျပန္ေကာင္းလာနိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ စဥ္းစားေနတာက လီဗာပူးလ္နည္းျပေတြရဲ့ သက္တမ္းအေၾကာင္းပါ။ အၾကမ္းဖ်င္းအားျဖင့္ ဂ်ရတ္ ဟူလီယာ ၅ ႏွစ္၊ ရာေဖးလ္ ဘင္နီတက္ဇ္ ၅ ႏွစ္၊ ဒဲလ္ဂလစ္ရွ္ ၅ ႏွစ္။ ကေလာ့ပ္လည္း အဲဒီလို ျဖစ္ေကာင္းျဖစ္နိုင္တယ္။ မဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ ဒီမွာၾကည့္။ သူ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ယူေပးလို႔ ေက်းဇူးတင္တယ္။ ဒါေပမယ့္ လီဗာပူးလ္က ေနာက္ေၾကာင္းျပန္ေနၿပီျဖစ္ၿပီး ကေလာ့ပ္အေနနဲ႔ သူ႔ရဲ့ေမွာ္အစြမ္းေတြ ကုန္ဆုံးသြားခဲ့တာျဖစ္ေကာင္းျဖစ္နိုင္တယ္”

“သူ လီဗာပူးလ္အတြက္ ေတာ္ေတာ္ေကာင္းေကာင္းကို လုပ္ေပးခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ေနာက္ျပန္သြားေနရၿပီး ကေလာ့ပ္လက္ေအာက္ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ဘယ္ေတာ့မွ ေကာင္းေကာင္းမလုပ္နိုင္ခဲ့ဘူး။ ကၽြန္ေတာ္ ခံစားေနရတာ ဆီႁမြန္နီ ဒါမွမဟုတ္ အယ္လီဂရီက အခုျဖစ္ေနတာေတြကို ျပန္ေကာင္းသြားေအာင္ လုပ္ေပးေကာင္း လုပ္ေပးနိုင္မယ္ဆိုတာပါ။ ဒါေပမယ့္ သူ အသင္းကို ဒီထက္ပိုၿပီး လုပ္ေပးနိုင္တာ မရွိေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.