မန်ချက်စတာယူနိုက်တက်ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ လီဗာပူးလ်အသင်းကို တနင်္ဂနွေနေ့ညက အနိုင်ယူပြီး အက်ဖ်အေဖလား ပဥ္စမအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်က ဂိုးသွင်းရှင်တွေထဲမှာ တစ်ဦးအပါအဝင် မဟုတ်ခဲ့ပေမယ့်လည်း ဖာနန်ဒက်စ်က ၃-၂ နဲ့ အနိုင်ရရှိစေမယ့် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှု မပြုလုပ်မီ ဝါရင့်တိုက်စစ်မှူးက ဘယ်လိုအဓိကကျတဲ့အခန်းကဏ္ဍကနေ ကစားပေးခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ရဲ့ ပထမပိုင်း မိနစ် ၃၀ ဟာ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေခဲ့ပြီး မေဆင်ရင်းဝုဒ်ဟာ မိုဟာမက်ဆာလားရဲ့ အဖွင့်ဂိုးကို ချေဖျက်ခဲ့ပြီး ၁၀ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်က ဒုတိယပိုင်း ၄၈ မိနစ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သက်တောင့်သက်သာ သွင်းယူပေးသွားခဲ့ပြီးနောက် မိုဟာမက်ဆာလားက ပင်နယ်တီဧရိယာထဲမှာ အနီးကပ်ကန်သွင်းယူပြီး လီဗာပူးလ်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်း နောက်တစ်ဆင့် တက်ရောက်နိုင်စေမယ့်သွင်းဂိုးကို ပွဲပြီးဆုံးဖို့ ၁၂ မိနစ်အလိုမှာ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူသွားခဲ့ပြီး ၎င်းရဲ့ ထိပ်တန်းခြေစွမ်းကို ပြသခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ BBC Sport နဲ့ ပြုလုပ်ခဲ့တဲ့ ပွဲပြီးအင်တာဗျူးမှာ ၎င်းရဲ့ အလွန်ကောင်းမွန်လှတဲ့ အနိုင်ဂိုးမှာ ကာဗာနီက တစ်စိတ်တပိုင်းပါဝင်ခဲ့တယ်ဆိုတဲ့အကြောင်းကို အသားပေးပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော် ပျော်ရွှင်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနိုင်ရရှိခဲ့လို့ပါ။ အဲဒါထက် ဘာမှ မပိုပါဘူး”
“အရေးအကြီးဆုံးအရာက နောက်တစ်ဆင့်တက်ရောက်ဖို့ဖြစ်ပြီး ဘယ်သူ ဂိုးသွင်းယူတယ်ဆိုတာက အရေးမပါဘူးလို့ ထင်ပါတယ်။ ကျွန်တော် ဂိုးသွင်းရရင် ပျော်တာပေါ့။ အဲဒါကတော့ သေချာပါတယ်။ ကျွန်တော် ဒီလို ဂိုးတွေနဲ့ပတ်သက်ပြီး အလုပ် အများကြီး လုပ်ခဲ့တယ်။ အလွတ်တည်ကန်ဘောတွေကနေ ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားတယ်”
“ဒီတစ်လုံးကတော့ ကောင်းမွန်ခဲ့ပါတယ်။ အီဒီက အလွတ်တည်ကန်ဘောမကန်ခင်မှာ ဂိုးသမားရဲ့ ဘေးကို ခပ်ပြင်းပြင်း စမ်းပြီး ကန်ကြည့်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အဲဒီအတိုင်း ကြိုးစားခဲ့ပြီး ဂိုးဝင်သွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာယူနိုက္တက္ဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ လီဗာပူးလ္အသင္းကို တနဂၤေႏြေန႔ညက အနိုင္ယူၿပီး အက္ဖ္ေအဖလား ပဥၥမအဆင့္ကို တက္ေရာက္နိုင္ခဲ့တဲ့ပြဲစဥ္က ဂိုးသြင္းရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ မဟုတ္ခဲ့ေပမယ့္လည္း ဖာနန္ဒက္စ္က ၃-၂ နဲ႔ အနိုင္ရရွိေစမယ့္ အလြတ္တည္ကန္ေဘာကေန တိုက္ရိုက္ကန္သြင္းမႈ မျပဳလုပ္မီ ဝါရင့္တိုက္စစ္မႉးက ဘယ္လိုအဓိကက်တဲ့အခန္းက႑ကေန ကစားေပးခဲ့လဲဆိုတာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္ရဲ့ ပထမပိုင္း မိနစ္ ၃၀ ဟာ စိတ္လႈပ္ရွားစရာေတြ ျပည့္ႏွက္ေနခဲ့ၿပီး ေမဆင္ရင္းဝုဒ္ဟာ မိုဟာမက္ဆာလားရဲ့ အဖြင့္ဂိုးကို ေခ်ဖ်က္ခဲ့ၿပီး ၁၀ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ခဲ့ပါတယ္။ မားကပ္စ္ရက္ရွ္ဖို႔ဒ္က ဒုတိယပိုင္း ၄၈ မိနစ္မွာ ယူနိုက္တက္အတြက္ ဦးေဆာင္ဂိုးကို သက္ေတာင့္သက္သာ သြင္းယူေပးသြားခဲ့ၿပီးေနာက္ မိုဟာမက္ဆာလားက ပင္နယ္တီဧရိယာထဲမွာ အနီးကပ္ကန္သြင္းယူၿပီး လီဗာပူးလ္အတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးသြားခဲ့ပါတယ္။
ဘ႐ူနိုဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္း ေနာက္တစ္ဆင့္ တက္ေရာက္နိုင္ေစမယ့္သြင္းဂိုးကို ပြဲၿပီးဆုံးဖို႔ ၁၂ မိနစ္အလိုမွာ အလြတ္တည္ကန္ေဘာကေန တိုက္ရိုက္ကန္သြင္းယူသြားခဲ့ၿပီး ၎ရဲ့ ထိပ္တန္းေျခစြမ္းကို ျပသခဲ့ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ BBC Sport နဲ႔ ျပဳလုပ္ခဲ့တဲ့ ပြဲၿပီးအင္တာဗ်ဴးမွာ ၎ရဲ့ အလြန္ေကာင္းမြန္လွတဲ့ အနိုင္ဂိုးမွာ ကာဗာနီက တစ္စိတ္တပိုင္းပါဝင္ခဲ့တယ္ဆိုတဲ့အေၾကာင္းကို အသားေပးေျပာၾကားသြားခဲ့ပါတယ္။
“ကၽြန္ေတာ္ ေပ်ာ္ရႊင္ေနပါတယ္။ ကၽြန္ေတာ္ ေပ်ာ္ရႊင္ေနတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ အနိုင္ရရွိခဲ့လို႔ပါ။ အဲဒါထက္ ဘာမွ မပိုပါဘူး”
“အေရးအႀကီးဆုံးအရာက ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ျဖစ္ၿပီး ဘယ္သူ ဂိုးသြင္းယူတယ္ဆိုတာက အေရးမပါဘူးလို႔ ထင္ပါတယ္။ ကၽြန္ေတာ္ ဂိုးသြင္းရရင္ ေပ်ာ္တာေပါ့။ အဲဒါကေတာ့ ေသခ်ာပါတယ္။ ကၽြန္ေတာ္ ဒီလို ဂိုးေတြနဲ႔ပတ္သက္ၿပီး အလုပ္ အမ်ားႀကီး လုပ္ခဲ့တယ္။ အလြတ္တည္ကန္ေဘာေတြကေန ဂိုးသြင္းယူနိုင္ဖို႔ ႀကိဳးစားတယ္”
“ဒီတစ္လုံးကေတာ့ ေကာင္းမြန္ခဲ့ပါတယ္။ အီဒီက အလြတ္တည္ကန္ေဘာမကန္ခင္မွာ ဂိုးသမားရဲ့ ေဘးကို ခပ္ျပင္းျပင္း စမ္းၿပီး ကန္ၾကည့္လို႔ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္ အဲဒီအတိုင္း ႀကိဳးစားခဲ့ၿပီး ဂိုးဝင္သြားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.