Premier League

အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေပြီလို့ အချက်ပြလိုက်တဲ့ ယူနိုက်တက်က အလိုရှိနေတဲ့ ရီးရဲလ်ကြယ်ပွင့်

ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံကစားသမား ရာဖေး ဗာရန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြင်သစ်နောက်ခံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူတူရှိနေခဲ့တဲ့ ၁၀ နှစ်တာကာလကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ၎င်းရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာ နောက်ထပ်စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်နေတာဖြစ်ပါတယ်။ Sport ရဲ့ ဖော်ပြချက်အရ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး လာလီဂါချန်ပီယံနဲ့ နောက်ထပ် စာချုပ်သစ် ချုပ်ဆိုဖို့ကိုလည်း စိတ်မဝင်စားတော့ဘူးလို့ သိရပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ ဗာရန်းအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားတော့မှာဖြစ်ပြီး အဲဒီအချိန်ကျရင် ပြင်သစ်နောက်ခံကစားသမားနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့မှာဖြစ်တာကြောင့် လာမယ့်ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၁၁ ခုနှစ်တုန်းက ပြင်သစ်ကလပ် လန်းစ်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော်ပါဝင်ကစားပေးခဲ့ရာမှာ လာလီဂါဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၄ ကြိမ်အပါအဝင် အဓိကဆုဖလားပေါင်း ၁၈ ခုကို ရရှိခဲ့သူဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားပေးနေတဲ့အချိန်အတွင်း ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်သာရှိသေးတာကြောင့် ရှေ့လာမယ့်နှစ်တွေမှာ အကောင်းဆုံးနှစ်တွေရှိနေသေးလိမ့်မယ်လို့ ယုံကြည်ဖို့တော့ ခက်ခဲမှာဖြစ်ပါတယ်။ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားအားလုံးကို အနိုင်ရရှိခဲ့ပြီးဖြစ်တာကြောင့် ပရီးမီးယားလိဂ်၊ စီးရီးအေ သို့မဟုတ် ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားနေရတာဖြစ်ပါတယ်။

ဗာရန်းကို ခေါ်ယူဖို့အတွက် အသင်းပေါင်းများစွာက တန်းစီနေကြမှာဖြစ်ပြီး သတင်းတွေအရ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်အသင်းတို့က ပြင်သစ်နောက်ခံကစားသမားကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ ဗဟိုေနာက္ခံကစားသမား ရာေဖး ဗာရန္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အသင္းကေန ထြက္ခြာဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္ေနာက္ခံကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အတူတူရွိေနခဲ့တဲ့ ၁၀ ႏွစ္တာကာလကို အဆုံးသတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး ၎ရဲ့ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္မွာ ေနာက္ထပ္စိန္ေခၚမႈအသစ္ေတြကို ရွာေဖြခ်င္ေနတာျဖစ္ပါတယ္။ Sport ရဲ့ ေဖာ္ျပခ်က္အရ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ရွိေတာ့ၿပီး လာလီဂါခ်န္ပီယံနဲ႔ ေနာက္ထပ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ကိုလည္း စိတ္မဝင္စားေတာ့ဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ေႏြရာသီမွာ ဗာရန္းအတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားေတာ့မွာျဖစ္ၿပီး အဲဒီအခ်ိန္က်ရင္ ျပင္သစ္ေနာက္ခံကစားသမားနဲ႔ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ရွိေတာ့မွာျဖစ္တာေၾကာင့္ လာမယ့္ရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ၂၀၁၁ ခုႏွစ္တုန္းက ျပင္သစ္ကလပ္ လန္းစ္ကေန ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ပြဲေပါင္း ၃၀၀ ေက်ာ္ပါဝင္ကစားေပးခဲ့ရာမွာ လာလီဂါဖလား ၃ ႀကိမ္၊ ကိုပါဒယ္ေရး ၁ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္နဲ႔ ဖီဖာကလပ္ကမၻာ့ဖလား ၄ ႀကိမ္အပါအဝင္ အဓိကဆုဖလားေပါင္း ၁၈ ခုကို ရရွိခဲ့သူျဖစ္ပါတယ္။

MADRID, SPAIN – NOVEMBER 6: (L-R) Raphael Varane of Real Madrid, Sergio Ramos of Real Madrid celebrate goal during the UEFA Champions League match between Real Madrid v Galatasaray at the Santiago Bernabeu on November 6, 2019 in Madrid Spain (Photo by David S. Bustamante/Soccrates/Getty Images)

ျပင္သစ္လက္ေရြးစင္ေနာက္ခံကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားေပးေနတဲ့အခ်ိန္အတြင္း ကမၻာ့အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့သူျဖစ္ၿပီး အသက္ ၂၇ ႏွစ္အရြယ္သာရွိေသးတာေၾကာင့္ ေရွ႕လာမယ့္ႏွစ္ေတြမွာ အေကာင္းဆုံးႏွစ္ေတြရွိေနေသးလိမ့္မယ္လို႔ ယုံၾကည္ဖို႔ေတာ့ ခက္ခဲမွာျဖစ္ပါတယ္။ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ဆုဖလားအားလုံးကို အနိုင္ရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္၊ စီးရီးေအ သို႔မဟုတ္ ဘြန္ဒက္စ္လီဂါကို ေျပာင္းေရႊ႕ၿပီး စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ခံစားေနရတာျဖစ္ပါတယ္။

ဗာရန္းကို ေခၚယူဖို႔အတြက္ အသင္းေပါင္းမ်ားစြာက တန္းစီေနၾကမွာျဖစ္ၿပီး သတင္းေတြအရ မန္ခ်က္စတာယူနိုက္တက္၊ မန္ခ်က္စတာစီးတီး၊ ဘိုင္ယန္ျမဴးနစ္အသင္းတို႔က ျပင္သစ္ေနာက္ခံကစားသမားကို ေခၚယူဖို႔ ထိပ္ဆုံးကေန ေရပန္းစားေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.