Premier League

ပရီးမီးယားလိဂ်မှာ အသင်းအတွက် အနိုင်ဂိုးအများဆုံးသွင်းယူထားပေးတဲ့ ကစားသမားက ဘယ်သူဖြစ်မလဲ

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အနိုင်ဂိုးသွင်းရှင်အဖြစ် အင်္ဂလန်ဂန္တဝင် တိုက်စစ်မှူး အလန် ရှီးယားရားက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

အလန် ရှီးယားရားဟာ ဘလက်ဘန်းရိုဗာစ်နဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းတို့အတွက် မတူညီတဲ့ကာလမှာ သွင်းဂိုး ၂၆၀ အထိ သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်ပါတယ်။ အလန်ရှီးယားရားရဲ့ သွင်းဂိုးတွေဟာ ပွဲကြီးပွဲကောင်းတွေမှာ အနိုင်ရရှိစေခဲ့တယ်ဆိုတာကတော့ အံ့အားသင့်စမရာမဟုတ်တော့ဘဲ Transfermarkt ရဲ့ ဖော်ပြချက်အရ ၎င်းရဲ့သွင်းဂိုးတွေထဲက ၆၈ ဂိုးဟာ ပွဲအဖြေကို ပြောင်းလဲစေခဲ့တဲ့ အနိုင်ဂိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အလန် ရှီးယားရားဟာ အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့အတွက် ကစားပေးခဲ့တဲ့ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရွန်နီထက် သွင်းဂိုး ၂ ဂိုးအသာနဲ့ ပွဲအဖြေပြောင်းလဲပေးနိုင်ခဲ့တဲ့ အနိုင်ဂိုးသွင်းရှင်စာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အနိုင်ဂိုးသွင်းရှင် ထိပ်ဆုံး ၅ ဦးစာရင်းမှာ အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီ၊ ချဲလ်ဆီးဂန္တဝင် ဖရန့် လမ်းပတ်နဲ့ မန်စီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရိုတို့ ပါဝင်နေပြီး အဂွေရိုတစ်ဦးတည်းသာ လက်ရှိအချိန်အထိ ဘောလုံးလောကမှာ ဆက်လက်ကစားနေဆဲဖြစ်တဲ့ ကစားသမားဖြစ်ပါတယ်။

၁၀။ ရော်ဘင် ဗန်ပါစီ (၄၂ ဂိုး)

၉။ ရိုင်ယန် ဂစ် (၄၂ ဂိုး)

၈။ ဟယ်ရီကိန်း (၄၄ ဂိုး)

၇။ ဒွိုက်ယော့ခ် (၄၄ ဂိုး)

၆။ အန်ဒီ ကိုးလ် (၄၆ ဂိုး)

၅။ ဆာဂျီယို အဂွေရို (၄၇ ဂိုး)

၄။ သီယာရီ အွန်နရီ (၅၉ ဂိုး)

၃။ ဖရန့် လမ်းပတ် (၆၁ ဂိုး)

၂။ ဝိန်း ရွန်နီ (၆၆ ဂိုး)

၁။ အလန် ရှီးယားရား (၆၈ ဂိုး)