Premier League

24 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာကြယ်ပွင့်တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတဲ့ ၄ သင်းထဲက ၁ သင်းဖြစ်တယ်လို့ Diario Sport ရဲ့ ဖော်ပြချက်အရ သိရပြီး မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ၂၀၂၂ ခုနှစ်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ပြင်သစ်ကြယ်ပွင့်အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြတယ်လို့ သိရ။

-နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖိအားတွေများနေတဲ့ နည်းပြ ဖရန့်လမ်းပတ်က ၎င်းရဲ့အသင်းဟာ အခြေခံအချို့ ပျောက်ဆုံးနေခဲ့တာကြောင့် ဆိုးရွားတဲ့ရလဒ်တွေ ဆက်လက်ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အသင်းရဲ့ ဝိသေသလက္ခဏာ မပြောင်းလဲသွားခဲ့ပေမယ့်လညး် ရလဒ်ကောင်းတွေ မရရှိနေတာက အခြေခံတွေကို ပြန်လည် ပြုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ နည်းပြ ဖရန့်လမ်းပတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော်ဂျာကို အစားထိုးခန့်အပ်ဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ နည်းပြအဖြစ် သတ်မှတ်ခဲ့တယ်လို့ Daily Mirror က ဖော်ပြခဲ့ပြီး ချဲလ်ဆီးအသင်းဘုတ်အဖွဲ့က ဘရန်ဒန် ရော်ဂျာဟာ ပြီးခဲ့တဲ့ရာသီက လက်စတာစီးတီးကို အဆင့် ၅ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ယခုရာသီမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်နဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားတာကြောင့် အထင်ကြီးနေကြတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီရာတို့ဟာ ဖိအားတွေအောက် ရောက်နေတဲ့ နည်းပြ ဖရန့်လမ်းပတ်ကို ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး ကတောက်ကဆဖြစ်ခဲ့ကြတယ်လို့ ESPN ရဲ့ ဖော်ပြချက်အရ သိရပြီး သောမတ်စ် တူဟယ်၊ အယ်လီဂရီ၊ ဘင်နီတက်ဇ်တို့လို နည်းပြတွေအားလုံးဟာ အသင်းလက်မဲ့ဖြစ်နေချိန်မှာ အေဘရာမိုဗစ်ချ်နဲ့ ဂရာနော့ဗ်စကီရာတို့ဟာ လမ်းပတ်ကို ထုတ်ပြီးရင် ဘယ်သူ့ကို အစားထိုးခန့်အပ်မလဲဆိုတာကို ရွေးချယ်ရင်း ကတောက်ကဆဖြစ်ခဲ့ကြတယ်လို့ သိရ။

-လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းမှာ အပယ်ခံဖြစ်နေတဲ့ မားကို့စ် အလွန်ဆိုကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေမှုကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းက တစ်ပွဲမှ မကစားရသေးတဲ့ အသက် ၃၀ အရွယ်နောက်ခံကစားသမားကို ဘယ်နောက်ခံနေရာအတွက် ဒုတိယရွေးချယ်မှုအဖြစ် ခေါ်ယူချင်ခဲ့ပေမယ့် ဂျူနီယာ ဖာပိုက ယခုလမှာ နူးကမ့်မှာပဲ ဆက်နေဖို့ ပြင်ဆင်နေတာကြောင့် မခေါ်ယူတော့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းဟာ မိုနာကို လူငယ်ကြယ်ပွင့် အော်ရယ်လီယန် ချူးအာမနီကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ESPN ရဲ့ ဖော်ပြချက်အရ သိရပြီး အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမားဟာ လီဂူးဝမ်းမှာ ဘောလုံးပေးပို့မှု အောင်မြင်တဲ့ရာခိုင်နှုန်း ၈၂.၅ ရာခိုင်နှုန်းအထိ ရှိနေတာကြောင့် ယခုလ သို့မဟုတ် လာမယ့်နွေရာသီမှာ အပြီးသတ် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှု ဖြစ်လာမှာဖြစ်တယ်လို့ သိရ။

-ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးအသင်း နောက်ခံကစားသမား အီမာဆင်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ The Mirror ရဲ့ ဖော်ပြချက်အရ သိရပြီး ဝက်စ်ဟမ်းအသင်းဟာ အာသာ မာဆူအာကူ ဒဏ်ရာရရှိမှုနဲ့အတူ ခရက်စ်ဝဲလ်အတွက် ပွဲထွက်ခွင့် ပြိုင်ဆိုင်မှု ဖြစ်လာစေမယ့် ဘယ်နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူဖို့အတွက် ရှာဖွေနေတာဖြစ်တယ်လို့ သိရ။