Match Report Premier League

သူတော်စင်တွေဆီမှာ နန်းစွန့်ခဲ့ရတဲ့ အက်ဖ်အေဘုရင်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဆောက်သမ်တန်ကို အဝေးကွင်းယှဉ်ပြိုင်ကစားရာမှာ မိသားစုပြဿနာရှိနေတဲ့ အူဘာမီယန်းနဲ့ ပရီးမီးယားလိဂ်ကစားခဲ့တဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး ကစားဟန်က အလုပ်မဖြစ်သလို အိမ်ရှင်တွေရဲ့ တိုက်စစ်ကိုလည်း အသည်းအသန် ကာကွယ်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ဒီဇင်ဘာမတိုင်ခင်အထိ ဆက်တိုက် သူရဲကောင်းဖြစ်ခဲ့တဲ့ ဘရာဇီးလ်နောက်ခံလူ ဂါဘရီယယ်လ်ကို ပြန်လည်ထည့်သွင်းလာချိန်မှာ အသင်းဖော်တွေနဲ့ ခံစစ်မှာ အစေးမကပ်တဲ့ ပုံစံကို တွေ့မြင်ခဲ့ရပြီး ကစားသမားအနေနဲ့ ပထမ ၂ မိနစ်အတွင်းမှာပဲ ၂ ကြိမ် အမှားကျူးလွန်ခဲ့သလို အချိတ်အဆက်နဲ့ နားလည်းမှု လွဲနေခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးပေါက်ကန်ခွင့် တစ်ကြိမ်သာ ရရှိခဲ့တဲ့ အာဆင်နယ်ရဲ့ ကစားပုံကတော့ တော်တော်လေး ပျင်းစရာကောင်းခဲ့ပြီး ဝီလီယန်၊ ပေပေနဲ့ နကီးတီးယားတို့ဟာ မာတီနယ်လီကိုပါ သံချေးတက်စေသလို တစ်ဖက်ခံစစ်တွေကိုလည်း ဖွင့်ထုတ်နိုင်စွမ်းမရှိခဲ့တာလည်းဖြစ်ပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဂါဘရီယယ်လ်က ကိုယ့်ဂိုးကိုယ်သွင်းခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ဖိကစားခဲ့ပေမယ့် ဒါမျိုးတွေ ကြုံနေကျ စိန့်တို့အနေနဲ့ ကြံ့ကြံ့ခိုင်ခံပြီး ကာကွယ်သွားနိုင်ခဲ့သလို အဆုံးသတ်ပိုင်းမှာလည်း နှစ်ဖက်စလုံး ဆိုးရွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တွေ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အယ်လ်နန်နီအစား ပါတေး၊ မာတီနယ်လီအစား ဆာကာတို့ကို ထည့်သွင်းကစားခဲ့ပေမယ့် ဆောက်သမ်တန်နောက်တန်းကိုတော့ မကျော်နိုင်ခဲ့သလို အမြင့်ဘောတွေမှာလည်း အသာစီးမရတဲ့အတွက် တိုက်စစ်ကစားပုံက ဆိုးရွားနေခဲ့ပြီး လာကာဇက်ကိုလည်း ဘယ်လာရင်နေရာ ထပ်ထည့်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေတော့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တာပါ။

ပေပေနဲ့ ဝီလီယန်ကတော့ အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တာက များပြီး ၆၇ မိနစ်မှာ နကီးတီးယားရဲ့ ထိုးဖောက်မှုကို ဂိုးသမား ဖရေဆာ ဖော်စတာ ကာကွယ်သွားခဲ့တာက ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့သလို အာဆင်နယ်ပရိသတ်တွေအားလုံးအတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒီလိုနဲ့ ပြိုင်ဘက်ကို လျှော့တွက်တဲ့ လူစာရင်းကို အသုံးပြုခဲ့တဲ့ အာဆင်နယ်တို့ ဒုတိယပိုင်းမှာလည်း ထူးမခြားနားပုံစံနဲ့ အလျှော့ပေးခဲ့ရပြီး ပွဲပြီးချိန်မှာတော့ အိမ်ရှင် ဆောက်သမ်တန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆုကို မကာကွယ်နိုင်ဘဲ စောစောစီးစီးမှာပဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေဆာက္သမ္တန္ကို အေဝးကြင္းယွဥ္ၿပိဳင္ကစားရာမွာ မိသားစုျပႆနာရွိေနတဲ့ အူဘာမီယန္းနဲ႔ ပရီးမီးယားလိဂ္ကစားခဲ့တဲ့ ကစားသမားေတြကို အနားေပးခဲ့ၿပီး ကစားဟန္က အလုပ္မျဖစ္သလို အိမ္ရွင္ေတြရဲ႕ တိုက္စစ္ကိုလည္း အသည္းအသန္ ကာကြယ္ခဲ့ရၿပီး ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။

ဒီဇင္ဘာမတိုင္ခင္အထိ ဆက္တိုက္ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဘရာဇီးလ္ေနာက္ခံလူ ဂါဘရီယယ္လ္ကို ျပန္လည္ထည့္သြင္းလာခ်ိန္မွာ အသင္းေဖာ္ေတြနဲ႔ ခံစစ္မွာ အေစးမကပ္တဲ့ ပုံစံကို ေတြ႕ျမင္ခဲ့ရၿပီး ကစားသမားအေနနဲ႔ ပထမ ၂ မိနစ္အတြင္းမွာပဲ ၂ ႀကိမ္ အမွားက်ဴးလြန္ခဲ့သလို အခ်ိတ္အဆက္နဲ႔ နားလည္းမႈ လြဲေနခဲ့တာပါ။

ပထမပိုင္းမွာ ဂိုးေပါက္ကန္ခြင့္ တစ္ႀကိမ္သာ ရရွိခဲ့တဲ့ အာဆင္နယ္ရဲ႕ ကစားပုံကေတာ့ ေတာ္ေတာ္ေလး ပ်င္းစရာေကာင္းခဲ့ၿပီး ဝီလီယန္၊ ေပေပနဲ႔ နကီးတီးယားတို႔ဟာ မာတီနယ္လီကိုပါ သံေခ်းတက္ေစသလို တစ္ဖက္ခံစစ္ေတြကိုလည္း ဖြင့္ထုတ္ႏိုင္စြမ္းမရွိခဲ့တာလည္းျဖစ္ၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဂါဘရီယယ္လ္က ကိုယ့္ဂိုးကိုယ္သြင္းခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူၿပီး ဖိကစားခဲ့ေပမယ့္ ဒါမ်ိဳးေတြ ႀကဳံေနက် စိန႔္တို႔အေနနဲ႔ ႀကံ့ႀကံ့ခိုင္ခံၿပီး ကာကြယ္သြားႏိုင္ခဲ့သလို အဆုံးသတ္ပိုင္းမွာလည္း ႏွစ္ဖက္စလုံး ဆိုး႐ြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္ေတြ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အယ္လ္နန္နီအစား ပါေတး၊ မာတီနယ္လီအစား ဆာကာတို႔ကို ထည့္သြင္းကစားခဲ့ေပမယ့္ ေဆာက္သမ္တန္ေနာက္တန္းကိုေတာ့ မေက်ာ္ႏိုင္ခဲ့သလို အျမင့္ေဘာေတြမွာလည္း အသာစီးမရတဲ့အတြက္ တိုက္စစ္ကစားပုံက ဆိုး႐ြားေနခဲ့ၿပီး လာကာဇက္ကိုလည္း ဘယ္လာရင္ေနရာ ထပ္ထည့္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတြေတာ့ လုပ္ေဆာင္ႏိုင္ျခင္း မရွိခဲ့တာပါ။

ေပေပနဲ႔ ဝီလီယန္ကေတာ့ အခြင့္အေရးကို ျဖဳန္းတီးပစ္ခဲ့တာက မ်ားၿပီး ၆၇ မိနစ္မွာ နကီးတီးယားရဲ႕ ထိုးေဖာက္မႈကို ဂိုးသမား ဖေရဆာ ေဖာ္စတာ ကာကြယ္သြားခဲ့တာက ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့သလို အာဆင္နယ္ပရိသတ္ေတြအားလုံးအတြက္လည္း စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ဒီလိုနဲ႔ ၿပိဳင္ဘက္ကို ေလွ်ာ့တြက္တဲ့ လူစာရင္းကို အသုံးျပဳခဲ့တဲ့ အာဆင္နယ္တို႔ ဒုတိယပိုင္းမွာလည္း ထူးမျခားနားပုံစံနဲ႔ အေလွ်ာ့ေပးခဲ့ရၿပီး ပြဲၿပီးခ်ိန္မွာေတာ့ အိမ္ရွင္ ေဆာက္သမ္တန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံဆုကို မကာကြယ္ႏိုင္ဘဲ ေစာေစာစီးစီးမွာပဲ ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီ ျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.