Transfer News

ေဒါ့မြန္ကို ေျပာင္းဖို႔ ေတာ္ေတာ္ေလးနီးစပ္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္ပစ္မွတ္ ဘယ္လင္ဂမ္

ဘာမင္ဂမ္စီးတီးအသင္းရဲ႕ အေတာက္ပဆုံးလူငယ္တစ္ဦးျဖစ္တဲ့ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို လာမယ့္ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းက သေဘာတူညီမွဳ ရရွိခဲ့ၿပီလို႔ ေကာလဟာလေတြ ထြက္ေပၚလာခဲ့ၿပီး သူ႕ကို လိုခ်င္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လက္လႊတ္ရဖို႔ နီးစပ္ေနပါတယ္။

ေဒါ့မြန္အသင္းအေနနဲ႔ ဒီအသက္ ၁၆ ႏွစ္အရြယ္ လူငယ္ကြင္းလယ္လူ ယူ႐ို ၃၅ သန္းဝန္းက်င္ ေပးေခ်ရမယ္လို႔ သတင္းထြက္ေနၿပီး ဒီအတြက္ ဘာမင္ဂမ္စီးတီးနဲ႔ ညႇိႏွဳိင္းေနဆဲျဖစ္ေပမယ့္ ကစားသမားနဲ႔ေတာ့ ပုဂၢဳိလ္ေရးဆုိင္ရာအခ်က္အလက္ေတြ သေဘာတူညီခဲ့ၿပီလုိ႔လည္း ဆုိပါတယ္။

အသက္ ၁၆ ႏွစ္သာ ရွိေသးေပမယ့္ ကိုယ္လုံးကိုယ္ထည္အရြယ္အစားအရေတာ့ လူႀကီးတစ္ေယာက္ရဲ႕ ပုံစံမ်ဳိးရွိေနၿပီျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ ၃၄ ပြဲ ကစားထားတဲ့ ဘယ္လင္ဂမ္ကို ဘုိင္ယန္ျမဴးနစ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အပါအဝင္ ဥေရာပအသင္းႀကီးေတြကလည္း ေစာင့္ၾကည့္ေနခဲ့ၾကတာပါ။

အဂၤလိပ္လူငယ္ကစားသမားေတြရဲ႕ ကစားသမားဘဝေနာက္တစ္ဆင့္ကို တက္လွမ္းဖို႔ ေဒါ့မြန္ဟာ စံျပအသင္းတစ္သင္းျဖစ္ေၾကာင္းနဲ႔ ပရီးမီးယားလိဂ္လိုမ်ဳိး အရမ္းမခက္ခဲတဲ့ ဘြန္ဒက္စ္လီဂါမွာ ကစားရင္း ပုိမိုတုိးတက္လာဖို႔ကို မန္စီးတီးလူငယ္ကစားသမားေဟာင္း ေဂ်ဒန္ ဆန္ခ်ဳိက ဥပမာေကာင္းျဖစ္ခဲ့ၿပီး ဘယ္လင္ဟမ္နဲ႔ တျခားေျခစြမ္းရွိလူငယ္ေတြကို ဆက္လက္ေခၚယူသြားႏုိင္ဖို႔လည္း ရွိေနပါတယ္။

လူငယ္ကစားသမားေတြကို ထင္ရွားေတာက္ပေအာင္ျပဳလုပ္ေပးႏုိင္တဲ့ ေအာင္ေျမျဖစ္ေနတဲ့ ေဒါ့မြန္အသင္းအေနနဲ႔ ဒမ္ဘီလီ၊ ဟာကီမီ၊ ဆန္ခ်ဳိ၊ ဟားလန္း စတဲ့ ကစားသမားေတြကို စည္း႐ုံးၿပီး ေအာင္ျမင္ေအာင္ျပဳလုပ္ေပးေနႏိုင္ခ်ိန္မွာ တျခားဥေရာပအသင္းႀကီးေတြကေတာ့ သူတို႔ဆီကေန ေဈးႀကီးေပး ျပန္ေခၚရမွာကေတာ့ ရယ္ခ်င္ေပမယ့္လည္း မရယ္ႏုိင္တဲ့ ဟာသျဖစ္ေနၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြအတြက္ေတာ့ ထိုးႏွက္ခ်က္တစ္ခုလည္းျဖစ္ေနေၾကာင္း သုံးသပ္ရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘာမင်ဂမ်စီးတီးအသင်းရဲ့ အတောက်ပဆုံးလူငယ်တစ်ဦးဖြစ်တဲ့ ဂျုဒ် ဘယ်လင်ဟမ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းက သဘောတူညီမှု ရရှိခဲ့ပြီလို့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပြီး သူ့ကို လိုချင်နေတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်လွှတ်ရဖို့ နီးစပ်နေပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ ဒီအသက် ၁၆ နှစ်အရွယ် လူငယ်ကွင်းလယ်လူ ယူရို ၃၅ သန်းဝန်းကျင် ပေးချေရမယ်လို့ သတင်းထွက်နေပြီး ဒီအတွက် ဘာမင်ဂမ်စီးတီးနဲ့ ညှိနှိုင်းနေဆဲဖြစ်ပေမယ့် ကစားသမားနဲ့တော့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ သဘောတူညီခဲ့ပြီလို့လည်း ဆိုပါတယ်။

အသက် ၁၆ နှစ်သာ ရှိသေးပေမယ့် ကိုယ်လုံးကိုယ်ထည်အရွယ်အစားအရတော့ လူကြီးတစ်ယောက်ရဲ့ ပုံစံမျိုးရှိနေပြီဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ၃၄ ပွဲ ကစားထားတဲ့ ဘယ်လင်ဂမ်ကို ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပအသင်းကြီးတွေကလည်း စောင့်ကြည့်နေခဲ့ကြတာပါ။

အင်္ဂလိပ်လူငယ်ကစားသမားတွေရဲ့ ကစားသမားဘဝနောက်တစ်ဆင့်ကို တက်လှမ်းဖို့ ဒေါ့မွန်ဟာ စံပြအသင်းတစ်သင်းဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ်လိုမျိုး အရမ်းမခက်ခဲတဲ့ ဘွန်ဒက်စ်လီဂါမှာ ကစားရင်း ပိုမိုတိုးတက်လာဖို့ကို မန်စီးတီးလူငယ်ကစားသမားဟောင်း ဂျေဒန် ဆန်ချိုက ဥပမာကောင်းဖြစ်ခဲ့ပြီး ဘယ်လင်ဟမ်နဲ့ တခြားခြေစွမ်းရှိလူငယ်တွေကို ဆက်လက်ခေါ်ယူသွားနိုင်ဖို့လည်း ရှိနေပါတယ်။

လူငယ်ကစားသမားတွေကို ထင်ရှားတောက်ပအောင်ပြုလုပ်ပေးနိုင်တဲ့ အောင်မြေဖြစ်နေတဲ့ ဒေါ့မွန်အသင်းအနေနဲ့ ဒမ်ဘီလီ၊ ဟာကီမီ၊ ဆန်ချို၊ ဟားလန်း စတဲ့ ကစားသမားတွေကို စည်းရုံးပြီး အောင်မြင်အောင်ပြုလုပ်ပေးနေနိုင်ချိန်မှာ တခြားဥရောပအသင်းကြီးတွေကတော့ သူတို့ဆီကနေ ဈေးကြီးပေး ပြန်ခေါ်ရမှာကတော့ ရယ်ချင်ပေမယ့်လည်း မရယ်နိုင်တဲ့ ဟာသဖြစ်နေပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေအတွက်တော့ ထိုးနှက်ချက်တစ်ခုလည်းဖြစ်နေကြောင်း သုံးသပ်ရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.