Premier League

ပခုံုးဒဏ္ရာေၾကာင့္ ထရာအိုေရးကို ရာသီကုန္အထိ ဝုလ္ဗ္စ္လက္လႊတ္ရႏိုင္

UNICODE: ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ အဒါမာ ထရာအိုရေးဟာ ဒီရာသီအတွင်း ကစားထားခဲ့တဲ့ နောက်ဆုံး ၁၆ ပွဲမှာ ပခုံးအဆစ်လွဲဒဏ်ရာ ၃ ကြိမ်အထိ ရရှိခဲ့တာကြောင့် ခွဲစိပ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အသင်းအတွက်တော့ ခက်ခဲတဲ့ အနေအထားမှာလည်း ရှိနေခဲ့ပါတယ်။

တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးစ်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ထရာအိုရေးဟာ ပြိုင်ဘက်နောက်ခံလူ ဂျာဖက် တန်ဂန်ညာနဲ့ ထိခိုက်မိပြီး ဒဏ်ရာထပ်ရခဲ့တာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဇင်ဘာလတုန်းက ကစားခဲ့တဲ့ ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာလည်း အလားတူဒဏ်ရာရခဲ့ပါသေးတယ်။ ဒါ့အပြင် ဇန်နဝါရီလက မန်ချက်စတာယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ပွဲမှာလည်း ပခုံးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ဒီဒဏ်ရာတွေကို သမားရိုးကျကုထုံးတွေနဲ့ပဲ ကုသခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ခွဲစိပ်ကုသရဖွယ်ရှိနေပါတယ်။ လောလောဆယ်အနေနဲ့ လာမယ့် စနေနေ့ ဘရိုက်တန်နဲ့ပွဲမှာ ထရာအိုရေးကို ဆက်လက်အသုံးပြုဖွယ် ရှိနေသေးပြီး နောက်ပိုင်းပွဲတွေကိုတော့ ခွဲစိတ်ကုသမှု ခံယူရမယ်ဆိုရင်တော့ လွဲချော်ရဖွယ်ရှိပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလားအလာကောင်းနေပြီး ယူရိုပါလိဂ်မှာလည်း နောက်တစ်ဆင့်တက်သွားပြီဖြစ်လို့ ထရာအိုရေးသာ မဖြစ်မနေ ခွဲစိပ်ကုသမှုခံယူရဖို့ သေချာသွားရင်တော့ တောင်ပံတိုက်စစ်ကို ကြီးမားတဲ့ ထိုးနှက်ချက်လည်းဖြစ်နိုင်ပြီး နည်းပြ နူနို ဆန်တိုအနေနဲ့ အသင်းနဲ့ သိပ်အသားမကျသေးတဲ့ ကစားသမားသစ် ပိုဒန့်စ်ကိုသာ ကစားခိုင်းရဖွယ်လည်း ရှိနေပါတယ်။

ထရာအိုရေးကိုယ်တိုင်ကတော့ အတတ်နိုင်ဆုံး ခွဲစိပ်ကုသရမယ့်နည်းလမ်းကို ရှောင်ရှားချင်နေတာဖြစ်ပြီး လာမာစီယာအကယ်ဒမီထွက် တောင်ပံသမားအနေနဲ့ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်ကစားခွင့် မျှော်လင့်ချက်ရှိနေသေးတာကြောင့် သမားရိုးကျကုထုံးတွေနဲ့ပဲ ဆက်လက်ကုသချင်သေးတယ်လို့လည်း သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္တဲ့ အဒါမာ ထရာအိုေရးဟာ ဒီရာသီအတြင္း ကစားထားခဲ့တဲ့ ေနာက္ဆုံး ၁၆ ပြဲမွာ ပခုံးအဆစ္လြဲဒဏ္ရာ ၃ ႀကိမ္အထိ ရရွိခဲ့တာေၾကာင့္ ခြဲစိပ္ကုသမႈခံယူဖို႔ လိုအပ္ေနတဲ့ အေျခအေနနဲ႔ ရင္ဆုိင္ေနရၿပီး အသင္းအတြက္ေတာ့ ခက္ခဲတဲ့ အေနအထားမွာလည္း ရွိေနခဲ့ပါတယ္။

တနဂၤေႏြေန႔က ေတာ့တင္ဟမ္ေဟာ့စပါးစ္ကို သံုးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ထရာအိုေရးဟာ ၿပိဳင္ဘက္ေနာက္ခံလူ ဂ်ာဖက္ တန္ဂန္ညာနဲ႔ ထိခိုက္မိၿပီး ဒဏ္ရာထပ္ရခဲ့တာျဖစ္ၿပီး တုိက္တိုက္ဆိုင္ဆိုင္ပဲ ဒီဇင္ဘာလတုန္းက ကစားခဲ့တဲ့ ပထမအေက်ာ့အိမ္ကြင္းပြဲစဥ္မွာလည္း အလားတူဒဏ္ရာရခဲ့ပါေသးတယ္။ ဒါ့အျပင္ ဇန္န၀ါရီလက မန္ခ်က္စတာယူႏိုက္တက္နဲ႔ သေရက်ခဲ့တဲ့ပြဲမွာလည္း ပခုံုးဒဏ္ရာရခဲ့ေသးတယ္လို႔ သိရပါတယ္။

ဒီဒဏ္ရာေတြကို သမားရိုးက်ကုထံုးေတြနဲ႔ပဲ ကုသခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ခြဲစိပ္ကုသရဖြယ္ရွိေနပါတယ္။ ေလာေလာဆယ္အေနနဲ႔ လာမယ့္ စေနေန႔ ဘရိုက္တန္နဲ႔ပြဲမွာ ထရာအိုေရးကို ဆက္လက္အသံုးျပဳဖြယ္ ရွိေနေသးၿပီး ေနာက္ပိုင္းပြဲေတြကိုေတာ့ ခြဲစိ္တ္ကုသမွဳ ခံယူရမယ္ဆိုရင္ေတာ့ လဲြေခ်ာ္ရဖြယ္ရွိပါတယ္။

ဝုလ္ဗ္စ္အသင္းဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ အလားအလာေကာင္းေနၿပီး ယူရိုပါလိဂ္မွာလည္း ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္လို႔ ထရာအိုေရးသာ မျဖစ္မေန ခြဲစိပ္ကုသမႈခံယူရဖို႔ ေသခ်ာသြားရင္ေတာ့ ေတာင္ပံတိုက္စစ္ကို ႀကီးမားတဲ့ ထိုးႏွက္ခ်က္လည္းျဖစ္ႏုိင္ၿပီး နည္းျပ ႏူႏို ဆန္တုိအေနနဲ႔ အသင္းနဲ႔ သိပ္အသားမက်ေသးတဲ့ ကစားသမားသစ္ ပုိဒန္႔စ္ကိုသာ ကစားခိုင္းရဖြယ္လည္း ရွိေနပါတယ္။

ထရာအိုေရးကိုယ္တိုင္ကေတာ့ အတတ္ႏိုင္ဆံုး ခြဲစိပ္ကုသရမယ့္နည္းလမ္းကို ေရွာင္ရွားခ်င္ေနတာျဖစ္ၿပီး လာမာစီယာအကယ္ဒမီထြက္ ေတာင္ပံသမားအေနနဲ႔ စပိန္လက္ေရြးစင္အသင္းနဲ႔အတူ ယူရို ၂၀၂၀ ၿပိဳင္ပြဲ၀င္ကစားခြင့္ ေမွ်ာ္လင့္ခ်က္ရွိေနေသးတာေၾကာင့္ သမားရိုးက်ကုထံုးေတြနဲ႔ပဲ ဆက္လက္ကုသခ်င္ေသးတယ္လို႔လည္း သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.