Premier League Transfer News

မြန္ထရီယယ္ အင္းမ္ပက္အသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ဗစ္တာ ဝမ္ညာမာ

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ကွင်းလယ်လူ ဗစ်တာ ဝမ်ညာမာဟာ မေဂျာလိဂ်ကလပ် မွန်ထရီယယ်လ် အင်းမ်ပက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။

စပါးစ်အသင်းကို ၂၀၁၆ နွေရာသီက ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်းနဲ့ ဆောက်သမ်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝမ်ညာမာဟာ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက ခေါ်ယူခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းနှစ်တွေမှာ အရန်အဖြစ်သာ အချိန်ကုန်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

ကွင်းလယ်မှာ မူဆာ ဆစ်ဆိုကို၊ ဟာရီ ဝင့်ခ်စ်နဲ့ အဲရစ် ဒိုင်ယာတို့ကို ပွဲထွက်ခွင့်အတွက် ကျော်လွှားနိုင်ခြင်းမရှိခဲ့ရာမှာ နောက်ထပ် နာမည်ကြီး ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ တွန်ဂီး အန်ဒွမ်ဘီလီကိုပါ ခေါ်ယူခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ပွဲထွက်ခွင့်ကလည်း မရှိသလောက် ရှားပါးနေခဲ့တာလည်းဖြစ်ပါတယ်။

စပါးစ်အသင်းမှာ သုံးနှစ်ခွဲ ကစားပေးခဲ့ပြီးပြီဖြစ်တဲ့ ကင်ညာလက်ရွေးစင်အသင်းခေါင်းဆောင် ဝမ်ညာမာဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကနေဒါအခြေစိုက် မေဂျာလိဂ်ကလပ် မွန်ထရီယယ်လ် အင်းမ်ပက်မှာ မြို့ခံပြိုင်ဘက် အာဆင်နယ်ကစားသမားဟောင်းနည်းပြ သီယာရီ အွန်နရီနဲ့ ပူးပေါင်းရမှာလည်းဖြစ်ပါတယ်။

ဝမ်ညာမာအနေနဲ့ အသင်းသစ်မှာ မေဂျာလိဂ်ရဲ့ စည်းမျဉ်းတစ်ခုဖြစ်တဲ့ လစာကန့်သတ်ခြင်းမခံရတဲ့ ကစားသမား (Designated Player) အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကျောနံပါတ် ၂ ကို ဝတ်ဆင်မှာဖြစ်တယ်လို့ သိရပြီး အပြောင်းအရွှေ့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေငြာထားခြင်းမရှိဘူးလို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ကြင္းလယ္လူ ဗစ္တာ ဝမ္ညာမာဟာ ေမဂ်ာလိဂ္ကလပ္ မြန္ထရီယယ္လ္ အင္းမ္ပက္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္ေၾကာင္း အသင္းရဲ႕ တရားဝင္ ဝက္ဘ္ဆုိက္ကေန ထုတ္ျပန္ေၾကျငာသြားခဲ့ပါတယ္။

စပါးစ္အသင္းကို ၂၀၁၆ ေႏြရာသီက ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၁ သန္းနဲ႔ ေဆာက္သမ္တန္အသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ဝမ္ညာမာဟာ နည္းျပေဟာင္း ေမာ္ရီစီယို ပုိခ်က္တီႏိုက ေခၚယူခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ေနာက္ပုိင္းႏွစ္ေတြမွာ အရန္အျဖစ္သာ အခ်ိန္ကုန္ေနခဲ့ရတာလည္း ျဖစ္ပါတယ္။

ကြင္းလယ္မွာ မူဆာ ဆစ္ဆုိကို၊ ဟာရီ ဝင့္ခ္စ္နဲ႔ အဲရစ္ ဒိုင္ယာတုိ႔ကို ပြဲထြက္ခြင့္အတြက္ ေက်ာ္လႊားႏုိင္ျခင္းမရွိခဲ့ရာမွာ ေနာက္ထပ္ နာမည္ႀကီး ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ တြန္ဂီး အန္ဒြမ္ဘီလီကိုပါ ေခၚယူခဲ့ၿပီးေနာက္ပုိင္း သူ႕ရဲ႕ပြဲထြက္ခြင့္ကလည္း မရွိသေလာက္ ရွားပါးေနခဲ့တာလည္းျဖစ္ပါတယ္။

စပါးစ္အသင္းမွာ သုံးႏွစ္ခြဲ ကစားေပးခဲ့ၿပီးၿပီျဖစ္တဲ့ ကင္ညာလက္ေရြးစင္အသင္းေခါင္းေဆာင္ ဝမ္ညာမာဟာ အသက္ ၂၈ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး ကေနဒါအေျခစိုက္ ေမဂ်ာလိဂ္ကလပ္ မြန္ထရီယယ္လ္ အင္းမ္ပက္မွာ ၿမဳိ႕ခံၿပဳိင္ဘက္ အာဆင္နယ္ကစားသမားေဟာင္းနည္းျပ သီယာရီ အြန္နရီနဲ႔ ပူးေပါင္းရမွာလည္းျဖစ္ပါတယ္။

ဝမ္ညာမာအေနနဲ႔ အသင္းသစ္မွာ ေမဂ်ာလိဂ္ရဲ႕ စည္းမ်ဥ္းတစ္ခုျဖစ္တဲ့ လစာကန္႔သတ္ျခင္းမခံရတဲ့ ကစားသမား (Designated Player) အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ေက်ာနံပါတ္ ၂ ကို ဝတ္ဆင္မွာျဖစ္တယ္လို႔ သိရၿပီး အေျပာင္းအေရႊ႕ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ ေၾကျငာထားျခင္းမရွိဘူးလို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.