Premier League

အာ႐ုံစူးစိုက္မႈ အားနည္းလြန္းတဲ့ ဒေဟးယားကို ရွမိုက္ကယ္ေဝဖန္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၳ၀င္ဂိုးသမားေဟာင္း ပီတာရွမိုက္ကယ္က ဂိုးသမား ေဒးဗစ္ ဒေဟးယားဟာ အသင္းကို ႀကီးႀကီးမားမား ထိခိုက္ေစတတ္တဲ့ အမွားေတြ က်ဴးလြန္လြန္းသူတစ္ေယာက္အျဖစ္ ေ၀ဖန္လိုက္သလို ပြဲအေပၚ အာရံုစူးစိုက္မႈ အားနည္းလြန္းတာကိုလည္း ေထာက္ျပခ့ဲပါတယ္။

တနဂၤေႏြေန႔က အဲဗာတန္နဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲစဥ္မွာ ေနာက္ခံလူ ဟယ္ရီ မက္ဂြိဳင္းယားနဲ႔ ျပန္ေပးတဲ့ ေဘာလုံးကို ေရွ႕ကို ကန္တင္ဖို႔ အခ်ိန္အေတာ္ၾကာရခဲ့တဲ့ၾကားက အဲဗာတန္တုိက္စစ္မွဴး ကဲလ္ဗတ္-လူ၀င္ရဲ႕ေျခေထာက္နဲ႔ ထိမွန္ေအာင္ကန္မိခဲ့လို႔ ဂိုးေပးခဲ့ရတဲ့ ဒေဟးယားရဲ႕အမွားကို အသင္းကစားသမားေဟာင္းေတြက အျပင္းအထန္ေ၀ဖန္ခဲ့ၾကၿပီး အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းဆိုရင္ သတ္ခ်င္ေလာက္ေအာင္အထိျဖစ္မိတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ ေပးေနရတဲ့ အသက္ ၂၉ ႏွစ္အရြယ္ စပိန္သားဂိုးသမားရဲ႕ ေနရာကို ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းမွာ အငွားနဲ႔ လက္စြမ္းျပေနတဲ့ ဒင္းန္ ဟန္ဒါဆင္နဲ႔ အစားထိုးဖို႔ ေတာင္းဆိုလာတဲ့ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြလည္း ရွိလာခဲ့ပါတယ္။

Premier League Productions နဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ပီတာရွမိုက္ကယ္က “ဒါက အာရံုစိုက္မႈအားနည္းတာပါ။ ထိပ္တန္းအသင္းေတြအတြက္ ခ်န္ပီယံျဖစ္ဖို႔ ႀကိဳးစားၾကခ်ိန္မွာ ဒီလိုအမွားေတြက လက္ခံလုိ႔မရပါဘူး။ ၇ ပြဲမွာ အမွား ၇ ႀကိမ္လုပ္မိၿပီး အမွတ္ေတြ ဆံုးရွဳံးစရာ အေျခအေနျဖစ္လာခဲ့တာက အရမ္းမ်ားလြန္းပါတယ္။ သူကိုယ္တိုင္ကလည္း ပြဲအေပၚ အာရံုစူးစုိက္မႈ ပိုေကာင္းေအာင္လုပ္ဖို႔လိုေနပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္မွာ ၈ ရာသီအတြင္း ပြဲေပါင္း ၄၀၀ နီးပါးအထိကစားခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား ၅ ႀကိမ္၊ အက္ဖ္ေအဖလား ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား တစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့တဲ့ ဒိန္းမတ္ဂႏၳ၀င္ဂိုးသမားေဟာင္း ပီတာရွမိုက္ကယ္က ေဝဖန္ခဲ့တဲ့ ေဒးဗစ္ ဒေဟးယားဟာ ၿပီးခဲ့တဲ့ရာသီကေန ေရတြက္ရင္ ပရီးမီးယားလိဂ္ဂိုးသမားေတြထဲ ဂိုးေပးရတဲ့ အမွားအမ်ားဆံုးဂိုးသမားျဖစ္ေနၿပီး ၇ ႀကိမ္ ဂိုးေပးခဲ့ရသလို ဒီရာသီမွာေတာ့ အမွားေတြကေန ဂိုး ၃ ႀကိမ္ ေပးခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ အသင်းကို ကြီးကြီးမားမား ထိခိုက်စေတတ်တဲ့ အမှားတွေ ကျူးလွန်လွန်းသူတစ်ယောက်အဖြစ် ဝေဖန်လိုက်သလို ပွဲအပေါ် အာရုံစူးစိုက်မှု အားနည်းလွန်းတာကိုလည်း ထောက်ပြခဲ့ပါတယ်။

တနင်္ဂနွေနေ့က အဲဗာတန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ပြန်ပေးတဲ့ ဘောလုံးကို ရှေ့ကို ကန်တင်ဖို့ အချိန်အတော်ကြာရခဲ့တဲ့ကြားက အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်ရဲ့ခြေထောက်နဲ့ ထိမှန်အောင်ကန်မိခဲ့လို့ ဂိုးပေးခဲ့ရတဲ့ ဒဟေးယားရဲ့အမှားကို အသင်းကစားသမားဟောင်းတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပြီး အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဆိုရင် သတ်ချင်လောက်အောင်အထိဖြစ်မိတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ပေးနေရတဲ့ အသက် ၂၉ နှစ်အရွယ် စပိန်သားဂိုးသမားရဲ့ နေရာကို ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းမှာ အငှားနဲ့ လက်စွမ်းပြနေတဲ့ ဒင်းန် ဟန်ဒါဆင်နဲ့ အစားထိုးဖို့ တောင်းဆိုလာတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်။

Premier League Productions နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပီတာရှမိုက်ကယ်က “ဒါက အာရုံစိုက်မှုအားနည်းတာပါ။ ထိပ်တန်းအသင်းတွေအတွက် ချန်ပီယံဖြစ်ဖို့ ကြိုးစားကြချိန်မှာ ဒီလိုအမှားတွေက လက်ခံလို့မရပါဘူး။ ၇ ပွဲမှာ အမှား ၇ ကြိမ်လုပ်မိပြီး အမှတ်တွေ ဆုံးရှုံးစရာ အခြေအနေဖြစ်လာခဲ့တာက အရမ်းများလွန်းပါတယ်။ သူကိုယ်တိုင်ကလည်း ပွဲအပေါ် အာရုံစူးစိုက်မှု ပိုကောင်းအောင်လုပ်ဖို့လိုနေပါတယ်”လို့ ပြောကြားသွားပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ၈ ရာသီအတွင်း ပွဲပေါင်း ၄၀၀ နီးပါးအထိကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ ဒိန်းမတ်ဂန္ထဝင်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က ဝေဖန်ခဲ့တဲ့ ဒေးဗစ် ဒဟေးယားဟာ ပြီးခဲ့တဲ့ရာသီကနေ ရေတွက်ရင် ပရီးမီးယားလိဂ်ဂိုးသမားတွေထဲ ဂိုးပေးရတဲ့ အမှားအများဆုံးဂိုးသမားဖြစ်နေပြီး ၇ ကြိမ် ဂိုးပေးခဲ့ရသလို ဒီရာသီမှာတော့ အမှားတွေကနေ ဂိုး ၃ ကြိမ် ပေးခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.