Premier League

စပါးအသင်းရဲ့ အင်ဂျင်ကို ဖြုတ်ပစ်ဖို့ ပေါင်သန်း ၉၀ သုံးစွဲသွားမယ့် မန်စီးတီး


မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။


မန်ချက်စတာစီးတီးအသင်းဟာ ဝါရင့်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့နေရာမှာ ကာလရှည်အစားထိုးခေါ်ယူမှုအဖြစ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူချင်နေတာဖြစ်တယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီကိန်းဟာ တော့တင်ဟမ်ဟော့စပါးပထမအသင်းမှာ စတင်ကစားခွင့်ရခဲ့တဲ့အချိန်ကတည်းက ဂိုးသွင်းနှုန်းကောင်းတဲ့တိုက်စစ်မှူးဖြစ်ခဲ့သူဖြစ်ပါတယ်။


ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅၂ ဂိုးအထိ မယုံကြည်နိုင်ဖွယ် သွင်းယူထားပြီး အင်္ဂလန်မှာ ရွှေဖိနပ်ဆုကို ၂ ကြိမ် အနိုင်ရရှိထားတဲ့တိုက်စစ်မှူးဖြစ်ပါတယ်။ ယခုရာသီမှာလည်း အင်္ဂလန်တိုက်စစ်မှူးဟာ သွင်းဂိုး ၉ ဂိုးနဲ့ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရွှေဖိနပ်ဆုကို တတိယအကြိမ်မြောက် ရရှိဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟယ်ရီကိန်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းမှာ လက်ရှိအချိန်အထိ ဘာဆုဖလားမှ ကိုင်မြှောက်နိုင်ခြင်းမရှိသေးသူဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေ ရရှိဖို့ဆိုရင် အသင်းပြောင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားခေါ်ယူမှုပြုလုပ်သွားမှာမဟုတ်ဘူးလို့ နည်းပြဂွါဒီယိုလာက ငြင်းပယ်ခဲ့တဲ့အတွက် လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုပြုလုပ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။


အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂွေရိုဟာ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စုစုပေါင်း သွင်းဂိုး ၂၅၆ ဂိုးနဲ့ အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက ကြုံတွေ့နေရတဲ့ ကြံ့ခိုင်မှုပြဿနာက အဂွေရိုကို ပွဲမကစားနိုင်အောင် တားဆီးထားတာကြောင့် မန်ချက်စတာစီးတီးအသင်းက တိုက်စစ်မှူးသစ်ရှာဖွေနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာစီးတီးအသင္းဟာ လာမယ့္ေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္တိုက္စစ္မႉး ဟယ္ရီကိန္းကို ေပါင္သန္း ၉၀ နဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။


မန္ခ်က္စတာစီးတီးအသင္းဟာ ဝါရင့္တိုက္စစ္မႉး ဆာဂ်ီယို အေဂြရိုရဲ့ေနရာမွာ ကာလရွည္အစားထိုးေခၚယူမႈအျဖစ္ အဂၤလန္လက္ေရြးစင္တိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူခ်င္ေနတာျဖစ္တယ္လို႔ Bild က ေဖာ္ျပခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဟယ္ရီကိန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးပထမအသင္းမွာ စတင္ကစားခြင့္ရခဲ့တဲ့အခ်ိန္ကတည္းက ဂိုးသြင္းႏႈန္းေကာင္းတဲ့တိုက္စစ္မႉးျဖစ္ခဲ့သူျဖစ္ပါတယ္။


ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၅၂ ဂိုးအထိ မယုံၾကည္နိုင္ဖြယ္ သြင္းယူထားၿပီး အဂၤလန္မွာ ေရႊဖိနပ္ဆုကို ၂ ႀကိမ္ အနိုင္ရရွိထားတဲ့တိုက္စစ္မႉးျဖစ္ပါတယ္။ ယခုရာသီမွာလည္း အဂၤလန္တိုက္စစ္မႉးဟာ သြင္းဂိုး ၉ ဂိုးနဲ႔ ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ေရႊဖိနပ္ဆုကို တတိယအႀကိမ္ေျမာက္ ရရွိဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟယ္ရီကိန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းမွာ လက္ရွိအခ်ိန္အထိ ဘာဆုဖလားမွ ကိုင္ေျမႇာက္နိုင္ျခင္းမရွိေသးသူျဖစ္ၿပီး ဆုဖလားေအာင္ျမင္မႈေတြ ရရွိဖို႔ဆိုရင္ အသင္းေျပာင္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမားေခၚယူမႈျပဳလုပ္သြားမွာမဟုတ္ဘူးလို႔ နည္းျပဂြါဒီယိုလာက ျငင္းပယ္ခဲ့တဲ့အတြက္ လာမယ့္ေႏြရာသီမွာ ကမ္းလွမ္းမႈျပဳလုပ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။


အသက္ ၃၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အေဂြရိုဟာ ၂၀၁၁ ခုႏွစ္မွာ အက္သလက္တီကိုမက္ဒရစ္ကေန ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး စုစုေပါင္း သြင္းဂိုး ၂၅၆ ဂိုးနဲ႔ အသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးမီက ၾကဳံေတြ႕ေနရတဲ့ ႀကံ့ခိုင္မႈျပႆနာက အေဂြရိုကို ပြဲမကစားနိုင္ေအာင္ တားဆီးထားတာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းက တိုက္စစ္မႉးသစ္ရွာေဖြေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.