Premier League Transfer News

31 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အာဂျင်တီးနားကလပ် အက်စတူဒီယင်တေးစ်က လူငယ်ကစားသမား ဒါရီယို ဆာမီယန်တိုအတွက် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ယူရို ၁၂ သန်းနဲ့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး အခြားခံစားခွင့်တွေအရ ယူရိုသန်း ၂၀ အထိ ကျသင့်နိုင်။

– ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကိုဗစ်-၁၉ စစ်ဆေးမှုတွေကို ပြုလုပ်မြဲအတိုင်း ခံယူခဲ့ရာမှာ နောက်ထပ် ကူးစက်ပြန့်ပွားခြင်းမျိုး မရှိရဘဲ ကျန်တဲ့ ကစားသမားနဲ့ နည်းပြတွေမှာ ရောဂါပိုး ကင်းစင်ကြောင်းသိရ။

– ဘိုင်ယန်မြူးနစ်အသင်းဘက်က စာချုပ်ကို လက်မခံတော့ဘဲ နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ဒေးဗစ် အလာဘာနဲ့ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာတို့ကြားမှာ သူမတူအောင် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ဆိုပြီး ကျန်တဲ့ အသင်းတွေကို ပြိုင်ပွဲထဲက ထုတ်ပစ်နိုင်တယ်လို့ဆို။

– မန်ချက်စတာစီးတီးအသင်းကနေ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်တဲ့ အစ်တီဟတ် တစ်လတာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်အဖြစ် နောက်ခံလူတွေဖြစ်ကြတဲ့ ဂျွန်စတုန်းစ်နဲ့ ဂျာအို ကန်ဆယ်လို၊ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်တို့ ရွေးချယ်ခံထားရ။

– ဇန်နဝါရီလ ၆ ရက်နေ့မှာ ကစားရမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် မန်ချက်စတာဒါဘီအမီ အသင်းရဲ့ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာနဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်တို့ အမီပြန်လည်ပါဝင်နိုင်မယ်လို့ စီးတီးတာဝန်ရှိသူတွေ ထုတ်ပြန်။

– မန်ချက်စတာစီးတီးပရိသတ်တွေအတွက် စိတ်ပျက်စရာသတင်းတစ်ရပ်အဖြစ် တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌသစ်က သူသဘောကျတဲ့သူမျိုးဖြစ်ခဲ့ရင် နူးကမ့်မှာ ၂၀၂၃ အထိ ဆက်နေပြီးမှ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားမယ်လို့ ပြောထားကြောင်း အသံထွက်လာ။

– ရှက်ခ်တာဒိုးနက်စ်ခ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ကာဒိုဆို တီတီကို ခေါ်ယူချင်တဲ့ အသင်းထဲမှာ မန်ချက်စတာစီးတီး အသင်းကို အဓိက ပြိုင်ဆိုင်မယ့်အသင်းအဖြစ် ရီးရဲလ်မက်ဒရစ်အသင်း ပေါ်ထွက်လာပြီး သူတို့မှာ ရိုဒရီဂို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိန်းနီးယားတို့လို ကစားသမားတွေ ရှိနေတာတောင် တီတီကို ခေါ်ယူဦးမယ်ဆိုတာကိုတော့ နားမလည်နိုင်အောင်ဖြစ်ခဲ့ရ။

– ပြာပုံထဲက ရုန်းထလာခဲ့တဲ့ ဖီးနစ်ငှက်လိုမျိုး ဂျွန်စတုန်းစ်နဲ့ လူငယ်လူသစ် နာသန် အာကေတို့ရဲ့ ခြေစွမ်းပြနေမှုကြောင့် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ရူဘင် ဒီယက်စ်နဲ့ တွဲဖက်ခွင့် တစ်နေရာ ပျောက်ဆုံးခဲ့ရတဲ့ ပြင်သစ်နောက်ခံလူ အေးမရစ် လာပေါ့တ်နဲ့ ဂွါဒီယိုလာတို့ကြား ဆက်ဆံရေးက ပြိုလဲနေခဲ့ပြီး အရန်အဖြစ် ဆက်မနေနိုင်ရင် ရောင်းချသွားဖို့ရှိတယ်လို့ ဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အာဂ်င္တီးနားကလပ္ အက္စတူဒီယင္ေတးစ္က လူငယ္ကစားသမား ဒါရီယို ဆာမီယန္တိုအတြက္ ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ယူ႐ို ၁၂ သန္းနဲ႔ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး အျခားခံစားခြင့္ေတြအရ ယူ႐ိုသန္း ၂၀ အထိ က်သင့္ႏိုင္။

– ခ်ဲလ္ဆီးအသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ကိုဗစ္-၁၉ စစ္ေဆးမႈေတြကို ျပဳလုပ္ၿမဲအတိုင္း ခံယူခဲ့ရာမွာ ေနာက္ထပ္ ကူးစက္ျပန႔္ပြားျခင္းမ်ိဳး မရွိရဘဲ က်န္တဲ့ ကစားသမားနဲ႔ နည္းျပေတြမွာ ေရာဂါပိုး ကင္းစင္ေၾကာင္းသိရ။

– ဘိုင္ယန္ျမဴးနစ္အသင္းဘက္က စာခ်ဳပ္ကို လက္မခံေတာ့ဘဲ ေႏြရာသီမွာ အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာမယ့္ ေဒးဗစ္ အလာဘာနဲ႔ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာတို႔ၾကားမွာ သူမတူေအာင္ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္လို႔ဆိုၿပီး က်န္တဲ့ အသင္းေတြကို ၿပိဳင္ပြဲထဲက ထုတ္ပစ္ႏိုင္တယ္လို႔ဆို။

– မန္ခ်က္စတာစီးတီးအသင္းကေန ပရိသတ္ေတြရဲ႕ မဲေပးမႈနဲ႔ ေ႐ြးခ်ယ္တဲ့ အစ္တီဟတ္ တစ္လတာ အေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ကာတင္အျဖစ္ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဂြၽန္စတုန္းစ္နဲ႔ ဂ်ာအို ကန္ဆယ္လို၊ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္တို႔ ေ႐ြးခ်ယ္ခံထားရ။

– ဇန္နဝါရီလ ၆ ရက္ေန႔မွာ ကစားရမယ့္ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ မန္ခ်က္စတာဒါဘီအမီ အသင္းရဲ႕ ကိုဗစ္ကူးစက္ခံထားရတဲ့ ကစားသမားႏွစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာနဲ႔ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ အမီျပန္လည္ပါဝင္ႏိုင္မယ္လို႔ စီးတီးတာဝန္ရွိသူေတြ ထုတ္ျပန္။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြအတြက္ စိတ္ပ်က္စရာသတင္းတစ္ရပ္အျဖစ္ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာ အသင္းရဲ႕ ဥကၠဌသစ္က သူသေဘာက်တဲ့သူမ်ိဳးျဖစ္ခဲ့ရင္ ႏူးကမ့္မွာ ၂၀၂၃ အထိ ဆက္ေနၿပီးမွ ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕ကစားမယ္လို႔ ေျပာထားေၾကာင္း အသံထြက္လာ။

– ရွက္ခ္တာဒိုးနက္စ္ခ္အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား ကာဒိုဆို တီတီကို ေခၚယူခ်င္တဲ့ အသင္းထဲမွာ မန္ခ်က္စတာစီးတီး အသင္းကို အဓိက ၿပိဳင္ဆိုင္မယ့္အသင္းအျဖစ္ ရီးရဲလ္မက္ဒရစ္အသင္း ေပၚထြက္လာၿပီး သူတို႔မွာ ႐ိုဒရီဂို၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ရိန္းနီးယားတို႔လို ကစားသမားေတြ ရွိေနတာေတာင္ တီတီကို ေခၚယူဦးမယ္ဆိုတာကိုေတာ့ နားမလည္ႏိုင္ေအာင္ျဖစ္ခဲ့ရ။

– ျပာပုံထဲက ႐ုန္းထလာခဲ့တဲ့ ဖီးနစ္ငွက္လိုမ်ိဳး ဂြၽန္စတုန္းစ္နဲ႔ လူငယ္လူသစ္ နာသန္ အာေကတို႔ရဲ႕ ေျခစြမ္းျပေနမႈေၾကာင့္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ႐ူဘင္ ဒီယက္စ္နဲ႔ တြဲဖက္ခြင့္ တစ္ေနရာ ေပ်ာက္ဆုံးခဲ့ရတဲ့ ျပင္သစ္ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္နဲ႔ ဂြါဒီယိုလာတို႔ၾကား ဆက္ဆံေရးက ၿပိဳလဲေနခဲ့ၿပီး အရန္အျဖစ္ ဆက္မေနႏိုင္ရင္ ေရာင္းခ်သြားဖို႔ရွိတယ္လို႔ ဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.