Premier League

ေနာ္ေဝတိုက္စစ္မွဴး ေဆာ္ေလာ့သ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္ေစာင့္ၾကည့္ေန

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းမှာ ကစားခဲ့ဖူးပြီး မအောင်မြင်ခဲ့တဲ့ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး အလက်ဇန်းဒါး ဆော်လော့သ်ကိုခေါ်ယူဖို့ ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်လို့ သိရပါတယ်။

တူရကီကလပ် ထရက်ဘ်ဇွန်စပေါအသင်းမှာ ခြေစွမ်းပြနေတဲ့ ဒီနော်ဝေတိုက်စစ်မှူးကို ကင်းထောက်တွေစေလွှတ်ပြီး စောင့်ကြည့်နေတာက ယူနိုက်တက်တစ်သင်းတည်းတော့မဟုတ်ဘဲ တခြားဥရောပအသင်းတွေဖြစ်ကြတဲ့ စပိန်ကလပ် ဆီဗီလာနဲ့ ဂျာမန်ကလပ် RB လိုက်ပ်ဇစ်တို့လည်း ပါဝင်နေသလို ပြီးခဲ့တဲ့အပတ်က ရီဇီစပေါကို ထရက်ဘ်ဇွန်စပေါက ငါးဂိုး-နှစ်ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာ ဒီအသက် ၂၄ နှစ်အရွယ် နော်ဝေလက်ရွေးစင်ကို သုံးသင်းစလုံးက ကင်းထောက်တွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဆိုလော့သ်ဟာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလက ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို ပေါင် ၉ သန်းနဲ့ ပြောင်းလာရွှေ့လာခဲ့သူဖြစ်ပြီး တောင်လန်ဒန်ဒေသမှာ လင်းယုန်ငှက်တွေနဲ့အတူ ပရီးမီးယားလိဂ်ပွဲ ၁၆ ပွဲ ကစားခဲ့ပေမယ့် တစ်ဂိုးမှတောင် မသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီက ထရက်ဘ်ဇွန်စပေါကို ၂ နှစ် အငှားစာချုပ်နဲ့ ပြောင်းသွားပြီးနောက်ပိုင်း တောက်လျှောက်ခြေစွမ်းပြနိုင်ခဲ့သလို ဒီရာသီ တူရကီ စူပါလိဂ်မှာဆိုရင် ၂၄ ဂိုး သွင်းပြီး ၇ ဂိုးဖန်တီးပေးနိုင်ခဲ့လို့ အခုလို ဥရောပအသင်းကြီးတွေ စိတ်ဝင်စားမှုကို ပြန်လည်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ အဆိုမှာတော့ ရာသီကုန်ရင် ထရက်ဇွန်စပေါအသင်းက ပေါင် ၆ သန်းတည်းနဲ့ ဆိုလော့သ်ကို အပြီးသတ်ခေါ်ခွင့်ရနိုင်တယ်လို့ စာချုပ်အချက်အလက်တွေမှာ ပါဝင်နေတယ်လို့ဆိုခဲ့ပြီး ပဲလေ့စ်ဘက်ကတော့ ဒီထက် ဈေးပိုမိုပေးနိုင်ပြီး အသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိတဲ့ မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းလာခဲ့ရင် မငြင်းဆန်လောက်ဘူးလို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခရစၥတယ္လ္ပဲေလ့စ္အသင္းမွာ ကစားခဲ့ဖူးၿပီး မေအာင္ျမင္ခဲ့တဲ့ ေနာ္ေ၀လက္ေရြးစင္တိုက္စစ္မွဴး အလက္ဇန္းဒါး ေဆာ္ေလာ့သ္ကိုေခၚယူဖို႔ ကင္းေထာက္ေတြ ေစလႊတ္ၿပီး ေစာင့္ၾကည့္ခုိုင္းထားတယ္လို႔ သိရပါတယ္။

တူရကီကလပ္ ထရက္ဘ္ဇြန္စေပါအသင္းမွာ ေျခစြမ္းျပေနတဲ့ ဒီေနာ္ေ၀တုိက္စစ္မွဴးကို ကင္းေထာက္ေတြေစလႊတ္ၿပီး ေစာင့္ၾကည့္ေနတာက ယူႏိုက္တက္တစ္သင္းတည္းေတာ့မဟုတ္ဘဲ တျခားဥေရာပအသင္းေတြျဖစ္ၾကတဲ့ စပိန္ကလပ္ ဆီဗီလာနဲ႔ ဂ်ာမန္ကလပ္ RB လိုက္ပ္ဇစ္တို႔လည္း ပါဝင္ေနသလို ၿပီးခဲ့တဲ့အပတ္က ရီဇီစေပါကို ထရက္ဘ္ဇြန္စေပါက ငါးဂိုး-ႏွစ္ဂိုးနဲ ႔ႏိုင္ခဲ့တဲ့ပြဲမွာ ဒီအသက္ ၂၄ ႏွစ္အရြယ္ ေနာ္ေဝလက္ေရြးစင္ကို သံုးသင္းစလံုးက ကင္းေထာက္ေတြ လာေရာက္ၾကည့္ရွဳခဲ့ၾကပါတယ္။

ဆိုေလာ့သ္ဟာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလက ခရစၥတယ္လ္ပဲေလ့စ္အသင္းကို ေပါင္ ၉ သန္းနဲ႔ ေျပာင္းလာေရႊ႕လာခဲ့သူျဖစ္ၿပီး ေတာင္လန္ဒန္ေဒသမွာ လင္းယုန္ငွက္ေတြနဲ႔အတူ ပရီးမီးယားလိဂ္ပြဲ ၁၆ ပြဲ ကစားခဲ့ေပမယ့္ တစ္ဂိုးမွေတာင္ မသြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ေႏြရာသီက ထရက္ဘ္ဇြန္စေပါကို ၂ ႏွစ္ အငွားစာခ်ဳပ္နဲ႔ ေျပာင္းသြားၿပီးေနာက္ပိုင္း ေတာက္ေလွ်ာက္ေျခစြမ္းျပႏိုင္ခဲ့သလို ဒီရာသီ တူရကီ စူပါလိဂ္မွာဆိုရင္ ၂၄ ဂိုး သြင္းၿပီး ၇ ဂိုးဖန္တီးေပးႏိုင္ခဲ့လို႔ အခုလို ဥေရာပအသင္းႀကီးေတြ စိတ္ဝင္စားမွဳကို ျပန္လည္ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

The Sun သတင္းစာရဲ႕ အဆိုမွာေတာ့ ရာသီကုန္ရင္ ထရက္ဇြန္စေပါအသင္းက ေပါင္ ၆ သန္းတည္းနဲ႔ ဆုိေလာ့သ္ကို အၿပီးသတ္ေခၚခြင့္ရႏိုင္တယ္လို႔ စာခ်ဳပ္အခ်က္အလက္ေတြမွာ ပါဝင္ေနတယ္လုိ႔ဆုိခဲ့ၿပီး ပဲေလ့စ္ဘက္ကေတာ့ ဒီထက္ ေဈးပုိမိုေပးႏုိင္ၿပီး အသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြရွိတဲ့ မန္ခ်က္စတာယူႏုိက္တက္က ကမ္းလွမ္းလာခဲ့ရင္ မျငင္းဆန္ေလာက္ဘူးလို႔လည္း ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.