Premier League

ဟာဇက်ကန်တာခံခဲ့ရတဲ့ ဘောကောက်ကောင်လေး ဘာတွေဖြစ်နေပြီလဲ


အီဒင်ဟာဇက်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက ချယ်ဆီးအသင်းနဲ့ ပထမဆုံးပွဲဦးထွက်ရာသီအတွင်း ဆွမ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်လုပ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။


လိုင်လီအသင်းကနေ ယင်းဖြစ်ရပ်မတိုင်မီ ၆ လလောက်ကမှ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ဆွမ်ဆီးနဲ့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်အတွင်း ဘောကောက်ကောင်လေးကို ကန်ကျောက်ခဲ့တဲ့အတွက် ဒိုင်လူကြီး ခရစ်စ်ဖွိုင်းရဲ့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဟာဇက်ဟာ ဘောလုံးကို ခန္ဓာကိုယ်နဲ့ တက်ဖိထားတဲ့ ဘောကောက်ကောင်လေးဆီကနေ ဘောလုံးကို ရယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဆယ်ကျော်သက်ကောင်လေးကို ခြေထောက်နဲ့ ကန်ခဲ့တာဖြစ်ပါတယ်။

“ကောင်လေးက ဘောလုံးကို သူ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ အုပ်ထားပြီး ကျွန်တော်က ဘောလုံးကိုပဲ ကန်ဖို့ ကြိုးစားခဲ့တာပါ”

“ကျွန်တော် ဘောလုံးကို ကန်ခဲ့တာလို့ ထင်ပါတယ်။ ကောင်လေးကို မဟုတ်ပါဘူး။ ကျွန်တော် တောင်းပန်ပါတယ်”လို့ ဆွမ်ဆီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။


ဘောကောက်ကောင်လေးရဲ့နာမည်ကတော့ ချာလီမော်ဂန်ဖြစ်ပြီး သန်းကြွယ်သူဌေးဖြစ်တဲ့ ဆွမ်ဆီးအသင်းဒါရိုက်တာ မာတင်မော်ဂန်ရဲ့သားဖြစ်ပါတယ်။ ချာလီမော်ဂန်ဟာ ယင်းဖြစ်စဉ်အပြီးမှာ ဟာဇက်ကို တရားစွဲဆိုသွားမှာမဟုတ်ဘူးလို့ တွစ်တာကနေ အတည်ပြုပြောကြားခဲ့ပြီး ဝေးလ်တောင်ပိုင်းရဲတပ်ဖွဲ့ကလည်း ချယ်ဆီးတောင်ပံကစားသမားကို အရေးယူမှုပြုလုပ်သွားမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။


မော်ဂန်ဟာ ဟာဇက်နဲ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြောင့် လူမှုကွန်ရက်မှာ ပရိသတ် ၆၀၀ ကနေ ၁၀ သိန်းအထိ ရရှိခဲ့ပြီး သတင်းစာအများအပြားမှာလည်း ဇိမ်ခံအပန်းဖြေအားလပ်ရက်ခရီးထွက်ခြင်း၊ ကားအလန်းကြီးတွေနဲ့ လူနေမှုဘဝပုံစံကြောင့် ဖော်ပြခြင်းခံနေရသူဖြစ်ပါတယ်။ မော်ဂန်ရဲ့ ရည်မှန်းချက်ကတော့ စီးပွားရေးလုပ်ငန်းကို စတင်ဖို့ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့အိပ်မက်က အမှန်တကယ်အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။


ချာလီဟာ ၎င်းရဲ့သူငယ်ချင်းဖြစ်တဲ့ ဂျက်ဆင်ကွင်းနဲ့အတူ စျေးကွက်ထဲကို တန်ဖိုးကြီးဗော့ဒ်ကာတွေ ထုတ်လုပ်ရောင်းချပြီး Au Vodka လို့ အမည်ရတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။

REF: GMS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အီဒင္ဟာဇက္ဟာ ၂၀၁၃ ခုႏွစ္ ဇန္နဝါရီလက ခ်ယ္ဆီးအသင္းနဲ႔ ပထမဆုံးပြဲဦးထြက္ရာသီအတြင္း ဆြမ္ဆီးအသင္းနဲ႔ပြဲစဥ္မွာ အျငင္းပြားဖြယ္လုပ္ရပ္ကို ျပဳလုပ္ခဲ့ပါတယ္။


လိုင္လီအသင္းကေန ယင္းျဖစ္ရပ္မတိုင္မီ ၆ လေလာက္ကမွ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဘယ္လ္ဂ်ီယံၾကယ္ပြင့္ဟာ ဆြမ္ဆီးနဲ႔ ကစားခဲ့တဲ့ လိဂ္ဖလားပြဲစဥ္အတြင္း ေဘာေကာက္ေကာင္ေလးကို ကန္ေက်ာက္ခဲ့တဲ့အတြက္ ဒိုင္လူႀကီး ခရစ္စ္ဖြိဳင္းရဲ႕ တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ဟာဇက္ဟာ ေဘာလုံးကို ခႏၶာကိုယ္နဲ႔ တက္ဖိထားတဲ့ ေဘာေကာက္ေကာင္ေလးဆီကေန ေဘာလုံးကို ရယူဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ဆယ္ေက်ာ္သက္ေကာင္ေလးကို ေျခေထာက္နဲ႔ ကန္ခဲ့တာျဖစ္ပါတယ္။

“ေကာင္ေလးက ေဘာလုံးကို သူ႔ခႏၶာကိုယ္တစ္ခုလုံးနဲ႔ အုပ္ထားၿပီး ကြၽန္ေတာ္က ေဘာလုံးကိုပဲ ကန္ဖို႔ ႀကိဳးစားခဲ့တာပါ”

“ကြၽန္ေတာ္ ေဘာလုံးကို ကန္ခဲ့တာလို႔ ထင္ပါတယ္။ ေကာင္ေလးကို မဟုတ္ပါဘူး။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္”လို႔ ဆြမ္ဆီးနဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။


ေဘာေကာက္ေကာင္ေလးရဲ႕နာမည္ကေတာ့ ခ်ာလီေမာ္ဂန္ျဖစ္ၿပီး သန္းႂကြယ္သူေဌးျဖစ္တဲ့ ဆြမ္ဆီးအသင္းဒါ႐ိုက္တာ မာတင္ေမာ္ဂန္ရဲ႕သားျဖစ္ပါတယ္။ ခ်ာလီေမာ္ဂန္ဟာ ယင္းျဖစ္စဥ္အၿပီးမွာ ဟာဇက္ကို တရားစြဲဆိုသြားမွာမဟုတ္ဘူးလို႔ တြစ္တာကေန အတည္ျပဳေျပာၾကားခဲ့ၿပီး ေဝးလ္ေတာင္ပိုင္းရဲတပ္ဖြဲ႕ကလည္း ခ်ယ္ဆီးေတာင္ပံကစားသမားကို အေရးယူမႈျပဳလုပ္သြားမွာမဟုတ္ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။


ေမာ္ဂန္ဟာ ဟာဇက္နဲ႔ ျဖစ္ပ်က္ခဲ့တဲ့ကိစၥေၾကာင့္ လူမႈကြန္ရက္မွာ ပရိသတ္ ၆၀၀ ကေန ၁၀ သိန္းအထိ ရရွိခဲ့ၿပီး သတင္းစာအမ်ားအျပားမွာလည္း ဇိမ္ခံအပန္းေျဖအားလပ္ရက္ခရီးထြက္ျခင္း၊ ကားအလန္းႀကီးေတြနဲ႔ လူေနမႈဘဝပုံစံေၾကာင့္ ေဖာ္ျပျခင္းခံေနရသူျဖစ္ပါတယ္။ ေမာ္ဂန္ရဲ႕ ရည္မွန္းခ်က္ကေတာ့ စီးပြားေရးလုပ္ငန္းကို စတင္ဖို႔ ျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ သူ႔ရဲ႕အိပ္မက္က အမွန္တကယ္အေကာင္အထည္ေပၚလာခဲ့တာျဖစ္ပါတယ္။


ခ်ာလီဟာ ၎ရဲ႕သူငယ္ခ်င္းျဖစ္တဲ့ ဂ်က္ဆင္ကြင္းနဲ႔အတူ ေစ်းကြက္ထဲကို တန္ဖိုးႀကီးေဗာ့ဒ္ကာေတြ ထုတ္လုပ္ေရာင္းခ်ၿပီး Au Vodka လို႔ အမည္ရတဲ့ ကုမၸဏီကို တည္ေထာင္ခဲ့ပါတယ္။

REF: GMS
PHOTOS CREDIT TO OWNERS
SPORTS A2Z.