Premier League

ပရီးမီးယားလိဂ် နောက်ဆုံးရသတင်းများနဲ့ အပြောင်းအရွှေ့သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ရီယို ဖာဒီနန်က တော့တင်ဟမ်ဟော့စပါးကွင်းလယ်လူ တွန်ဂီး အန်ဒွမ်ဘီလီဟာ ယခုရာသီမှာ ကစားကွင်းထဲက အကောင်းဆုံးကလေးလိုမျိုး ကစားနေတယ်လို့ ပြောကြားခဲ့ပြီး လူဘယ်နှယောက် လာကပ်ကပ် ဂရုမစိုက်ဘဲ ပြိုင်ဘက်တွေကို အလွယ်တကူ ဒုက္ခပေးနိုင်တဲ့ ပုံစံမျိုးနဲ့ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ချီးကျူးပြောကြားခဲ့။


-ယုံကြည်အားထားရတဲ့ သတင်းထောက် ဒေးဗစ်အော်စတိန်းက တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ဒယ်လီအလီဟာ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ပြောကြားခဲ့ပြီး အပြီးသတ်ပဲဖြစ်ဖြစ်၊ အငှားနဲ့ဖြစ်ဖြစ် အသင်းမှာ ဆက်မနေရဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ သိရ။


-အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက အက်စ်တွန်ဗီလာအသင်းက ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ နောက်ထပ်ထိုက်တန်တဲ့ ရမှတ်တစ်မှတ် ရယူနိုင်ခဲ့ပြီးနောက် နည်းပြဒင်းစမစ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ချီးကျူးခဲ့ပြီး ကစားသမားတွေ မောပန်းနွမ်းနယ်နေလို့ လူစားလဲလှယ်တာမျိုး မလုပ်ဘူးဆိုတဲ့စကားကို ထောက်ခံပြောကြားခဲ့။


-အဲဗာတန်အသင်းနည်းပြ အန်ဆယ်လော့တီက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့ပေမယ့် အသင်းကနေ ထွက်ခွာမယ့်ကစားသမားအချို့ရှိတယ်လို့ပြောကြားခဲ့ပြီး ဂျွန်ဂျိုးကန်နီ၊ ဖေဘီယန် ဒဲ့လ်ဖ်၊ ဘားနတ်၊ ဆန့်တိုဆန်တို့နဲ့ လမ်းခွဲဖွယ်ရှိနေ။


-ဝက်စ်ဘရွန်းအသင်းနည်းပြ ဆမ်အလာဒိုက်စ်က ကျိုးပေါက်နေတဲ့ လိဒ်စ်ယူနိုက်တက်နောက်တန်းကို ထိုးဖောက်ရတာက ထင်သလောက် မလွယ်ကူဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးပေါက်ခြိမ်းခြောက်ဖို့အတွက် စီစဉ်ထားတယ်လို့ သိရ။


-လက်စတာစီးတီးအသင်းဟာ အသင်းလူစာရင်းကို တိုးတက်စေနိုင်မယ့်ကစားသမားမျိုးကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အလုပ်လုပ်ဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာက ကစားသမားသစ်ရောက်လာမယ်လို့ မထင်ကြောင်း ပြောကြားခဲ့။


-နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်ဟာ အဓိကကစားသမားတွေဖြစ်တဲ့ ရိုင်ယန်ဖရေဆာ၊ လက်ဆဲလက်စ်တို့ ကာလတစ်ခုအထိ လွဲချော်မှာဖြစ်တာကြောင့် ဇန်နဝါရီလမှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေပြီး ငွေကြေးသုံးစွဲစရာလည်း အနည်းငယ်သာရှိတဲ့အတွက် အငှားနဲ့ပဲ ခေါ်ယူရဖွယ်ရှိတယ်လို့ သိရ။


-ဝုဗ်နောက်ခံကစားသမား ဆီမီဒိုက တော့တင်ဟမ်ဟော့စပါးနဲ့ သရေကျခဲ့တာက ကံဆိုးခဲ့တယ်လို့ ခံစားခဲ့ရပေမယ့် သရေတစ်မှတ်ကို ကောင်းမွန်တဲ့ရလဒ်အဖြစ် လက်ခံခဲ့ပြီး ယနေ့ညမှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲမှာ အကောင်းဆုံးကစားပြီး အနိုင်ရဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကစားသမား ရီယို ဖာဒီနန္က ေတာ့တင္ဟမ္ေဟာ့စပါးကြင္းလယ္လူ တြန္ဂီး အန္ဒြမ္ဘီလီဟာ ယခုရာသီမွာ ကစားကြင္းထဲက အေကာင္းဆုံးကေလးလိုမ်ဳိး ကစားေနတယ္လို႔ ေျပာၾကားခဲ့ၿပီး လူဘယ္ႏွေယာက္ လာကပ္ကပ္ ဂ႐ုမစိုက္ဘဲ ၿပိဳင္ဘက္ေတြကို အလြယ္တကူ ဒုကၡေပးႏုိင္တဲ့ ပုံစံမ်ဳိးနဲ႔ ေျခစြမ္းျပႏုိင္ခဲ့တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့။


-ယုံၾကည္အားထားရတဲ့ သတင္းေထာက္ ေဒးဗစ္ေအာ္စတိန္းက ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ဒယ္လီအလီဟာ ဇန္နဝါရီလမွာ အသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး အၿပီးသတ္ပဲျဖစ္ျဖစ္၊ အငွားနဲ႔ျဖစ္ျဖစ္ အသင္းမွာ ဆက္မေနရဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိတယ္လို႔ သိရ။


-အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး ဂယ္ရီလိုင္နီကာက အက္စ္တြန္ဗီလာအသင္းက ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္မွာ ေနာက္ထပ္ထိုက္တန္တဲ့ ရမွတ္တစ္မွတ္ ရယူနိုင္ခဲ့ၿပီးေနာက္ နည္းျပဒင္းစမစ္ရဲ့ စိတ္ပိုင္းဆိုင္ရာကို ခ်ီးက်ဴးခဲ့ၿပီး ကစားသမားေတြ ေမာပန္းႏြမ္းနယ္ေနလို႔ လူစားလဲလွယ္တာမ်ိဳး မလုပ္ဘူးဆိုတဲ့စကားကို ေထာက္ခံေျပာၾကားခဲ့။


-အဲဗာတန္အသင္းနည္းၿပ အန္ဆယ္ေလာ့တီက ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ႀကီးမားတဲ့ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္သြားမယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္သြားခဲ့ေပမယ့္ အသင္းကေန ထြက္ခြာမယ့္ကစားသမားအခ်ိဳ႕ရွိတယ္လို႔ေျပာၾကားခဲ့ၿပီး ဂၽြန္ဂ်ိဳးကန္နီ၊ ေဖဘီယန္ ဒဲ့လ္ဖ္၊ ဘားနတ္၊ ဆန႔္တိုဆန္တို႔နဲ႔ လမ္းခြဲဖြယ္ရွိေန။


-ဝက္စ္ဘရြန္းအသင္းနည္းၿပ ဆမ္အလာဒိုက္စ္က က်ိဳးေပါက္ေနတဲ့ လိဒ္စ္ယူနိုက္တက္ေနာက္တန္းကို ထိုးေဖာက္ရတာက ထင္သေလာက္ မလြယ္ကူဘူးလို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔အတြက္ စီစဥ္ထားတယ္လို႔ သိရ။


-လက္စတာစီးတီးအသင္းဟာ အသင္းလူစာရင္းကို တိုးတက္ေစနိုင္မယ့္ကစားသမားမ်ိဳးကို ဆက္လက္ေစာင့္ၾကည့္သြားမွာျဖစ္ေပမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အလုပ္လုပ္ဖို႔ ျဖစ္နိုင္ေျခနဲ႔ပတ္သက္ၿပီး နည္းၿပ ဘရန္ဒန္ေရာ္ဂ်ာက ကစားသမားသစ္ေရာက္လာမယ္လို႔ မထင္ေၾကာင္း ေျပာၾကားခဲ့။


-နယူးကာဆယ္နည္းၿပ စတိဗ္ဘ႐ုစ္ဟာ အဓိကကစားသမားေတြျဖစ္တဲ့ ရိုင္ယန္ဖေရဆာ၊ လက္ဆဲလက္စ္တို႔ ကာလတစ္ခုအထိ လြဲေခ်ာ္မွာျဖစ္တာေၾကာင့္ ဇန္နဝါရီလမွာ ကစားသမားသစ္ ေခၚယူဖို႔ လိုအပ္ေနၿပီး ေငြေၾကးသုံးစြဲစရာလည္း အနည္းငယ္သာရွိတဲ့အတြက္ အငွားနဲ႔ပဲ ေခၚယူရဖြယ္ရွိတယ္လို႔ သိရ။


-ဝုဗ္ေနာက္ခံကစားသမား ဆီမီဒိုက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ သေရက်ခဲ့တာက ကံဆိုးခဲ့တယ္လို႔ ခံစားခဲ့ရေပမယ့္ သေရတစ္မွတ္ကို ေကာင္းမြန္တဲ့ရလဒ္အျဖစ္ လက္ခံခဲ့ၿပီး ယေန႔ညမွာ ကစားမယ့္ ယူနိုက္တက္နဲ႔ပြဲမွာ အေကာင္းဆုံးကစားၿပီး အနိုင္ရဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.