Premier League

ဇန်နဝါရီမှာ သီယာဂို ဆေးဗားလက်သစ်ကို ခေါ်ယူခွင့်ရှိနေပြီး လီဗာပူးမဖြစ်မနေ ရောင်းထုတ်ရမယ့်ကစားသမား ၆ ဦး


-မာဆေးလ်အသင်းဥက္ကဌ ပါဘလိုလွန်ဂိုရီးယားက သီယာဂို ဆေးဗားလက်သစ်လို့ နာမည်ကြီးနေတဲ့ ဘူဘာကာကာမရာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး La Provence နဲ့ အင်တာဗျူးမှာ ၎င်းရဲ့အမြင်ကို မျှဝေခဲ့ပြီး လီဗာပူးနဲ့အာဆင်နယ်တို့က စိတ်ဝင်စားနေတဲ့ ကစားသမားကို ရောင်းချပြီး ဘဏ္ဍာရေးအခြေအနေကို ဟန်ချက်ညီအောင် ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့။


-လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် နယူးကာဆယ်နဲ့ပွဲစဉ်မှာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်ကို ပွဲထွက်ပါဝင်ကစားခွင့်ပေးသွားဖွယ်ရှိတယ်လို့ သိရပြီး ခံစစ်ပိုင်းမှာတော့ ဒဏ်ရာရခဲ့တဲ့ မာတစ်အစား ဝီလီယံကို ဖေဘင်ဟိုနဲ့ တွဲဖက်အသုံးပြုသွားမယ်လို့ သိရ။


-မိုက်ကယ်အိုဝင်က လီဗာပူးအသင်းနဲ့ နယူးကာဆယ်တို့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အတွက် ခန့်မှန်းခဲ့ပြီး ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ နယူးကာဆယ်အသင်းအိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိပြီး နောက်ထပ်အရေးကြီးတဲ့ ရမှတ် ၃ မှတ်ကို ရယူသွားနိုင်လိမ့်မယ်လို့ ပြောကြားခဲ့။


-လီဗာပူးနည်းပြကလော့ပ်ဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ မာတစ်အပေါ်မှာ အရမ်းကြီး မှီခိုလို့မရဘူးလို့ သတိပေးခြင်းခံခဲ့ရပြီး လက်ရှိအခြေအနေအရ ဇန်နဝါရီလမှာ ဗဟိုခံစစ်ကစားသမားကို မဖြစ်မနေ ခေါ်ယူရလိမ့်မယ်လို့ လီဗာပူးနောက်ခံကစားသမားဟောင်း စတီဖန်ဝါးနော့ခ်က ပြောကြားခဲ့။


-လီဗာပူးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့အတွက် အသင်းမှာရှိနေတဲ့ ကစားသမားအနည်းငယ်ကို ရောင်းထုတ်ရမှာဖြစ်ပြီး အေဒရီယန်၊ နတ်ဖိလစ်၊ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်၊ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်၊ ချာဒန် ရှာကျီရီ၊ ဒီဗော့ခ် အိုရီဂီတို့ကို ရောင်းထုတ်သင့်တယ်လို့ Daily Star က ဖော်ပြခဲ့။


-လီဗာပူးကွင်းလယ်ကြယ်ပွင့် ဗိုင်နယ်လ်ဒွမ်ဟာ ယခုအပတ်မှာ စာချုပ်သစ်ကမ်းလှမ်းမှုအပေါ်မှာ လီဗာပူးအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကို အဖြေပေးသွားမှာဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့။


-လီဗာပူးအသင်းဟာ လာမယ့်ဇန်နဝါရီလမှာ ရှော်ကေးနောက်ခံကစားသမား အိုဇန်ခဘတ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုမှာ အိုရီဂီနဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ empireofthekop က ဖော်ပြခဲ့။


-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ္စဆာဟာက ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်လို့ ယုံကြည်နေပေမယ့် မန်စီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ စပါးတို့လည်း ဆုဖလားစိန်ခေါ်နိုင်တဲ့အခွင့်အရေးရှိနေတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မာေဆးလ္အသင္းဥကၠဌ ပါဘလိုလြန္ဂိုရီးယားက သီယာဂို ေဆးဗားလက္သစ္လို႔ နာမည္ၾကီးေနတဲ့ ဘူဘာကာကာမရာရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး La Provence နဲ႔ အင္တာဗ်ဴးမွာ ၎ရဲ႕အျမင္ကို မွ်ေဝခဲ့ၿပီး လီဗာပူးနဲ႔အာဆင္နယ္တို႔က စိတ္ဝင္စားေနတဲ့ ကစားသမားကို ေရာင္းခ်ၿပီး ဘ႑ာေရးအေျခအေနကို ဟန္ခ်က္ညီေအာင္ ျပဳလုပ္သြားမယ္လို႔ ေျပာၾကားခဲ့။


-လီဗာပူးအသင္းနည္းၿပ ယာဂင္ကေလာ့ပ္ဟာ ဗုဒၶဟူးေန႔မွာ ကစားရမယ့္ နယူးကာဆယ္နဲ႔ပြဲစဥ္မွာ ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ေျခစြမ္းျပသနိုင္ခဲ့တဲ့ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ကို ပြဲထြက္ပါဝင္ကစားခြင့္ေပးသြားဖြယ္ရွိတယ္လို႔ သိရၿပီး ခံစစ္ပိုင္းမွာေတာ့ ဒဏ္ရာရခဲ့တဲ့ မာတစ္အစား ဝီလီယံကို ေဖဘင္ဟိုနဲ႔ တြဲဖက္အသုံးျပဳသြားမယ္လို႔ သိရ။


-မိုက္ကယ္အိုဝင္က လီဗာပူးအသင္းနဲ႔ နယူးကာဆယ္တို႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္အတြက္ ခန႔္မွန္းခဲ့ၿပီး ရလဒ္ဆိုးေတြနဲ႔ ၾကဳံေတြ႕ေနရတဲ့ နယူးကာဆယ္အသင္းအိမ္ကြင္းမွာ ၂-၁ နဲ႔ အနိုင္ရရွိၿပီး ေနာက္ထပ္အေရးႀကီးတဲ့ ရမွတ္ ၃ မွတ္ကို ရယူသြားနိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့။


-လီဗာပူးနည္းျပကေလာ့ပ္ဟာ ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ မာတစ္အေပၚမွာ အရမ္းႀကီး မွီခိုလို႔မရဘူးလို႔ သတိေပးျခင္းခံခဲ့ရၿပီး လက္ရွိအေျခအေနအရ ဇန္နဝါရီလမွာ ဗဟိုခံစစ္ကစားသမားကို မျဖစ္မေန ေခၚယူရလိမ့္မယ္လို႔ လီဗာပူးေနာက္ခံကစားသမားေဟာင္း စတီဖန္ဝါးေနာ့ခ္က ေျပာၾကားခဲ့။


-လီဗာပူးအသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ကစားသမားသစ္ေခၚယူဖို႔အတြက္ အသင္းမွာရွိေနတဲ့ ကစားသမားအနည္းငယ္ကို ေရာင္းထုတ္ရမွာျဖစ္ၿပီး ေအဒရီယန္၊ နတ္ဖိလစ္၊ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္၊ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္၊ ခ်ာဒန္ ရွာက်ီရီ၊ ဒီေဗာ့ခ္ အိုရီဂီတို႔ကို ေရာင္းထုတ္သင့္တယ္လို႔ Daily Star က ေဖာ္ျပခဲ့။


-လီဗာပူးကြင္းလယ္ၾကယ္ပြင့္ ဗိုင္နယ္လ္ဒြမ္ဟာ ယခုအပတ္မွာ စာခ်ဳပ္သစ္ကမ္းလွမ္းမႈအေပၚမွာ လီဗာပူးအသင္းထိပ္ပိုင္းတာဝန္ရွိသူေတြကို အေျဖေပးသြားမွာျဖစ္တယ္လို႔ Sky Sports က ေဖာ္ျပခဲ့။


-လီဗာပူးအသင္းဟာ လာမယ့္ဇန္နဝါရီလမွာ ေရွာ္ေကးေနာက္ခံကစားသမား အိုဇန္ခဘတ္ကို ေခၚယူဖို႔ ကမ္းလွမ္းမႈမွာ အိုရီဂီနဲ႔ အလဲအထပ္လုပ္ဖို႔ ကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ empireofthekop က ေဖာ္ျပခဲ့။


-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း လူးဝစၥဆာဟာက ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရရွိနိုင္တဲ့အသင္းတစ္သင္းျဖစ္တယ္လို႔ ယုံၾကည္ေနေပမယ့္ မန္စီးတီး၊ ယူနိုက္တက္၊ ခ်ဲလ္ဆီးနဲ႔ စပါးတို႔လည္း ဆုဖလားစိန္ေခၚနိုင္တဲ့အခြင့္အေရးရွိေနတယ္လို႔ ေျပာၾကားခဲ့။