Premier League

29 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရောက်ချ်က တီမိုဗာနာဟာ ဂိုးအရှေ့မှာ တကိုယ်ကောင်းဆန်လွန်းပြီး အသင်းကို နာကျင်အောင် ပြုလုပ်နေတယ်လို့ ပြစ်တင်ဝေဖန်ခဲ့။။


-အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန်ရိုက်က အက်စ်တွန်ဗီလာအသင်းကို ပြန်လည်ခွင့်ပြုခဲ့ရတဲ့ ချေပဂိုးမှာ လဲကျနေတဲ့ အန်းဒရိစ် ခရစ္စတင်ဆန်နဲ့ နောက်တန်းကို အချိန်မီလိုက်မဆင်းနိုင်ခဲ့တဲ့ အန်ဂိုလို ကွန်တေတို့ကို ပြစ်တင်ဝေဖန်ခဲ့။


-ချဲလ်ဆီးနည်းပြ လမ်းပတ်က ဂိုးဖန်တီးမှု၊ သွင်းဂိုးတွေနဲ့ အသင်းအတွက် အရမ်းအကျိုးသက်ရောက်မှုရှိတဲ့ ဟာကင်းမ် ဇီးယက်ရှ်အပေါ် အပြည့်အဝမှီခိုလို့ မရနိုင်ဘူးလို့ ပြောကြားခဲ့ပြီး မန်ချက်စတာစီးတီးနဲ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝနေဖို့ နီးစပ်နေတယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ အက်စ်တွန်ဗီလာနဲ့သရေကျခဲ့တဲ့ပွဲစဉ်က အိုဒွိုင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ကျေနပ်နေကြပြီး နည်းပြလမ်းပတ်ကတော့ ခရစ္စတီယန် ပူလီရှစ်ချ်က အမှန်တကယ်ထက်မြက်တဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့။


-ချဲလ်ဆီးနောက်ခံကစားသမား မားကို့စ်အလွန်ဆိုဟာ အင်စတာဂရမ်မှာ အသင်းကို ဝေဖန်ခဲ့ပြီးနောက်ပိုင်း အသင်းကနေ ထွက်ခွာဖို့က သေချာနေပြီလို့ Express က ဖော်ပြခဲ့။


-အက်စ်တွန်ဗီလာနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ရီးစ် ဂျိမ်းစ်က တံကောက်ကြောဒဏ်ရာ နည်းနည်းရရှိနေခဲ့လို့ လွဲချော်ခဲ့တာလို့ ပြောကြားခဲ့ပြီး ကတ်ဇူးမားကတော့ ပွဲကစားချိန်များလွန်းနေတာကြောင့် အနားပေးခဲ့တာဖြစ်တယ်လို့ ရှင်းလင်းခဲ့။


-ဂရေမီလီဆော့စ်က အိုလီဗီးယေး ဂျီရူးဟာ ချဲလ်ဆီးအသင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ရဲ့အလိုလိုသိစိတ်ရှိသူဖြစ်ပြီး နည်းပြလမ်းပတ်အတွက် ပဟေဠိဖြစ်လိမ့်မယ်လို့ ယုံကြည်နေ။


-ချဲလ်ဆီးဂန္တဝင်နောက်ခံကစားသမားဖြစ်တဲ့ အက်စ်တွန်ဗီလာလက်ထောက်နည်းပြ ဂျွန်တယ်ရီက ချဲလ်ဆီးအသင်းပေးခဲ့ရတဲ့ ချေပဂိုးမှာ ခရစ္စတင်ဆန်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး လဲကျနေရာကနေ ပြန်ထခဲ့သင့်တယ်လို့ ပြောကြားခဲ့။


-ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းမက်ကလတ်တန်ဘတ်က ခရစ္စတင်ဆန်နဲ့ ဂရီးလစ်ရှ်တို့ရဲ့ ဖြစ်စဉ်ကို VAR နဲ့ ဘာကြောင့် ပြန်လည်မကြည့်ရှုခဲ့တာလဲဆိုတာကို ရှင်းပြခဲ့ပြီး ဘောလုံးက ပင်နယ်တီဧရိယာထဲကို ရောက်ရှိသွားချိန်မှာ ရူဒီဂါက ရှင်းထုတ်လိုက်တာကြောင့် ပွဲကို ပြန်စသလိုဖြစ်ခဲ့တဲ့အတွက် VAR က ပြန်လည်စစ်ဆေးလို့ မရနိုင်တော့တာဖြစ်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရောက်ခ်ျက တီမိုဗာနာဟာ ဂိုးအရှေ့မှာ တကိုယ်ကောင်းဆန်လွန်းပြီး အသင်းကို နာကျင်အောင် ပြုလုပ်နေတယ်လို့ ပြစ်တင်ဝေဖန်ခဲ့။။






-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ အက်စ်တွန်ဗီလာနဲ့သရေကျခဲ့တဲ့ပွဲစဉ်က အိုဒွိုင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ကျေနပ်နေကြပြီး နည်းပြလမ်းပတ်ကတော့ ခရစ္စတီယန် ပူလီရှစ်ခ်ျက အမှန်တကယ်ထက်မြက်တဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့။











REF: INTERNET SOURCES
SPORTS A2Z.