Premier League

29 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-အတ္တလန္တာကြယ်ပွင့် အာမက်ဒီရယ်လိုဟာ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၃၇ သန်းနဲ့ မပြောင်းရွှေ့မီမှာ ဝတ်ဆင်လို့ရနိုင်တဲ့ ကျောနံပါတ် ၂ ခုထဲက တစ်ခုကို ရွေးချယ်နေပြီဖြစ်တယ်လို့ Express က ဖော်ပြခဲ့။


-ဂျူဗင်တပ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါ့ဂ်ဘာကို ခေါ်ယူမယ်ဆိုရင် အလဲအထပ်လုပ်ဖို့သာ ပိုပြီး စိတ်ဝင်စားတယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂါနေ့မှာ ဝုဗ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ အလားအလာအရှိဆုံးလူငယ်ကစားသမား ၅ ဦးကို ပထမအသင်းလူစာရင်းထဲကို ထည့်သွင်းခဲ့တယ်လို့ သိရပြီး ရှိုလာရှိုးတိုင်း၊ ပယ်လီစထရီ၊ အီသန်လိတ်၊ အန်သိုနီအီလန်ဂါ၊ ဝေလ်ဖစ်ရှ်တို့ဟာ တနင်္ဂနွေနေ့က စီနီယာလူစာရင်းနဲ့အတူ လေ့ကျင့်ခဲ့ကြ။


-အက်ဖ်အေဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်အတွင်း အဲဗာတန်နောက်ခံလူ မီနာကို ကာဗာနီ လည်မျိုညှစ်ခဲ့တာနဲ့ပတ်သက်ပြီး ဘာအရေးယူမှုမှ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ The Telegraph က ဖော်ပြခဲ့။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆန်ချိုကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ဖို့ အမှန်တကယ်နီးစပ်ခဲ့ပေမယ့် နောက်ဆုံးအဆင့်မှာ ပျက်သွားခဲ့တာဖြစ်ပြီး ယခုလာမယ့်နွေရာသီမှာလည်း အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေဆဲဖြစ်တယ်လို့ သိရ။


-မိုက်ကယ်အိုဝင်က ယနေ့ညမှာ ကစားရမယ့် ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိဖို့အတွက် လုံလောက်တဲ့ ယုံကြည်မှုမျိုးရှိတယ်လို့ ပြောကြားခဲ့ပြီး ၁-၀ နဲ့ အနိုင်ရသွားလိမ့်မယ်လိုု့ ခန့်မှန်းပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အိုးထရက်ဖို့ဒ်မှာ ကာဗာနီရဲ့အကျိုးသက်ရောက်မှုကြောင့် ဝမ်းမြောက်ပျော်ရွှင်နေပြီး ဝါရင့်တိုက်စစ်မှူးဟာ ထိပ်တန်းအဆင့်မှာ ကစားဖို့ နှစ်တွေအများကြီးကျန်ရှိနေသေးတယ်လို့ ယုံကြည်နေ။


-ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီဟာ လာမယ့်ဇန်နဝါရီလမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ဆန္ဒရှိနေတာကြောင့် ၎င်းရဲ့ ကိုယ်စားလှယ်တွေဟာ မန်ချက်စတာယူနိုက်တက်ကို ဆက်သွယ်ခဲ့ပြီး လာမယ့်လမှာ အငှားနဲ့ရော အပြီးသတ်ခေါ်ယူလို့ပါရတဲ့ အနေအထားမှာရှိနေတယ်လို့ Sport Witness က ဖော်ပြခဲ့။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:












-မိုက်ကယ်အိုဝင်က ယနေ့ညမှာ ကစားရမယ့် ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိဖို့အတွက် လုံလောက်တဲ့ ယုံကြည်မှုမျိုးရှိတယ်လို့ ပြောကြားခဲ့ပြီး ၁-၀ နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းပြောကြားခဲ့။





SPORTS A2Z.