Premier League Transfer News

29 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းမှာ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ပြန်လည်လေ့ကျင့်ခန်းဆင်းနေခဲ့ပြီး ထရိန်နင်မှာ မြင်တွေ့ခဲ့ရသလို ပါဝင်ကစားဖို့ ကိုတော့ ဘရိုက်တန်နဲ့ပွဲ မတိုင်ခင်မှာ ကြံ့ခိုင်မှု စစ်ဆေးချက်နဲ့ ထပ်မံအတည်ပြုသွားဖွယ်ရှိနေ။

– သောမတ် ပါတေးအနေနဲ့ အာဆင်နယ်အသင်းမှာ အသင်းဖော်ဟောင်း ဒီယေဂို ကော်စတာနဲ့ ပြန်လည်ဆုံတွေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ချဲလ်ဆီးကစားသမားဟောင်းတစ်ဦးအဖြစ် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အက်သလက်တီကိုရဲ့ ငြိုငြင်နိုင်မှုကို စောင့်ကြည့်ဖွယ်ရှိနေ။

– ဇန်နဝါရီမှာ သူ့ရဲ့ ကစားသမားအတွက် အပြောင်းအရွှေ့ကိစ္စ ဆောင်ရွက်ပေးနိုင်ဖို့ နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ အေးဂျင့် ဂျီဘရီလ် နီယန်းအနေနဲ့ လန်ဒန်ကို ရောက်ရှိနေပြီး အာဆင်နယ်တာဝန်ရှိသူတွေနဲ့ အဖြူအမည်းသဲကွဲအောင် ဆွေးနွေးသွားဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ နည်းပြ မီခယ်လ် အာတီတာအလိုရှိနေတဲ့ ဒေါ့မွန်ကွင်းလယ်ကစားသမား ဂျူလီယန် ဘရန့်ဒ်ကို ခေါ်ယူဖို့ အလွယ်တကူ ခွင့်ပြုသွားဖွယ်မရှိဘဲ ပိုလျှံကစားသမားတွေရဲ့ အသုံးစရိတ်ကို လျှော့ချနိုင်မှသာ ဘဏ္ဏာရေးအရ ခွင်ြ့ပုနိုင်ဖွယ်ရှိ။

– ကွင်းလယ်လူ မီဆွတ် အိုဇေးလ်နဲ့ ဆွေးနွေးနေခဲ့တယ်လို့ဆိုတဲ့ တူရကီကလပ် ဖီနာဘာချီအသင်းရဲ့ စိတ်ဝင်စားနေတဲ့ အာဆင်နယ် ကစားသမားက တစ်ဦးမကဘဲ အမ်းမရိကနေ အလွတ်နဲ့ ထွက်ခွာခွင့်ပေးထားတဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကိုလည်း ဆွေးနွေးနေပြီး အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေရှိနေတယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ကတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကုသမှုခံယူရတော့မှာဖြစ်ပြီး အနည်းဆုံးအနေနဲ့ ဘရိုက်တန်၊ ဝက်စ်ဘရွန်းတို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ကြောင်းသိရ။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ ဘာစီလိုနာက အလိုရှိနေတဲ့ လက်ထောက်အသင်းခေါင်းဆောင် ဟက်တာ ဘယ်လာရင်ကို ရောင်းချပြီး ချဲလ်ဆီးအကယ်ဒမီထွက် ဘရိုက်တန်နောက်ခံလူ တာရစ်ခ် လမ့်ပ်တေနဲ့ အစားထိုးသွားမယ်လို့ သတင်းထွက်လာ။

– နည်းပြ မီခယ်လ် အာတီတာက သူတို့ အာဆင်နယ်အသင်းအနေနဲ့ ဒီတစ်ပတ် ဆက်တိုက်ကစားရမယ့် ပွဲစဉ်တွေရဲ့ အဖွင့်ပွဲအဖြစ် ချဲလ်ဆီးနဲ့ပွဲမှ ရလဒ်ကောင်းခဲ့ပြီဖြစ်ပြီး လက်ကျန်နှစ်ပွဲဖြစ်တဲ့ ဘရိုက်တန်၊ ဝက်စ်ဘရွန်းတို့နဲ့ပွဲတွေမှာလည်း ရလဒ်ကောင်းဖို့ မျှော်လင့်။

– အသင်းအတွက် လိုအပ်နေခဲ့တဲ့ ကွင်းလယ်တိုက်စစ်တစ်နေရာအတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုကို ခေါ်ယူဖို့ အာဆင်နယ်တို့ အခြေအနေကောင်းနိုင်ပြီး ဒါနီ စီဘာယော့စ်နောက် ဒုတိယမြောက်ကစားသမားအဖြစ် စပိန်ကလပ်ဆီက အငှားနဲ့ ရယူနိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.