Premier League Transfer News

28 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်အသင်းဟာ အေးဂျင့်မိုင်နိုရွိင်အိုလာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်တဲ့ ဟာလန်းအစား နောက်ထပ်ရွေးချယ်စရာအဖြစ် အဲဗာတန်ကြယ်ပွင့်ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို ခေါ်ယူဖို့ အာရုံပြောင်းသွားဖွယ်ရှိတယ်လို့ Express က ဖော််ပြခဲ့။


-မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်လမှာ ဖီအိုရင်တီးနားနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပြီး စီးရီးအေအသင်းက ပေါင် ၃၅ သန်းဝန်းကျင်ရရှိမယ်ဆိုရင် ရောင်းချသွားချင်နေတယ်လို့ Calciomercato က ဖော်ပြခဲ့။


-မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်နောက်ခံကစားသမားကို ခေါ်ယူဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့ပြီး လက်ရှိမှာ ၎င်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားနိုင်ပေမယ့် လစာတောင်းဆိုမှုက မြင့်မားလွန်းတာကြောင့် လက်လျှော့လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း Caughtoffside က ဖော်ပြခဲ့။


-စပါးအသင်းနဲ့ ယူနိုက်တက်တို့ဟာ လာမယ့်လမှာ အင်တာမီလန်အသင်းက လျှော့စျေးနဲ့ထုတ်ရောင်းတော့မယ် ပါရီဆစ်ကို စိတ်ဝင်စားနေကြတယ်လို့ သိရပြီး ပေါင် ၁၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ Calciomercato က ဖော်ပြခဲ့။


-ယူနိုက်တက်ဂန္တဝင်ပေါလ်စခိုးလ်က နည်းပြဆိုးလ်ရှားကို နောက်ထပ်တစ်ကြိမ် လင်ဒီလော့ဖ်ကို ညာနောက်ခံနေရာမှာ ထပ်မကစားခိုင်းဖို့ တောင်းဆိုခဲ့ပြီး အိတ်ဇယ်လ် တွမ်ဇီဘီက ပိုကောင်းတဲ့ ရွေးချယ်စရာဖြစ်ခဲ့ပေမယ့် လင်ဒီလော့ဖ်ကို အသုံးပြုခဲ့တဲ့အတွက် ဟာဗေးဘန်းစ်ကို မထိန်းနိုင်ခဲ့တာဖြစ်။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ကာဗာနီအနေနဲ့ အချိန်ကာလတစ်ခုအထိ လူစားဝင်ကစားသမားအဖြစ် ရှိနေရလိမ့်မယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလိပ်ဘောလုံးနဲ့ အကျွမ်းတဝင်ဖြစ်ပြီး ယခုရာသီရဲ့တောင်းဆိုမှုအတိုင်း ကစားနိုင်ဖို့ အချိန်တစ်ခုထိ ဒီပုံစံအတိုင်း ဆက်ရှိနေမယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ လက်စတာစီးတီးနဲ့ပွဲမှာ တော်တော်လေးဆိုးရွားတဲ့ခြေစွမ်းပြသခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကို မပျော်မရွှင်ဖြစ်ခဲ့ကြပြီး နေရာမယူတတ်ခြင်း၊ ဘောလုံးထိန်းချုပ်နိုင်စွမ်းမရှိခြင်း၊အသင်းအတွက် ဘာမှမလုပ်ပေးနိုင်ခြင်း စတဲ့အချက်တွေကို ထောက်ပြပြီး ဘာမှတိုးတက်လာမှုမရှိဘူးလို့ ဝေဖန်ခဲ့ကြ။


-မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီခေါ်ယူမှုအဖြစ် မွိုက်စ်ကိုင်ဆဲဒိုးကို ခေါ်ယူသွားရမလားဆိုတာကို နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်တော့မယ်လို့ သိရပြီး အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာချင်နေတာကြောင့် ယူနိုက်တက်က အခြေအနေတွေကို ထိန်းချုပ်ထားနိုင်တယ်လို့ အီတလီဂျာနယ်လစ် ဖက်ဘရီဇီယိုရိုမာနိုက ပြောကြားခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေအးဂ်င့္မိုင္နိုရြိင္အိုလာေၾကာင့္ ေခၚယူဖို႔ ခက္ခဲနိုင္တဲ့ ဟာလန္းအစား ေနာက္ထပ္ေရြးခ်ယ္စရာအျဖစ္ အဲဗာတန္ၾကယ္ပြင့္ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို ေခၚယူဖို႔ အာ႐ုံေျပာင္းသြားဖြယ္ရွိတယ္လို႔ Express က ေဖာ္္ျပခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္လမွာ ဖီအိုရင္တီးနားေနာက္ခံကစားသမား နီကိုလာမီလန္ကိုဗစ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့အသင္းေတြထဲမွာ တစ္သင္းအပါအဝင္ျဖစ္ၿပီး စီးရီးေအအသင္းက ေပါင္ ၃၅ သန္းဝန္းက်င္ရရွိမယ္ဆိုရင္ ေရာင္းခ်သြားခ်င္ေနတယ္လို႔ Calciomercato က ေဖာ္ျပခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဟာ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ေနာက္ခံကစားသမားကို ေခၚယူဖို႔ သတင္းေတြအခိုင္အမာထြက္ေပၚေနခဲ့ၿပီး လက္ရွိမွာ ၎နဲ႔ ေဆြးေႏြးညႇိႏွိုင္းမႈေတြ ျပဳလုပ္သြားနိုင္ေပမယ့္ လစာေတာင္းဆိုမႈက ျမင့္မားလြန္းတာေၾကာင့္ လက္ေလၽွာ့လိုက္ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း Caughtoffside က ေဖာ္ျပခဲ့။


-စပါးအသင္းနဲ႔ ယူနိုက္တက္တို႔ဟာ လာမယ့္လမွာ အင္တာမီလန္အသင္းက ေလၽွာ့ေစ်းနဲ႔ထုတ္ေရာင္းေတာ့မယ္ ပါရီဆစ္ကို စိတ္ဝင္စားေနၾကတယ္လို႔ သိရၿပီး ေပါင္ ၁၅ သန္းဝန္းက်င္နဲ႔ ေခၚယူနိုင္မယ္လို႔ Calciomercato က ေဖာ္ျပခဲ့။


-ယူနိုက္တက္ဂႏၲဝင္ေပါလ္စခိုးလ္က နည္းျပဆိုးလ္ရွားကို ေနာက္ထပ္တစ္ႀကိမ္ လင္ဒီေလာ့ဖ္ကို ညာေနာက္ခံေနရာမွာ ထပ္မကစားခိုင္းဖို႔ ေတာင္းဆိုခဲ့ၿပီး အိတ္ဇယ္လ္ တြမ္ဇီဘီက ပိုေကာင္းတဲ့ ေရြးခ်ယ္စရာျဖစ္ခဲ့ေပမယ့္ လင္ဒီေလာ့ဖ္ကို အသုံးျပဳခဲ့တဲ့အတြက္ ဟာေဗးဘန္းစ္ကို မထိန္းနိုင္ခဲ့တာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ကာဗာနီအေနနဲ႔ အခ်ိန္ကာလတစ္ခုအထိ လူစားဝင္ကစားသမားအျဖစ္ ရွိေနရလိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး အဂၤလိပ္ေဘာလုံးနဲ႔ အကၽြမ္းတဝင္ျဖစ္ၿပီး ယခုရာသီရဲ့ေတာင္းဆိုမႈအတိုင္း ကစားနိုင္ဖို႔ အခ်ိန္တစ္ခုထိ ဒီပုံစံအတိုင္း ဆက္ရွိေနမယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ လက္စတာစီးတီးနဲ႔ပြဲမွာ ေတာ္ေတာ္ေလးဆိုးရြားတဲ့ေျခစြမ္းျပသခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းစ္ကို မေပ်ာ္မရႊင္ျဖစ္ခဲ့ၾကၿပီး ေနရာမယူတတ္ျခင္း၊ ေဘာလုံးထိန္းခ်ဳပ္နိုင္စြမ္းမရွိျခင္း၊အသင္းအတြက္ ဘာမွမလုပ္ေပးနိုင္ျခင္း စတဲ့အခ်က္ေတြကို ေထာက္ျပၿပီး ဘာမွတိုးတက္လာမႈမရွိဘူးလို႔ ေဝဖန္ခဲ့ၾက။


-မန္ခ်က္စတာယူနိုက္တက္ဟာ ဇန္နဝါရီေခၚယူမႈအျဖစ္ မြိဳက္စ္ကိုင္ဆဲဒိုးကို ေခၚယူသြားရမလားဆိုတာကို ေနာက္ဆုံးဆုံးျဖတ္ခ်က္ခ်မွတ္ေတာ့မယ္လို႔ သိရၿပီး အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕လာခ်င္ေနတာေၾကာင့္ ယူနိုက္တက္က အေျခအေနေတြကို ထိန္းခ်ဳပ္ထားနိုင္တယ္လို႔ အီတလီဂ်ာနယ္လစ္ ဖက္ဘရီဇီယိုရိုမာနိုက ေျပာၾကားခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.