Premier League

လိမ်တယ်ညာတယ်ဆာကာကြီးရယ် ယုံအောင်ဖြီးတတ်တယ်ဆိုတဲ့ ဂျက်ဂရီးလစ်ရှ်


အက်စ်တွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်က စနေနေ့ညက ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်က အံ့အားသင့်ဖွယ်သွင်းဂိုးကို တမင်ရည်ရွယ်ပြီးသွင်းယူခဲ့တယ်လို့ ပြောခဲ့တဲ့ ဆာကာရဲ့ ပြောကြားချက်ကို မယုံရေးချမယုံဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။


အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာက ချဲလ်ဆီးအသင်းကို ဘောက်ဆင်ဒေးမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လာကာဇက်နဲ့ ချာကာတို့က အဖွင့်ဂိုးနဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ညာတောင်ပံကနေ ဘောလုံးကို ဖြတ်တင်ပေးပို့ဖို့ ကြိုးစားခဲ့ပုံ သိသိသာသာပေါ်လွင်ခဲ့ပေမယ့် ဘောလုံးက ချဲလ်ဆီးဂိုးသမား မန်ဒီကို ကျော်ပြီး ဂိုးထောင့်ထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ဆာကာက ပွဲအပြီးမှာ ‘သူ ဂိုးစည်းအပြင်ဘက်ထွက်နေတာ တွေ့ခဲ့ပါတယ်’လို့ တွစ်တာမှာ ရေးသားခဲ့ပြီး Sky Sports ရဲ့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာလည်း ‘ဟုတ်တာပေါ့ ကိုယ်လူရဲ့။ သူ ဂိုးစည်းအပြင်ထွက်နေခဲ့တာလေ’လို့ တစ်လေသံတည်း ပြောကြားခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့်လည်း အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ကတော့ အင်္ဂလန်အသင်းဖော်ရဲ့ ပြောကြားချက်ကို မယုံရေးချမယုံဖြစ်ခဲ့ပုံရပြီး ဆာကာရဲ့ တွစ်တာပို့စ်ကို ‘မင်းတော်တော်ရယ်ရတဲ့ကောင်။ လူလိမ်’လို့ ရေးသားပြီး မျှဝေခဲ့ပါတယ်။ ဆာကာအနေနဲ့ ဂိုးသွင်းဖို့ ရည်ရွယ်ခဲ့သည်ဖြစ်စေ၊ မရည်ရွယ်ခဲ့သည်ဖြစ်စေ အာဆင်နယ်အသင်းရဲ့ လန်ဒန်ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ထူးခြားဆန်းကြယ်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာတော့ အသေအချာပဲဖြစ်ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အက္စ္တြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္က စေနေန႔ညက ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္က အံ့အားသင့္ဖြယ္သြင္းဂိုးကို တမင္ရည္ရြယ္ၿပီးသြင္းယူခဲ့တယ္လို႔ ေျပာခဲ့တဲ့ ဆာကာရဲ့ ေျပာၾကားခ်က္ကို မယုံေရးခ်မယုံဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။


အာဆင္နယ္လူငယ္ၾကယ္ပြင့္ ဆာကာက ခ်ဲလ္ဆီးအသင္းကို ေဘာက္ဆင္ေဒးမွာ ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း တတိယေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး လာကာဇက္နဲ႔ ခ်ာကာတို႔က အဖြင့္ဂိုးနဲ႔ ဒုတိယေျမာက္ဦးေဆာင္ဂိုးေတြကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။


အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ ညာေတာင္ပံကေန ေဘာလုံးကို ျဖတ္တင္ေပးပို႔ဖို႔ ႀကိဳးစားခဲ့ပုံ သိသိသာသာေပၚလြင္ခဲ့ေပမယ့္ ေဘာလုံးက ခ်ဲလ္ဆီးဂိုးသမား မန္ဒီကို ေက်ာ္ၿပီး ဂိုးေထာင့္ထဲကို တန္းဝင္သြားခဲ့တာျဖစ္ပါတယ္။ ဆာကာက ပြဲအၿပီးမွာ ‘သူ ဂိုးစည္းအျပင္ဘက္ထြက္ေနတာ ေတြ႕ခဲ့ပါတယ္’လို႔ တြစ္တာမွာ ေရးသားခဲ့ၿပီး Sky Sports ရဲ့ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာလည္း ‘ဟုတ္တာေပါ့ ကိုယ္လူရဲ့။ သူ ဂိုးစည္းအျပင္ထြက္ေနခဲ့တာေလ’လို႔ တစ္ေလသံတည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။


ဒါေပမယ့္လည္း အက္စ္တြန္ဗီလာၾကယ္ပြင့္ ဂ်က္ဂရီးလစ္ရွ္ကေတာ့ အဂၤလန္အသင္းေဖာ္ရဲ့ ေျပာၾကားခ်က္ကို မယုံေရးခ်မယုံျဖစ္ခဲ့ပုံရၿပီး ဆာကာရဲ့ တြစ္တာပို႔စ္ကို ‘မင္းေတာ္ေတာ္ရယ္ရတဲ့ေကာင္။ လူလိမ္’လို႔ ေရးသားၿပီး မၽွေဝခဲ့ပါတယ္။ ဆာကာအေနနဲ႔ ဂိုးသြင္းဖို႔ ရည္ရြယ္ခဲ့သည္ျဖစ္ေစ၊ မရည္ရြယ္ခဲ့သည္ျဖစ္ေစ အာဆင္နယ္အသင္းရဲ့ လန္ဒန္ၿပိဳင္ဘက္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ ထူးျခားဆန္းၾကယ္တဲ့စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့တာေတာ့ အေသအခ်ာပဲျဖစ္ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.