Premier League

ဝိန်းရွန်နီနဲ့ ရော်နယ်ဒိုတို့ရဲ့ခြေရာကို လိုက်နင်းပြီး စံချိန်သစ်တင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်


မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးအသင်းတို့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။


အသက် ၂၃ နှစ်နဲ့ ၅၆ ရက်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဝိန်းရွန်နီ(၂၂ နှစ်နဲ့ ၁၅၇ ရက်)၊ ခရစ္စတီယာနိုရော်နယ်ဒို(၂၂ နှစ်နဲ့ ၃၄၁ ရက်)တို့ပြီးနောက် မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ တတိယမြောက်အငယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ဂိုးတွေ ဦးအောင်သွင်းယူနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းအားနည်းမှုကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် သရေတစ်မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ မြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ပွဲအပြီးမှာ ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။


“ကစားသမားအဖြစ်ရော၊ လူပုဂ္ဂိုလ်အနေနဲ့ပါ သူက လုံးဝကို ထက်မြက်တဲ့သူဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ သူက အမြဲတမ်းခြိမ်းခြောက်နိုင်ခဲ့ပြီး ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်။ သူကလည်း တခြားသူတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးခဲ့တယ်။ အဲဒီတော့ ကျွန်တော် မားကပ်စ်နဲ့ပတ်သက်ပြီး အရမ်းစိတ်ကျေနပ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္နဲ႔ လက္စတာစီးတီးအသင္းတို႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ မန္ခ်က္စတာယူနိုက္တက္အတြက္ ပရီးမီးယားလိဂ္သြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။


အသက္ ၂၃ ႏွစ္နဲ႔ ၅၆ ရက္အရြယ္ရွိၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ဝိန္းရြန္နီ(၂၂ ႏွစ္နဲ႔ ၁၅၇ ရက္)၊ ခရစၥတီယာနိုေရာ္နယ္ဒို(၂၂ ႏွစ္နဲ႔ ၃၄၁ ရက္)တို႔ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္အတြက္ ပရီးမီးယားလိဂ္သြင္းဂိုး ၅၀ ျပည့္ေျမာက္တဲ့ တတိယေျမာက္အငယ္ဆုံးဂိုးသြင္းရွင္ျဖစ္လာခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္စတာစီးတီးအသင္းနဲ႔ပြဲစဥ္မွာ ဂိုးေတြ ဦးေအာင္သြင္းယူနိုင္ခဲ့ေပမယ့္ ခံစစ္ပိုင္းအားနည္းမႈေၾကာင့္ ေခ်ပဂိုးေတြ ျပန္ေပးခဲ့ရၿပီးေနာက္ သေရတစ္မွတ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး ၅၀ ေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး မားကပ္စ္ရက္ရွ္ဖို႔ဒ္ကို ပြဲအၿပီးမွာ ခ်ီးက်ဴးစကားေျပာၾကားသြားခဲ့ပါတယ္။


“ကစားသမားအျဖစ္ေရာ၊ လူပုဂၢိဳလ္အေနနဲ႔ပါ သူက လုံးဝကို ထက္ျမက္တဲ့သူျဖစ္ခဲ့ပါတယ္။ ဒီေန႔မွာ သူက အျမဲတမ္းၿခိမ္းေျခာက္နိုင္ခဲ့ၿပီး ကၽြန္ေတာ္တို႔ အခြင့္အေရးေတြဖန္တီးနိုင္ခဲ့တယ္။ သူကလည္း တျခားသူေတြအတြက္ အခြင့္အေရးေတြ ဖန္တီးေပးခဲ့တယ္။ အဲဒီေတာ့ ကၽြန္ေတာ္ မားကပ္စ္နဲ႔ပတ္သက္ၿပီး အရမ္းစိတ္ေက်နပ္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.