Premier League Transfer News

နာမည်ကြီးကစားသမားထွက်ပြီး ကစားသမားသစ် ၂ ဦး ရောက်ရှိလာဖွယ်ရှိနေတဲ့ လီဗာပူးလ်


လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလားဟာ ပြီးခဲ့တဲ့အပတ်က ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကို ပြောင်းရွှေ့ဖို့သတင်းတွေ ငြင်းပယ်ခဲ့ခြင်းမရှိတာကြောင့် လီဗာပူးလ်အသင်းဟာ အီဂျစ်တိုက်စစ်မှူးရဲ့ အနာဂတ်ကို ပြန်လည်အကဲခတ်နေပြီလို့ သိပါတယ်။ မိုဟာမက်ဆာလားက ယခုလအစောပိုင်းမှာ အန်းဖီးကနေ ထွက်ခွာဖို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ တံခါးဖွင့်ခဲ့တဲ့အချိန်မှာ လီဗာပူးအသင်းမှာရှိသမျှလူအားလုံး အံ့အားသင့်ခဲ့ကြတာဖြစ်ပြီး နည်းပြကလော့ပ်ကတော့ ဆာလားရဲ့အပြောင်းအရွှေ့ကို အရေးမကြီးဟန်နဲ့ ပြောကြားခဲ့ပါတယ်။

“မိုက မေးခွန်းကို ဖြေခဲ့တဲ့အချိန်မှာ ဒီလိုအသင်းတွေက စိတ်ဝင်စားစရာကောင်းတဲ့အတွက် သူ အဲဒါကို မငြင်းပယ်ခဲ့တာပါ”

“ကမ္ဘာပေါ်မှာ ရှိသမျှ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်အတွက် ကစားပေးနေတာမဟုတ်တဲ့ ကစားသမားတိုင်းကို ခင်ဗျား ‘တစ်နေ့နေ့ ဒီမှာကစားဖို့ စိတ်ကူးထားလား’လို့ မေးရင် ‘ဟင့်အင်း၊ စပိန်က ကျွန်တော်ကစားချင်တဲ့နေရာမဟုတ်ဘူး’လို့ သူ က ပြောရမှာလား။ ဘာကြောင့် သူက အဲဒီလိုပြောရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။


တူရကီနောက်ခံကစားသမား အိုဇန်ခဘတ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အန်းဖီးကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ The Mail က ဖော်ပြခဲ့ပြီး လီဗာပူးလ်အသင်းဟာ အသက် ၂၀ အရွယ် ရှော်ကေးနောက်ခံကစားသမားကို ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့ လိုဗ်ရန်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှုမပြုလုပ်ခဲ့တဲ့အတွက် ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတဲ့အချိန်မှာ ဗဟိုခံစစ်မှာ အားနည်းသွားခဲ့ပြီး ဖာဘင်ညိုနဲ့ ဟန်ဒါဆင်တို့က ခံစစ်ကို ဆင်းကူနေရတာဖြစ်ပါတယ်။


လီဗာပူးလ်အသင်းဟာ နောက်ထပ် ကစားသမားခေါ်ယူမှုအဖြစ် အသင်းပေါင်းများစွာ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့် ဖိုလာရင်ဘာလိုဂန်ကို ခေါ်ယူပစ်မှတ်ထားနေတယ်လို့ သိရပြီး လူငယ်တိုက်စစ်မှူဟာ အာဆင်နယ်ရဲ့အတောက်ပဆုံးလူငယ်ပါရမီရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့် ဘာလိုဂန်ရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အမ်းမရိတ်စ်က ၎င်းရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီး အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း သဘောတူညီမှု ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

ဘာလိုဂန်ဟာ အာဆင်နယ်မှာ ဆက်နေချင်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားထားခဲ့ပေမယ့် အခြေအနေက ဒီတိုင်းဆက်သွားနေမယ်ဆိုရင် အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းဖို့ ပိုဖြစ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ဆာလားဟာ ၿပီးခဲ့တဲ့အပတ္က ရီးရဲမက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ကို ေျပာင္းေရႊ႕ဖို႔သတင္းေတြ ျငင္းပယ္ခဲ့ျခင္းမရွိတာေၾကာင့္ လီဗာပူးလ္အသင္းဟာ အီဂ်စ္တိုက္စစ္မႉးရဲ့ အနာဂတ္ကို ျပန္လည္အကဲခတ္ေနၿပီလို႔ သိပါတယ္။ မိုဟာမက္ဆာလားက ယခုလအေစာပိုင္းမွာ အန္းဖီးကေန ထြက္ခြာဖို႔ ျဖစ္နိုင္ဖြယ္ရွိတယ္လို႔ တံခါးဖြင့္ခဲ့တဲ့အခ်ိန္မွာ လီဗာပူးအသင္းမွာရွိသမၽွလူအားလုံး အံ့အားသင့္ခဲ့ၾကတာျဖစ္ၿပီး နည္းျပကေလာ့ပ္ကေတာ့ ဆာလားရဲ့အေျပာင္းအေရႊ႕ကို အေရးမႀကီးဟန္နဲ႔ ေျပာၾကားခဲ့ပါတယ္။

“မိုက ေမးခြန္းကို ေျဖခဲ့တဲ့အခ်ိန္မွာ ဒီလိုအသင္းေတြက စိတ္ဝင္စားစရာေကာင္းတဲ့အတြက္ သူ အဲဒါကို မျငင္းပယ္ခဲ့တာပါ”

“ကမၻာေပၚမွာ ရွိသမၽွ ဘာစီလိုနာနဲ႔ ရီးရဲမက္ဒရစ္အတြက္ ကစားေပးေနတာမဟုတ္တဲ့ ကစားသမားတိုင္းကို ခင္ဗ်ား ‘တစ္ေန႔ေန႔ ဒီမွာကစားဖို႔ စိတ္ကူးထားလား’လို႔ ေမးရင္ ‘ဟင့္အင္း၊ စပိန္က ကၽြန္ေတာ္ကစားခ်င္တဲ့ေနရာမဟုတ္ဘူး’လို႔ သူ က ေျပာရမွာလား။ ဘာေၾကာင့္ သူက အဲဒီလိုေျပာရမွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။


တူရကီေနာက္ခံကစားသမား အိုဇန္ခဘတ္ဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အန္းဖီးကို အၿပီးသတ္ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ The Mail က ေဖာ္ျပခဲ့ၿပီး လီဗာပူးလ္အသင္းဟာ အသက္ ၂၀ အရြယ္ ေရွာ္ေကးေနာက္ခံကစားသမားကို ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ ေခၚယူနိုင္မွာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကေန ထြက္ခြာခြင့္ျပဳခဲ့တဲ့ လိုဗ္ရန္ရဲ့ေနရာမွာ အစားထိုးေခၚယူမႈမျပဳလုပ္ခဲ့တဲ့အတြက္ ဗန္ဒိုက္နဲ႔ ဂိုးမက္ဇ္တို႔ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရတဲ့အခ်ိန္မွာ ဗဟိုခံစစ္မွာ အားနည္းသြားခဲ့ၿပီး ဖာဘင္ညိဳနဲ႔ ဟန္ဒါဆင္တို႔က ခံစစ္ကို ဆင္းကူေနရတာျဖစ္ပါတယ္။


လီဗာပူးလ္အသင္းဟာ ေနာက္ထပ္ ကစားသမားေခၚယူမႈအျဖစ္ အသင္းေပါင္းမ်ားစြာ ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ အာဆင္နယ္လူငယ္ၾကယ္ပြင့္ ဖိုလာရင္ဘာလိုဂန္ကို ေခၚယူပစ္မွတ္ထားေနတယ္လို႔ သိရၿပီး လူငယ္တိုက္စစ္မႉဟာ အာဆင္နယ္ရဲ့အေတာက္ပဆုံးလူငယ္ပါရမီရွင္ေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။ ဒါေပမယ့္ ဘာလိုဂန္ရဲ့စာခ်ဳပ္သက္တမ္းက ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အမ္းမရိတ္စ္က ၎ရဲ့ အနာဂတ္ဟာ မေရမရာျဖစ္ေနၿပီး အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔လည္း သေဘာတူညီမႈ ရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။

ဘာလိုဂန္ဟာ အာဆင္နယ္မွာ ဆက္ေနခ်င္ေၾကာင္း ရွင္းရွင္းလင္းလင္းေျပာၾကားထားခဲ့ေပမယ့္ အေျခအေနက ဒီတိုင္းဆက္သြားေနမယ္ဆိုရင္ အမ္းမရိတ္စ္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းေကာင္း ႀကိဳးပမ္းဖို႔ ပိုျဖစ္နိုင္ေျခရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.