Premier League

27 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အာဆင်နယ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရုန်းကန်နေခဲ့ရတဲ့ တီမိုဝါနာကို အနားယူဖို့ လို၊ မလို ဆွေးနွေးခဲ့တယ်လို့ သိရပြီး ပွဲကို အကျိုးသက်ရောက်မှုမရှိတာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်။


-ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က အာဆင်နယ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်အတွက် ကစားသမားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်ကြဖို့ ပြောကြားခဲ့ပြီး ဒုတိယနေရာကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့အတွက် ဒေါသထွက်နေတယ်လို့ ဝန်ခံခဲ့။


-ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား အက်ဇ်ပလီကွေတာဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း မပျော်မရွှင်ဖြစ်နေခဲ့ပြီး အာဆင်နယ်ကစားသမားတွေရဲ့လုပ်ရပ်ကို ပွဲကြည့်စင်ကနေ ဒေါသတကြီးနဲ့ “နောက်ထပ်တစ်ယောက် လှဲချနေပြန်ပြီ”လို့ ဒေါသတကြီးအော်ဟစ်နေခဲ့။


-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲမရရှိခဲ့တဲ့ အာဆင်နယ်လိုအသင်းမျိုးကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ကြပြီး အသင်းရဲ့စွမ်းဆောင်ရည်ကို တွစ်တာလူမှုကွန်ရက်မှာ အပြင်းအထန်ဝေဖန်နေကြ။


-နည်းပြဖရန့်လမ်းပတ်ဟာ လာမယ့်တနင်္လာနေ့မှာ အက်စ်တွန်ဗီလာနဲ့ ကစားရမယ့် ပွဲစဉ်မှာ ကယ်လမ်ဟဒ်ဆန်-အိုဒွိုင်းကို ပွဲထွက်ပါဝင်ကစားရမယ်လို့ အာဆင်နယ်နဲ့ပွဲအပြီး Chelsea တီဗွီနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြလမ်းပတ်က အာဆင်နယ်နဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂျော်ဂျင်ညိုရဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပြီး ပင်နယ်တီကန်သွင်းရမယ့်တာဝန်နဲ့ပတ်သက်ပြီး ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးအသင်းဂိုးသမား ဝီလီ ကာဘယ်လာရိုဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပွဲကစားချိန်ကင်းမဲ့မှုကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ Football.london က ဖော်ပြခဲ့။


-အလန်ရှီးယားရားက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ်အသင်းဟာ ချဲလ်ဆီးကို အရမ်းကို သာမန်အသင်းနဲ့ တူသွားအောင်ကို လုပ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ခ်ဲလ္ဆီးနည္းၿပ လမ္းပတ္ဟာ အာဆင္နယ္အသင္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ႐ုန္းကန္ေနခဲ့ရတဲ့ တီမိုဝါနာကို အနားယူဖို႔ လို၊ မလို ေဆြးေႏြးခဲ့တယ္လို႔ သိရၿပီး ပြဲကို အက်ိဳးသက္ေရာက္မႈမရွိတာေၾကာင့္ ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ျခင္းခံခဲ့ရသူျဖစ္။


-ခ်ဲလ္ဆီးနည္းျပဖရန႔္လမ္းပတ္က အာဆင္နယ္အသင္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က စြမ္းေဆာင္ရည္အတြက္ ကစားသမားေတြကို တာဝန္ယူမႈ၊ တာဝန္ခံမႈ ျပဳလုပ္ၾကဖို႔ ေျပာၾကားခဲ့ၿပီး ဒုတိယေနရာကို တက္ေရာက္နိုင္မယ့္ အခြင့္အေရးကို အသုံးမခ်နိုင္ခဲ့တဲ့အတြက္ ေဒါသထြက္ေနတယ္လို႔ ဝန္ခံခဲ့။


-ခ်ဲလ္ဆီးဝါရင့္ေနာက္ခံကစားသမား အက္ဇ္ပလီေကြတာဟာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း မေပ်ာ္မရႊင္ျဖစ္ေနခဲ့ၿပီး အာဆင္နယ္ကစားသမားေတြရဲ့လုပ္ရပ္ကို ပြဲၾကည့္စင္ကေန ေဒါသတႀကီးနဲ႔ “ေနာက္ထပ္တစ္ေယာက္ လွဲခ်ေနျပန္ၿပီ”လို႔ ေဒါသတႀကီးေအာ္ဟစ္ေနခဲ့။


-ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ ေနာက္ဆုံး ၇ ပြဲမွာ နိုင္ပြဲမရရွိခဲ့တဲ့ အာဆင္နယ္လိုအသင္းမ်ိဳးကို ရႈံးနိမ့္ခဲ့တဲ့အတြက္ ေဒါသထြက္ခဲ့ၾကၿပီး အသင္းရဲ့စြမ္းေဆာင္ရည္ကို တြစ္တာလူမႈကြန္ရက္မွာ အျပင္းအထန္ေဝဖန္ေနၾက။


-နည္းျပဖရန႔္လမ္းပတ္ဟာ လာမယ့္တနလၤာေန႔မွာ အက္စ္တြန္ဗီလာနဲ႔ ကစားရမယ့္ ပြဲစဥ္မွာ ကယ္လမ္ဟဒ္ဆန္-အိုဒြိဳင္းကို ပြဲထြက္ပါဝင္ကစားရမယ္လို႔ အာဆင္နယ္နဲ႔ပြဲအၿပီး Chelsea တီဗြီနဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနည္းျပလမ္းပတ္က အာဆင္နယ္နဲ႔ပြဲစဥ္မွာ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳရဲ့ ဒုတိယပိုင္းစြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး ပင္နယ္တီကန္သြင္းရမယ့္တာဝန္နဲ႔ပတ္သက္ၿပီး ေျဖရွင္းသြားမယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအသင္းဂိုးသမား ဝီလီ ကာဘယ္လာရိုဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ပြဲကစားခ်ိန္ကင္းမဲ့မႈေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေမဂ်ာလိဂ္ကို ေျပာင္းေရႊ႕ဖို႔ ႀကိဳးပမ္းသြားလိမ့္မယ္လို႔ Football.london က ေဖာ္ျပခဲ့။


-အလန္ရွီးယားရားက အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးကို အရမ္းကို သာမန္အသင္းနဲ႔ တူသြားေအာင္ကို လုပ္နိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.