Match Report Premier League

အာဆင်နယ် 3-1 ချဲလ်ဆီး ပွဲအပြီး မှတ်မှတ်သားသား မြင်တွေ့ခဲ့ရတဲ့ အချက် ၇ ချက်

အာဆင်နယ်တို့ Gravity ပြင်ပကို ရောက်ရှိချိန် – အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရလဒ်ဆိုးတွေရဲ့ ဆွဲငင်အားကို ဆန့်ကျင်ရုန်းထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အသင်းမှာ ပုံသေလမ်းဆုံးနေပြီး အလုပ်မဖြစ်တဲ့ Deadwood တွေနေရာမှာ လူငယ်သွေးသစ်တွေကို သုံးစွဲခဲ့ပြီး ပိုမိုအင်အားကြီးတဲ့ ပြိုင်ဘက် ချဲလ်ဆီးကို အလဲထိုးသွားနိုင်ခဲ့တာပါ။

စိန်ခေါ်သူလား… မဟုတ်သေးဘူး – ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သူလားလို့ မေးရင်တော့ မဟုတ်သေးဘူးလို့ပဲ ဖြေရမှာဖြစ်ပြီး မိုင်တွေ ကွာဝေးနေသေးတယ်လို့ပဲ ပြောရမှာပါ။ နည်းပြ ဖရန့် လမ်းပတ်ရဲ့ အတွေးအခေါ်တွေက ပရိသတ်တွေ လက်ခံနိုင်ဖို့ ခက်ခဲနေပြီး ဒုတိယပိုင်းမှာ စောစောစီးစီး လူစားလဲမှုတွေကလည်း ပရိသတ်မကြိုက်တဲ့ ပုံစံတွေပဲဖြစ်ခဲ့သလို အသင်းကို ချန်ပီယံဆုယူပေးခဲ့တဲ့ မော်ရင်ညို၊ ကွန်တီတို့နဲ့တော့ ဘာမှမဆိုင်သေးတာလည်းဖြစ်ပါတယ်။

ကလေးတွေနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ – ဒီစကားကို ဆာအဲလက်စ် ဖာဂူဆန်လက်ထက်က မန်ချက်စတာယူနိုက်တက်ကို ဝေဖန်မှုမှာ စတင်ကြားဖူးခဲ့တာပါ။ ဒီလူငယ်တွေဖြစ်တဲ့ Class of 92 ဘာလုပ်သွားခဲ့တယ်ဆိုတာ အားလုံးသိပါတယ်။ လက်ရှိ အာဆင်နယ်အသင်းမှာလည်း ဒီလိုမျိုး လူငယ်တွေက လုပ်ပြနိုင်မလားဆိုတာ ချဲလ်ဆီးအသင်းအပေါ် နိုင်ပွဲက မျှော်လင့်ချက်ရောင်ခြည်တွေ သန်းစေခဲ့ပါတယ်။

၁၀ ပွဲဆက် မှတ်တမ်းဆိုးနဲ့ တီမို – နည်းပြ ဖရန့် လမ်းပတ်ရဲ့ နေရာချထားမှုအရ သူ့ရဲ့ စိတ်ကြိုက်ပုံစံ ကစားခွင့်မရှိဘဲ တောင်ပံလိုလို တိုက်စစ်လိုလိုဖြစ်နေတဲ့ ဂျာမန်လက်ရွေးစင်ကတော့ ဒီနေ့ပွဲမှာ ၁၀ ပွဲဆက် ဂိုးပေါက်ပျောက်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တီမို ဗာနာရဲ့ ကစားသမားဘဝမှာ ဒါက အဆိုးရွားဆုံးတော့ မဟုတ်သေးဘဲ စတုဂတ်နဲ့ RB လိုက်ပ်ဇစ်အသင်းတွေမှာ ဒီထက်ဆိုးတဲ့ ၁၂ ပွဲဆက်မှတ်တမ်းကို ပိုင်ဆိုင်ဖူးတာကြောင့် ဒါကို စံချိန်မချိုးဖို့တော့ မျှော်လင့်ရပါတယ်။

အူဘာမီယန်း အရန်ခုံထိုင်ပေမယ့် အလုပ်ဖြစ်ဆဲ – အာဆင်နယ်နည်းပြ အာတီတာကတော့ ခြေသလုံးဒဏ်ရာရှိနေတယ်ဆိုတဲ့ အူဘာမီယန်းကို အရန်ခုံထိုင်ခိုင်းပြီး မာတီနယ်လီကို ရဲရဲဝံ့ဝံ့ ပွဲထုတ်လာခဲ့ပါတယ်။ ဆာကာကို ညာခြမ်းမှာ ထားခဲ့တာက ပိုမိုထိရောက်ပြီး ဂါဘွန်သား မပါပေမယ့်လည်း လူငယ်တွေက ဂိုးပေါက်တွေကို အလွယ်တကူ ရှာဖွေပေးခဲ့ရာမှာ ဝါရင့်တွေဖြစ်တဲ့ ချာကာနဲ့ လာကာဇက်တို့က သွင်းယူခဲ့ကြရုံပါပဲ။

ဖိအားဒဏ်ခံနိုင်ဖို့ ကြိုးစားရဦးမယ့် အာဆင်နယ်ခံစစ် – အာဆင်နယ်ခံစစ်ကတော့ ဒီနေ့ပွဲမှာ ဟုတ်သလိုလို ရှိခဲ့ပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီး အချိန်တွေမှာ ကွင်းလယ်အားလျော့ချိန်နဲ့ ချဲလ်ဆီးဘက်က ဖိတိုက်ချိန်တွေမှာ ပျက်ပြားခဲ့ပြီး အေဘရာဟမ်ရဲ့ ဂိုးမှာ စုစည်းမှု အားနည်းခဲ့သလို ပါဘလို မာရီကလည်း ပင်နယ်တီတစ်လုံးကို မသေချာတဲ့ ဖျက်ထုတ်မှုကနေ ခွင့်ပြုလိုက်ပါသေးတယ်။ ဒါတွေက နိုင်ပွဲရဖို့အတွက် ပြင်ဆင်ရမယ့် အချက်တွေ ဖြစ်ပြီး ချဲလ်ဆီးတိုက်စစ်ညံ့ခဲ့လို့သာ သူတို့ ကံကောင်းခဲ့တာပါ။

ဘောက်ဆင်ဒေး + အိမ်ကွင်း= ပွဲတော် – အာဆင်နယ်အသင်းအတွက်တော့ ဘောက်ဆင်ဒေးမှာ အိမ်ကွင်းကစားရတယ်ဆိုတာ ပွဲတော်တစ်ခုပါပဲ။ သူတို့အနေနဲ့ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကစားရတဲ့ ပွဲတိုင်းကို သုံးမှတ်အပြည့် ရယူနိုင်ခဲ့တာဖြစ်ပြီး ရလဒ်တွေ ဆိုးရွားနေချိန်မှာတောင် ချဲလ်ဆီးအသင်းကို အနိုင်ယူသွားနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္တို႔ Gravity ျပင္ပကို ေရာက္ရွိခ်ိန္ – အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ရလဒ္ဆိုးေတြရဲ႕ ဆြဲငင္အားကို ဆန႔္က်င္႐ုန္းထြက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဓိကအားျဖင့္ေတာ့ အသင္းမွာ ပုံေသလမ္းဆုံးေနၿပီး အလုပ္မျဖစ္တဲ့ Deadwood ေတြေနရာမွာ လူငယ္ေသြးသစ္ေတြကို သုံးစြဲခဲ့ၿပီး ပိုမိုအင္အားႀကီးတဲ့ ၿပိဳင္ဘက္ ခ်ဲလ္ဆီးကို အလဲထိုးသြားႏိုင္ခဲ့တာပါ။

စိန္ေခၚသူလား… မဟုတ္ေသးဘူး – ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ကို စိန္ေခၚႏိုင္သူလားလို႔ ေမးရင္ေတာ့ မဟုတ္ေသးဘူးလို႔ပဲ ေျဖရမွာျဖစ္ၿပီး မိုင္ေတြ ကြာေဝးေနေသးတယ္လို႔ပဲ ေျပာရမွာပါ။ နည္းျပ ဖရန႔္ လမ္းပတ္ရဲ႕ အေတြးအေခၚေတြက ပရိသတ္ေတြ လက္ခံႏိုင္ဖို႔ ခက္ခဲေနၿပီး ဒုတိယပိုင္းမွာ ေစာေစာစီးစီး လူစားလဲမႈေတြကလည္း ပရိသတ္မႀကိဳက္တဲ့ ပုံစံေတြပဲျဖစ္ခဲ့သလို အသင္းကို ခ်န္ပီယံဆုယူေပးခဲ့တဲ့ ေမာ္ရင္ညိဳ၊ ကြန္တီတို႔နဲ႔ေတာ့ ဘာမွမဆိုင္ေသးတာလည္းျဖစ္ပါတယ္။

ကေလးေတြနဲ႔ေတာ့ ဘာမွျဖစ္လာမွာ မဟုတ္ဘူးဆိုတာ – ဒီစကားကို ဆာအဲလက္စ္ ဖာဂူဆန္လက္ထက္က မန္ခ်က္စတာယူႏိုက္တက္ကို ေဝဖန္မႈမွာ စတင္ၾကားဖူးခဲ့တာပါ။ ဒီလူငယ္ေတြျဖစ္တဲ့ Class of 92 ဘာလုပ္သြားခဲ့တယ္ဆိုတာ အားလုံးသိပါတယ္။ လက္ရွိ အာဆင္နယ္အသင္းမွာလည္း ဒီလိုမ်ိဳး လူငယ္ေတြက လုပ္ျပႏိုင္မလားဆိုတာ ခ်ဲလ္ဆီးအသင္းအေပၚ ႏိုင္ပြဲက ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြ သန္းေစခဲ့ပါတယ္။

၁၀ ပြဲဆက္ မွတ္တမ္းဆိုးနဲ႔ တီမို – နည္းျပ ဖရန႔္ လမ္းပတ္ရဲ႕ ေနရာခ်ထားမႈအရ သူ႔ရဲ႕ စိတ္ႀကိဳက္ပုံစံ ကစားခြင့္မရွိဘဲ ေတာင္ပံလိုလို တိုက္စစ္လိုလိုျဖစ္ေနတဲ့ ဂ်ာမန္လက္ေ႐ြးစင္ကေတာ့ ဒီေန႔ပြဲမွာ ၁၀ ပြဲဆက္ ဂိုးေပါက္ေပ်ာက္တဲ့ မွတ္တမ္းဆိုးကို ပိုင္ဆိုင္သြားခဲ့ပါတယ္။ တီမို ဗာနာရဲ႕ ကစားသမားဘဝမွာ ဒါက အဆိုး႐ြားဆုံးေတာ့ မဟုတ္ေသးဘဲ စတုဂတ္နဲ႔ RB လိုက္ပ္ဇစ္အသင္းေတြမွာ ဒီထက္ဆိုးတဲ့ ၁၂ ပြဲဆက္မွတ္တမ္းကို ပိုင္ဆိုင္ဖူးတာေၾကာင့္ ဒါကို စံခ်ိန္မခ်ိဳးဖို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

အူဘာမီယန္း အရန္ခုံထိုင္ေပမယ့္ အလုပ္ျဖစ္ဆဲ – အာဆင္နယ္နည္းျပ အာတီတာကေတာ့ ေျခသလုံးဒဏ္ရာရွိေနတယ္ဆိုတဲ့ အူဘာမီယန္းကို အရန္ခုံထိုင္ခိုင္းၿပီး မာတီနယ္လီကို ရဲရဲဝံ့ဝံ့ ပြဲထုတ္လာခဲ့ပါတယ္။ ဆာကာကို ညာျခမ္းမွာ ထားခဲ့တာက ပိုမိုထိေရာက္ၿပီး ဂါဘြန္သား မပါေပမယ့္လည္း လူငယ္ေတြက ဂိုးေပါက္ေတြကို အလြယ္တကူ ရွာေဖြေပးခဲ့ရာမွာ ဝါရင့္ေတြျဖစ္တဲ့ ခ်ာကာနဲ႔ လာကာဇက္တို႔က သြင္းယူခဲ့ၾက႐ုံပါပဲ။

ဖိအားဒဏ္ခံႏိုင္ဖို႔ ႀကိဳးစားရဦးမယ့္ အာဆင္နယ္ခံစစ္ – အာဆင္နယ္ခံစစ္ကေတာ့ ဒီေန႔ပြဲမွာ ဟုတ္သလိုလို ရွိခဲ့ေပမယ့္ ဒုတိယပိုင္း ပြဲၿပီးခါနီး အခ်ိန္ေတြမွာ ကြင္းလယ္အားေလ်ာ့ခ်ိန္နဲ႔ ခ်ဲလ္ဆီးဘက္က ဖိတိုက္ခ်ိန္ေတြမွာ ပ်က္ျပားခဲ့ၿပီး ေအဘရာဟမ္ရဲ႕ ဂိုးမွာ စုစည္းမႈ အားနည္းခဲ့သလို ပါဘလို မာရီကလည္း ပင္နယ္တီတစ္လုံးကို မေသခ်ာတဲ့ ဖ်က္ထုတ္မႈကေန ခြင့္ျပဳလိုက္ပါေသးတယ္။ ဒါေတြက ႏိုင္ပြဲရဖို႔အတြက္ ျပင္ဆင္ရမယ့္ အခ်က္ေတြ ျဖစ္ၿပီး ခ်ဲလ္ဆီးတိုက္စစ္ညံ့ခဲ့လို႔သာ သူတို႔ ကံေကာင္းခဲ့တာပါ။

ေဘာက္ဆင္ေဒး + အိမ္ကြင္း= ပြဲေတာ္ – အာဆင္နယ္အသင္းအတြက္ေတာ့ ေဘာက္ဆင္ေဒးမွာ အိမ္ကြင္းကစားရတယ္ဆိုတာ ပြဲေတာ္တစ္ခုပါပဲ။ သူတို႔အေနနဲ႔ ေနာက္ဆုံး ၁၀ ပြဲဆက္တိုက္ ဒီဇင္ဘာ ၂၆ ရက္ေန႔မွာ ကစားရတဲ့ ပြဲတိုင္းကို သုံးမွတ္အျပည့္ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ရလဒ္ေတြ ဆိုး႐ြားေနခ်ိန္မွာေတာင္ ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူသြားႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.