Premier League

27 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဘရူနိုဖာနန်ဒက်စ်က လက်စတာစီးတီးနဲ့သရေကျခဲ့ပြီးနောက် အဝတ်လဲခန်းထဲကို မပျော်မရွှင်နဲ့ ပြန်လာခဲ့ချိန်မှာ အားလုံးက စိတ်ပျက်နေပြီး ပိုကောင်းအောင်လုပ်ခဲ့ရမှာလို့ ပြောနေကြတဲ့အတွက် ပျော်ရွှင်သွားခဲ့ကြောင်း ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ဟာ အက်သလက်တီကိုနောက်ခံကစားသမား ထရစ်ပီယာကို ခေါ်ယူဖို့အတွက် ဆွေးနွေးခဲ့ပေမယ့် မကြာသေးမီက ၁၀ ပတ် ဘောလုံးကစားခွင့်ပိတ်ခံလိုက်ရတာက ဇန်နဝါရီအပြောင်းအရွှေ့ဖြစ်နိုင်ခြေကို တုံ့ဆိုင်းစေခဲ့တယ်လို့ ဒေးဗစ်အော်စတိန်းက ပြောကြားခဲ့။


-ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်ဟာ ယူနိုက်တက်တောင်ပံကြယ်ပွင့် ဒန်နီရယ်ဂျိမ်းစ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး တန်းမဆင်းရရေးတိုက်ပွဲအတွက် အရှိန်တိုးမြှင့်ချင်နေတယ်လို့ Daily Star က ဖော်ပြခဲ့။


-ဒန်နီမာဖီက လက်စတာစီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ ဟက်ထရစ်ရခဲ့သင့်တယ်လို့ ပြောကြားခဲ့ပြီး ယူနိုက်တက်ကစားသမားဘဝ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်စေမယ့် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သူဖြစ်။


-ဘရူနိုဖာနန်ဒက်စ်ဟာ ဘလွန်းဒီအော် ၅ ဆုရှင် ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပြီး လက်စတာစီးတီးနဲ့ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ကိန်းဂဏန်း ၂ လုံးအထိရောက်ရှိလာတဲ့ ပထမဆုံးပေါ်တူဂီကစားသမားဖြစ်လာခဲ့ပြီဖြစ်။


-မားကို့စ်ရိုဟိုဟာ ဘိုကာဂျူနီယာအသင်းကို ပေါင် ၃ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ Manchester Evening News က ဖော်ပြခဲ့။


-ယူနိုက်တက်ဂန္တဝင်ကစားသမား ပေါလ်စခိုးလ်က လက်စတာစီးတီးနဲ့ပွဲစဉ်မှာ ပေါ့ဂ်ဘာ၊ ကာဗာနီ၊ ဂရင်းဝုဒ်နဲ့ ဗန်ဒီဘိခ်တို့အားလုံးကို အရန်ခုံမှာ ထိုင်ခိုင်းထားတဲ့အတွက် စိတ်ပျက်ခဲ့ပြီး အကောင်းဆုံးကစားသမားတွေကို အရန်ခုံမှာထားပြီး ဆုဖလားရယူဖို့ ကြိုးပမ်းလို့မရနိုင်ဘူးလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက လက်စတာနဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း အချို့အချိန်တွေမှာ ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးတိုင်း ဆံပင်တွေတောင် ကျွတ်သွားနိုင်တယ််လို့ ဟာသဖောက်ခဲ့။


-မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား လင်ဒီလော့ဖ်ဟာ လက်စတာစီးတီးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ကျောဒဏ်ရာနဲ့ ကစားနေခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၆၆ မိနစ်မှာ အိတ်ဇယ်လ် တွမ်ဇီဘီနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ဘ႐ူနိုဖာနန္ဒက္စ္က လက္စတာစီးတီးနဲ႔သေရက်ခဲ့ၿပီးေနာက္ အဝတ္လဲခန္းထဲကို မေပ်ာ္မရႊင္နဲ႔ ျပန္လာခဲ့ခ်ိန္မွာ အားလုံးက စိတ္ပ်က္ေနၿပီး ပိုေကာင္းေအာင္လုပ္ခဲ့ရမွာလို႔ ေျပာေနၾကတဲ့အတြက္ ေပ်ာ္ရႊင္သြားခဲ့ေၾကာင္း ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဟာ အက္သလက္တီကိုေနာက္ခံကစားသမား ထရစ္ပီယာကို ေခၚယူဖို႔အတြက္ ေဆြးေႏြးခဲ့ေပမယ့္ မၾကာေသးမီက ၁၀ ပတ္ ေဘာလုံးကစားခြင့္ပိတ္ခံလိုက္ရတာက ဇန္နဝါရီအေျပာင္းအေရႊ႕ျဖစ္နိုင္ေျခကို တုံ႔ဆိုင္းေစခဲ့တယ္လို႔ ေဒးဗစ္ေအာ္စတိန္းက ေျပာၾကားခဲ့။


-ဝက္စ္ဘရြန္းနည္းၿပ ဆမ္အလာဒိုက္စ္ဟာ ယူနိုက္တက္ေတာင္ပံၾကယ္ပြင့္ ဒန္နီရယ္ဂ်ိမ္းစ္ကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အငွားနဲ႔ ေခၚယူနိုင္ဖို႔ ေမၽွာ္လင့္ေနၿပီး တန္းမဆင္းရေရးတိုက္ပြဲအတြက္ အရွိန္တိုးျမႇင့္ခ်င္ေနတယ္လို႔ Daily Star က ေဖာ္ျပခဲ့။


-ဒန္နီမာဖီက လက္စတာစီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ မားကပ္စ္ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဟက္ထရစ္ရခဲ့သင့္တယ္လို႔ ေျပာၾကားခဲ့ၿပီး ယူနိုက္တက္ကစားသမားဘဝ ပရီးမီးယားလိဂ္သြင္းဂိုး ၅၀ ျပည့္ေျမာက္ေစမယ့္ အဖြင့္ဂိုးကို သြင္းယူနိုင္ခဲ့သူျဖစ္။


-ဘ႐ူနိုဖာနန္ဒက္စ္ဟာ ဘလြန္းဒီေအာ္ ၅ ဆုရွင္ ေရာ္နယ္ဒိုရဲ့စံခ်ိန္ကို လိုက္မီခဲ့ၿပီျဖစ္ၿပီး လက္စတာစီးတီးနဲ႔ပြဲမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္နိုင္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ကိန္းဂဏန္း ၂ လုံးအထိေရာက္ရွိလာတဲ့ ပထမဆုံးေပၚတူဂီကစားသမားျဖစ္လာခဲ့ၿပီျဖစ္။


-မားကို႔စ္ရိုဟိုဟာ ဘိုကာဂ်ဴနီယာအသင္းကို ေပါင္ ၃ သန္းဝန္းက်င္နဲ႔ ေျပာင္းေရႊ႕ဖြယ္ရွိေနတယ္လို႔ Manchester Evening News က ေဖာ္ျပခဲ့။


-ယူနိုက္တက္ဂႏၲဝင္ကစားသမား ေပါလ္စခိုးလ္က လက္စတာစီးတီးနဲ႔ပြဲစဥ္မွာ ေပါ့ဂ္ဘာ၊ ကာဗာနီ၊ ဂရင္းဝုဒ္နဲ႔ ဗန္ဒီဘိခ္တို႔အားလုံးကို အရန္ခုံမွာ ထိုင္ခိုင္းထားတဲ့အတြက္ စိတ္ပ်က္ခဲ့ၿပီး အေကာင္းဆုံးကစားသမားေတြကို အရန္ခုံမွာထားၿပီး ဆုဖလားရယူဖို႔ ႀကိဳးပမ္းလို႔မရနိုင္ဘူးလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက လက္စတာနဲ႔ တဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း အခ်ိဳ႕အခ်ိန္ေတြမွာ ဖာနန္ဒက္စ္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးတိုင္း ဆံပင္ေတြေတာင္ ကၽြတ္သြားနိုင္တယ္္လို႔ ဟာသေဖာက္ခဲ့။


-မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား လင္ဒီေလာ့ဖ္ဟာ လက္စတာစီးတီးနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ေက်ာဒဏ္ရာနဲ႔ ကစားေနခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး ၆၆ မိနစ္မွာ အိတ္ဇယ္လ္ တြမ္ဇီဘီနဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရသူျဖစ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.